Hi, what are you looking for?
သြဂုတ် ၃၊၂၀၂၅။ သုည/People’s Spring ယူအေအီး နှင့် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာများစုပေါင်း၍မကြာခင်ရောက်လာတော့မည့်(၃၇)နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ရှစ်လေးလုံး ထီးသပိတ်ကို ယနေ့ ပြုလုပ်ခဲ့သည်။ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ အထင်ကရနေရာများတွင် ယူအေအီးနိုင်ငံရောက်မြန်မာနိုင်ငံသားများ စုပေါင်းပါဝင်ကာ (၈) သင်္ကေတရိုက်နှပ်ထားသည့် ထီးများကိုင်ဆောင်ပြီး ကမ္ဘာလုံးဆိုင်ရာ...
◼️မောင်သုည (ရှပ်ပုံသားလေး) စိတ်လိုလက်ရ ထွက်ပေါက်မှန်သမျှလူငယ်ပီပီ လေလွင့်ခဲ့တယ်။ မိသားစုဆိုတာသူတို့အတွက် ဒူးနဲ့မျက်ရည်။ နိုင်ငံအရေးဆိုတာဖြူသလား ၊ မည်းသလား သူ့တို့မသိဘူး၊နိုင်ငံ့တာဝန်ထမ်းဖို့ဆိုတာ ဝေးသေး။ ဒီတိုင်းပြည် ဒီလူမျိုးကို မိမိချစ်တတ်ဖို့မပြောနဲ့ဘဝနဲ့ရင်းပြီးသေမင်းနဲ့စစ်ခင်းမွေးခဲ့တဲ့အမေကိုတောင်ကျေးဇူးတုံ့ပြန့် ချစ်ရမှန်းမသိတဲ့အကောင်တွေ။ အဲသလောက်ထိ လုလင်လေးတွေဟာဆိုးခဲ့ မိုက်ခဲ့ ရူးခဲ့ကြတယ်။ ဒါပေမယ့် သွေးဖောက်ပြီးကျိန်ရဲသတဲ့ဘယ်သူအပေါ်မှာမှ သူတို့မယုတ်မာခဲ့ဘူးတဲ့။ ”အာဏာသိမ်းလိုက်ပြီ”ဆိုတဲ့စကားကိုကြားတော့ညဥ့်သန်ခေါင်ယံမှာ...
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂ ခေါင်းဆောင်များထံသို့ အစီရင်ခံစာပေးပို့ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီတပ်၏ ပြည်သူများအပေါ် စစ်ရာဝတ်မှု ဆက်လက်ကျူးလွန်နေသည့် လုပ်ရပ်များကို တင်ပြခဲ့သည်။