Hi, what are you looking for?
အာဏာသိမ်းစစ်ကောင်စီပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲသည် စစ်အာဏာသက်ဆိုးရှည်စေရေးကိုသာထည့်တွက်စဉ်းစား၍ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကိုအခြေမခံသည့် စစ်အာဏာရှင်ရွေးကောက်ပွဲစနစ်ဖြစ်၍ ပြင်းထန်စွာဆန့်ကျင်ကြောင်း လယ်ဒို(ကျောက်ကြီး) ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(KRC)က ဩဂုတ် ၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။
အာဏာသိမ်းစစ်အုပ်စုကအမည်ပြောင်းတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ၆၃ မြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြေညာတာ၊တော်လှန်ရေးတပ်တွေကို အကြမ်းဖက်သောင်းကျန်းသူတွေလို့သမုဒ်ပြီးရက် ၉၀ အတွင်းချုပ်ငြိမ်အောင်လုပ်မယ်ပြောတာ ၊ရွေးကောက်ပွဲလုပ် ထွက်ပေါက်ရှာဖို့ပြင်ဆင်နေတာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ဘယ်လိုတုံ့ပြန်မလဲ ၊စစ်အုပ်စုကို အလဲထိုးနိုင်ဖို့ ဘာကအရေးကြီဆုံးလဲဆိုတာတွေကို တော်လှန်ရေးအဖွဲ့တွေကို People's Sprng ကမေးမြန်းခဲ့ပါတယ်။