Connect with us

Hi, what are you looking for?

ကဗျာ

■ ​နေကြာ (၁)မောင်ရေ…တော်လှန်ရေးသမားတယောက်ရဲ့ခြေထောက်တွေက အသုံးမဝင်ဘူးလို့ဘယ်သူပြောရဲလဲ။အဲ့ဒီခြေထောက်တွေကြောင့်ပဲမောင်ဟာမီးခိုးတွေကြားကနေ အသက်ရှင်ထွက်လာခဲ့တာ။ရွာပျက်တွေကို ဖြတ်ခဲ့တာ။လူတချို့ရဲ့ မျှော်လင့်ချက်ကိုပခုံးပေါ်တင်ပြီး လမ်းလျှောက်ခဲ့တာ။မောင့်ခြေထောက်တွေဟာအိမ်ပြန်လမ်းကို မေ့မထားတဲ့သစ္စာရှိတဲ့ မြစ်နှစ်စင်းလိုပါပဲ။ (၂)မောင်ကစိတ်ညစ်စရာရှိတိုင်းမမနီကို တိုင်ပင်ချင်တယ်ဆိုတော့မမနီလည်း ဒီလိုပါပဲ မောင်။ညဘက်တွေမှာဖုန်းသံလေးတချက်ကို စောင့်ရင်း“ဒီနေ့ သူအဆင်ပြေရဲ့လား” ဆိုတဲ့စိတ်ပူမှုနဲ့ အသက်ရှူနေရတာ။မောင်တို့ခေတ်ကအချစ်တောင် လုံခြုံစွာချစ်ခွင့်မရှိတဲ့ခေတ်မလား။ဒါပေမယ့်မောင်အသက်ရှင်နေသရွေ့မမနီရဲ့ နှလုံးသားထဲမှာအိမ်တလုံးစာ နွေးထွေးမှုတော့အမြဲရှိနေမယ်။ (၃)မောင်ရေ…တနေ့နေ့တော့မှတ်ပုံတင်အစစ်တွေ ပြန်ကိုင်ရမယ့်နေ့လာမယ်။သေနတ်သံတွေ ငြိမ်သွားမယ်။ညမထွက်ရအမိန့်တွေ...

ကဗျာ

မောင်တင်သစ် လည်တိုင်ရှည်ရှည် ဗျိုင်းဖြူတွေ ပြန်လာကြပြီတမိုးလုံးပျောက်နေတဲ့ ကောင်တွေရွှံ့ပေနေတဲ့ ကျွဲတကောင်ကို အဖော်ပြုဖို့မြစိမ်းကမ္ဗလာပေါ်နေရောင်အောက်မှာ ကခုန်ဖို့သူတို့ ပြန်လာကြပြီ။ ။ ၂၀၂၆ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်တင်သစ်’​ ရေးဖွဲ့တဲ့ “ဗျိုင်းဖြူ​တွေ”ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call –...

ကဗျာ

■သီဟံ သူတို့ မမြင်ခဲ့တာ မဟုတ်ဘူး။မြင်ခဲ့တယ်။သိခဲ့တယ်။ အဲဒီလမ်းတွေပေါ်မှာစစ်သားမဟုတ်တဲ့၊လက်နက်မကိုင်တဲ့အရပ်သားပြည်သူတွေ၊ရှိနေတယ်ဆိုတာ သူတို့ သိခဲ့တယ်။ အဲဒီဈေးတန်းထဲမှာ –အိမ်ရှင်မတွေ၊ ဈေးသည်တွေ၊ ဈေးဝယ်သူတွေဟာလက်ထဲမှာ ဈေးခြင်းတောင်းတွေ၊ရင်ထဲမှာ မိသားစုဝမ်းစာအတွက် စိုးရိမ်မှုတွေနဲ့၊စစ်ပွဲရဲ့အရိပ်မဲအောက်မှာရှင်သန်ဖို့ ရုန်းကန်နေကြတယ်ဆိုတာသူတို့ သိခဲ့တယ်။ ဆေးရုံထဲမှာ –လက်နက်မကိုင်တဲ့ လက်တွေ၊တိုက်ခိုက်ဖို့ မဟုတ်ဘဲအသက်ရှင်ဖို့ ကြိုးစားနေတဲ့ လူမမာတွေသာရှိနေတယ်ဆိုတာလည်းသူတို့ သိခဲ့တယ်။ စစ်ရှောင်စခန်းမှာ...

