Connect with us

Hi, what are you looking for?

သတင်း

ပြည်လုံးကျွတ်အသံတိတ်သပိတ်မှာ ပါဝင်ဖို့ စစ်ကိုင်းတိုင်းက ပြည်သူတွေ တိုက်တွန်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီဇင်ဘာ ၁၀ရက်မှာ ပြုလုပ်မယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြည်လုံးကျွတ်အသံတိတ်သပိတ်မှာ ပါဝင်ဖို့ ဒီကနေ့ (ဒီဇင်ဘာ ၈) မှာ တိုက်တွန်းလှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ - ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ GSCB

ဒီဇင်ဘာ ၈၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီဇင်ဘာ ၁၀ရက်မှာ ပြုလုပ်မယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြည်လုံးကျွတ်အသံတိတ်သပိတ်မှာ ပါဝင်ဖို့ ဒီကနေ့ (ဒီဇင်ဘာ ၈) မှာ တိုက်တွန်းလှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။

ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီ အနေက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လူထုအားနဲ့ ဆန့်ကျင်ကြဖို့နဲ့ အသံတိတ်သပိတ်မှာ ပြည်သူတွေ ပါဝင်ကြဖို့အတွက် ဟောပြောပွဲ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ်မှာလည်း ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ “အသံတိတ်သပိတ်” အားပါဝင်ရန် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၀ရက်နေ့ (အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့)မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျေးလက်၊မြို့ပြမကျန် “အသံတိတ်သပိတ်” မှာ ပါဝင်ဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း သွေးမအေးတဲ့ရွှေနွယ်သွေး လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီမှ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြပြီး ဒီဇင်ဘာလ (၁၀) ရက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်သွားကြမယ့် အသံတိတ်သပိတ်မှာလည်းပါဝင်ပေးကြဖို့ ပြည်သူလူထုအားလှုံ့ဆော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