Connect with us

Hi, what are you looking for?

သတင်း

ဂျာမနီ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြ

ဂျာမနီ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီဇင်ဘာ ၈ရက်မှာ ​ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဓာတ်ပုံ - CJ

ဒီဇင်ဘာ ၈၊၂၀၂၅။ သုည/People’s Spring

ဂျာမနီ၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဒီဇင်ဘာ ၈ရက်မှာ ​ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဂျာမနီနိုင်ငံရောက် မြန်မာတွေဟာ GSM e.V. နဲ့ ပူးပေါင်းပြီး ဘာလင်မြို့က စစ်ကောင်စီ သံရုံးရှေ့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်မှာ စတင်မယ့် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို မြန်မာပြည်တွင်းမှာရော နိုင်ငံတကာရောက် မြန်မာတွေကပါ ဆန့်ကျင် ကန့်ကွက်နေကြပြီး ကမ္ဘာ့နိုင်ငံအချို့ကလည်း အတုအယောင်ရွေးကောက်ပွဲအဖြစ် သတ်မှတ်ထားကြပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်ကို မြို့တော်ခန်းမရှေ့မှာ Free Burma Action Committee-Northern California က ဦးဆောင်ပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်ချေမှုန်းကြ၊ ငုံ့မခံနဲ့ တုံ့ပြန်ကြဟေ့ ခေါင်းစဉ်နဲ့ ဆန္ဒပြခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကနေ မန္တလေးမြေပြင်လူထုသပိတ်ကို ထောက်ခံကြိုဆိုခဲ့ပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးနဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်မှာလည်း ပြည်သူလူထုအပေါင်း အန္တရာယ်ကင်းနိုင်သမျှကင်းအောင် ရှောင်လွှဲပြီး တိုက်ပွဲဝင်သွားဖို့ကိုလည်း နှိုးဆော်ခဲ့ပါတယ်။

ဂျပန်နိုင်ငံတိုကျိုမြို့ရှိ မြန်မာတွေကလည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ချီတက်ဆန္ဒဖော်ထုတ်ပွဲမှာ သွားရောက်ပူးပေါင်းပြီး စစ်တပ်ရဲ့ ရွေးကောက်ပွဲအား ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံနေရသော မြန်မာပြည်သူများလွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြုခဲ့ပါတယ်။

ဆက်စပ်သတင်းများ