ကဗျာ

နေမိုးဝေး – ရေဆင်း မင်းတို့မှာ ဆိုစရာဆိုလို့ခွန်အားဖြည့်မိငယ်၊ သွေးသစ္စာ၊ ဆယ်လ်မွန်ငါးတို့အပြန်၊ အမေ့အိမ်၊ အဖေ၊ မိုးခါးရေနဲ့ ရောင်နီသာရှိသလားညတိုင်းကြားပေမယ့်ငါလည်းမရိုးအီနိုင်ပါဘူးလေဆိုချိန်တန်လို့မကြားရင်နားတစွင့်စွင့်၊ မျှော်တလင့်လင့်အိပ်ယာဝင်ဖို့ခက်ပေါ့။ တော်လှန်ညများရဲ့ခါးသက်မှုတွေအကြောင်းပြန်ပြောင်းပြောဆိုခွင့်ဟာရှင်ကျန်ခဲ့သူတို့မှာသာရှိမယ်ငါပြောခွင့်ရှိချင်မှရှိမယ်မင်းပြောခွင့်ရှိချင်မှရှိမယ်ဒီအရပ်မှာ အသက်ဟာဖြစ်ဖို့ခက်ပေမယ့်ပျက်ဖို့ လွယ်လွန်းတယ်။ မင်းရှင်ကျန်ခဲ့သော်ငါမကောင်းကြောင်းတော့ပြောချင်မှာမဟုတ်ငါရှင်ကျန်ခဲ့သော်မင်းမကောင်းကြောင်းတော့မပြောချင်ဒီတော့ပြောချင်၊ နှမြောချင်၊ လွမ်းချင်အောင်တော့နေကြရအောင်လေ။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘နေမိုးဝေး –...

ကဗျာ

လရောင်လွှမ်း လူငယ်ဆိုတာ ဘယ်​တော့မှ လက်မမြှောက်ဘူး ဆယ်ခါ​ပြန် သေချင်သေ ဘဝက သွေးသံရဲရဲဖြစ်နေစေဦးတော့

ကဗျာ

ပန်းတော်ဆက် သွားသတိ လာသတိ စားသတိ…အိပ်လည်း သတိနဲ့.. အပ္ပမာဒ တရား မှာ ဘဝတွေခါးလိုက်ပုံများကွယ်… ဒီနှစ်တွေမှာ ကိုယ်လည်းဘဲ ကိုယ့် ကို ကိုယ် မကြာခဏ ပြန်စမ်းစမ်း ကြည့်.. လွမ်းမိတယ်…. နေ့မြင် ညပျောက် ဘဝများ ဘယ်တော့များ တံခါးခေါက်သံကြားမလဲ… ကျောပိုးအိတ်...

ကဗျာ

ယောနသံ ရဲဘော်လေးရဲ့အလောင်း မြေချအပြီး ဘုန်းတော်ကြီးက ပြောတယ် “စစ်ပွဲတွေဖြစ်ရင် … ယောက်ျားတွေက သေစေနိုင်မယ့် ရွေးချယ်မူတွေကိုပြုကြပြီး မိန်းမတွေကတော့ အသက်ရှင်သန်ဖို့ နည်းလမ်းတွေကိုပဲ တွေးပူကြသတဲ့”။ လမ်းဘေးမှာ မူးလဲ‌နေတဲ့ အမူးသမားတစ်ယောက်က ပြောတယ် “စစ်ပွဲတွေ ပြီးသွားရင်… ယောက်ျား‌တွေအတွက် ကဗျာတွေ ကျန်ရစ်ခဲ့ပြီး အမျိုးသမီးတွေအတွက်တော့...

ကဗျာ

■ Anonymous အိမ်ကောင်းကောင်းနေဖို့ရယ် မိန်းမများများရဖို့ရယ် ဟင်းကောင်းကောင်းနဲ့ စားဖို့အတွက်ပဲ ဘာသာရေးကို ကိုးကွယ်ကြတာလား ဖေဖေ ၂၁ ရာစု ၂၁ နှစ်မြောက်ရဲ့ နေ့တနေ့မှာ ငါ့သားက ငါ့ကိုမေးတယ် ဒါဟာ လူပြိန်းတွေအတွက်တော့ ဟုတ်သဟ လူယုတ်တွေကတော့ ဘာသာရေးဟာ ခေတ်ကိုပြောင်းအောင် ခေါင်းကိုပစ်တာပါပဲကွာ ။...

ကဗျာ

ရာမွန် အချစ်ထက် အစစ်လိုတယ်လို့ အော်နေတဲ့ ခေတ်မှာ ကိုယ်က ငူငူကြီးရပ်နေမိတယ် ကိုယ်တို့က မရေရာဘူး မြူတွေထဲကနေ အသက်ကို ငင်ရတယ် သားနှစ်ယောက် ထောင်ဝင်စာပို့ရလို့ ဆန်ကွဲနဲ့စားနေရတဲ့ အန်တီကြီးရှိတဲ့ခေတ်မှာမှ ကိုယ်တို့က ချစ်မိတယ် တယောက်တည်း မဟုတ်ဘူး ဘေးပါတ်ပါတ်လည်ကိုကြည့်လိုက် လူတွေဟာ စူးတွေပဲ အချစ်...

