Hi, what are you looking for?
မြောနေကြတာပဲ။ ရူးနေခဲ့တာပဲ။ ဘယ်သူ့ကိုမှအပြစ်တင်မရတော့တဲ့နောက်မှာ ကိုယ့်ကိုယ်တိုင်သာ အပြစ်တင်လိုက်ပါတော့တယ်။
လူခြေတိတ်ဆိတ် ငှက်ကလေးတွေ အိပ်ပျော်နေဆဲ။ အိမ်ရှေ့က ခရေပင်ထိပ်မှာ လခြမ်းကွေးကွေးလေး လာချိတ်ချိန်။ အဲဒီ လခြမ်းကွေးကွေးလေးကို မျက်နှာမူပြီး ကျနော် ခရီးစထွက်ခဲ့ပါသည်။ လရောင်ရဲ့ အလင်းပုဝါပါးအောက်မှာ ရိုးတိုးရိပ်တိပ် မြင်ရတဲ့ မပန်းဝါရဲ့ ပန်းခင်းလေးကို ခေတ္တ ငေးမိပါသေးသည်။ ကျနော် ခရီးထွက်ရပါဦးမည်။
ဒီကနေ့မှာပဲ “သေခြင်းရဲ့ရနံ့”ဆိုတဲ့ ဆရာငြိမ်းအေးအိမ်ရဲ့စာအုပ်တအုပ် ကျနော်ဖတ်ဖြစ်ခဲ့တယ်။ စာအုပ်ရဲ့ စာမျက်နှာတဝက်ကျော်လောက်ရောက်တော့ ကျနော် ဖေဖေ့ကို သတိရတော့တာပဲ။ အခုမှ သတိရတာလားလို့ မေးရင်တော့ ကျနော်မညာချင်ပါဘူး။ တိုက်ဆိုင်မှုတချို့နဲ့ တခါတလေကလွဲလို့ ဖေဖေ့ကို ကျနော်သတိမရတတ်ဘူး။ တနည်းအားဖြင့် သတိမရမိအောင်လည်း နေပါတယ်။