ကဗျာ

သင့်သူ ဗုဒ္ဓကို မီးလောင်ပြင်မှာ ငါတွေ့ခဲ့တယ်။ ဗုဒ္ဓဟာ ကြောင့်ကျတော်မူနေတယ်။ ဗုဒ္ဓဟာ ဆင်းရဲတော်မူနေတယ်။ အမြိုက်ဆေးကို ငါရှာမတွေ့ ဗုဒ္ဓကိုတော့ မီးလောင်ပြင်မှာတွေ့ခဲ့တယ်။ ဗုဒ္ဓအရှေ့ဒူးတုတ်ဝတ်တွား ဘုရားတပည့်တော်တို့ဘာမှားခဲ့သလဲဘုရားလို့ လျှောက်ကြည့်တော့။ ဗုဒ္ဓဟာ ဆိတ်ဆိတ်နေတော်မူတယ်။ ငါဟာအလိုမကျ နောက်‌တစ်နေရာ မှာ နောက်ထပ်ဗုဒ္ဓ တပါးကို‌ တွေ့လိုတွေ့ငြား ငါထထွက်ခဲ့တယ်။...

ကဗျာ

SWN ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက် ဘာကျန်ခဲ့ပါသလဲ။ မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့ ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။ ကျနော် မြန်မာပါခင်မျာ . . . နေစရာနေရာလည်း မရှိ၊ စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက် ကျွေးကြပါ၊ ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာ ထမင်းလေးရေလေး ပေးသနားကြပါခမျာ...

ကဗျာ

Jo ကြားချင်ပါ့မလားမသိပေမယ့် ရန်ကုန်အကြောင်းငါပြောပြမယ်။ မြက်ရိုင်းတွေထူလာတယ် တောကြောင်တွေပေါလာတယ် နေဝင်စောတဲ့ဆောင်းရာသီမှာ မမှောင်ခင်အိမ်ပြန်ရောက်မှ စိတ်တွေဟာတပူငြိမ်းတယ်။ ရန်ကင်းပန်းခြံထဲ ဂီတာထိုင်တီးတဲ့သူတွေမရှိတော့ဘူး လှည်းတန်းဂုံးတံတားအောက် စကိတ်မစီးကြတော့ဘူး နေ့မှာမျက်နှာသေတွေနဲ့ ပြေးလွှားနေကြရတဲ့သူတွေက ညရိပ်သန်းတာနဲ့ အမှောင်ကြောက်တဲ့ဇွန်ဘီတွေလိုပဲအလျှိုလျှိုပျောက်သွားလိုက်ကြတာ မြို့တော်ဟာ တိတ်ဆိတ်ခြောက်ကပ်လို့။ အဆိုးဆုံးအပိုင်းက သူငယ်ချင်းတွေထွက်သွားကြတာပဲ တချို့က လေယာဉ်ပျံကြီးစီးလို့ တချို့က ကူးတို့ခ...

ကဗျာ

မင်းအိမ်ပြန်ချင်တာ ငါ ကိုယ်ချင်းစာပါတယ် ဧရာမ တောင်တန်းကြီးတွေတောင် ဝန်ရိုးစွန်းက သူ့အိမ်ရာဆီ တနှစ်တခါ ပြန်ကြတယ် ငါကြားဖူးတယ် သူအိမ်ပြန်ရင် ငလျင် တော်လည်းသံ ငါတို့ ကြားရမယ် အိမ်ပြန်ဖို့ သူဘယ်လောက် မွတ်သိပ် နေသလဲ ကိုယ်ချင်းစာရတယ် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့ အိမ်ပြန်ချင်စိတ်ဟာ သဘာဝပဲ...

ကဗျာ

ခွန်းနီ လူ့ဘဝဆိုတာရခဲတယ်ငါ့မြေးရဲ့ အဖွားရဲ့လက်သုံးစကားပဲ… ငယ်ငယ်တုံးကအမြဲနားယဥ်တဲ့စကား အခုရက်ပိုင်းတွေအဖွားကိုသတိရတယ် ဟုတ်ပါတယ်ကျွန်တော်မေ့နေလို့ပါ အဖွားမရှိတော့တာနှစ်ပေါင်းမနည်းတော့ အဖွားအဆုံးအမတွေနားထဲပြန်ပြန်ကြားနေရတယ် လူ့ပြည်ကအပ်တစ်စင်းနဲ့မိုးပေါ်ကအပ်တစ်စင်း ဒီအပ်နှစ်စင်းအပ်ဖျားချင်းထိမှ လူ့ဘဝဆိုတာရတတ်တာတဲ့ အတော်ခက်တဲ့ကိစ္စပဲပေါ့… အခုချိန်မှာအဖွားနဲ့ဒီအကြောင်းဆွေးနွေးချင်တယ် အဖွားစကားကိုငြင်းချက်ထုတ်ချင်တယ် တချို့တချို့များတော့လူ့အသက်တွေ လူ့ဘဝတွေ၊လူ့အိမ်မက်တွေကို ကြက်ကလေး၊ငှက်ကလေးများလို သတ်လိုက်ဖြတ်လိုက်နဲ့အဖွားရေ လွယ်လင့်တကူပါပဲလား…. အဖွားမလွယ်တဲ့ကိစ္စကိုသူတို့ဟာ လွယ်လွယ်လေးနဲ့ဖျတ်စီးနေကြတယ် ကဲ…အဖွားဘာပြောမလဲ… အဖွားရှိရင်လဲဘာမှပြောနိူင်မှာမဟုတ်ဘူး အဖွားတို့ခေတ်ကခေတ်ပျက်ကြီး...

Facebook