Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာမြေလွှာလှုပ်ရှားမှုထပ်ဖြစ်

ရန်ကုန်မြို့မှာဇွန်လ၂၄ရက်မနက် ၁၀နာရီ ၄ဝမိနစ်ခန့်နဲ့ ၁၀နာရီ ၅၅မိနစ်ခန့်မှာ ငလျင်လှုပ်သလို မြေလွှာလှုပ်ရှားမှုဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

(ရန်ကုန်မြို့လယ် တ​နေရာကို​ ၂၀၂၆ မတ်လကတွေ့ရစဥ်။ ။ဓါတ်ပုံ-CNA )

ဇွန်-၂၄၊၂၀၂၆။ဇော်ရန်း/People’s Spring

ရန်ကုန်မြို့မှာဇွန်လ၂၄ရက်မနက် ၁၀နာရီ ၄ဝမိနစ်ခန့်နဲ့ ၁၀နာရီ ၅၅မိနစ်ခန့်မှာ ငလျင်လှုပ်သလို မြေလွှာလှုပ်ရှားမှုဖြစ်ပေါ်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သာကေတ၊ သုဝဏ္ဏ၊ တာမွေနဲ့ မင်္ဂလာဒုံမြို့နယ်ကအထက်မြင့်အဆောက်အအုံတွေကနေ မြေလွှာလှုပ်ရှားမှုကိုခံစားလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

” ခြောက်ထပ်ရဲ့အပေါ် ဆုံးထပ်ကနေသိလိုက်တာ။တချက်တည်းပဲ။ငလျင်သတင်းလည်း အခုထိမတွေ့ရသေးဘူး”လို့ ဇွန် ၂၄ရက်မနက် ၁၀နာရီ ၄ဝမိနစ်ခန့်မှာ ခံစားလိုက်ရတဲ့ မြေလွှာလှုပ်ရှားမှုအပေါ်တာမွေမြို့နယ်မှာ နေထိုင်သူတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို​မြေလွှာလှုပ်ရှားပြီး ၁၅ မိနစ်ခန့်အကြာ မနက် ၁၀နာရီ ၅၅မိနစ်ခန့်မှာ နောက်တကြိမ်ထပ်မံလှုပ်ရှားခဲ့တယ်လို့ တာမွေမြို့နယ်မှာနေသူတစ်ဦးကပြောပါတယ်။

ငလျင်သတင်းတွေ ထုတ်ပြန်ပေးနေတဲ့ အမေရိကန်ဘူမိလေ့လာရေး အသင်း(USGS)၊ထိုင်းမိုးဇလဌာန(TMD)၊အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA) နဲ့ စစ်ကောင်စီရဲ့ မိုးဇလဌာနကလည်း ဒီနေ့မနက်ပိုင်းမှာ ရန်ကုန်မြို့နဲ့ ပတ်သက်တဲ့ ငလျင်သတင်း ထုတ်ပြန်ထားခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ဇွန်လ၆ရက်မနက်ပိုင်းကလည်း လှိုင်မြို့နယ်မှာ ငလျင်လှုပ်သလို မြေလွှာလှုပ်ရှားမှုကြောင့် မြေကျွံသလို ကျယ်​လောင်တဲ့အသံကြီးထွက်ပြီး ၊​မြေလွှာလှုပ်ရှားတာကိုခံစားလိုက်ရတယ်လို့ ဒေသခံတွေက​ပြောပါတယ်။ဒါ​ပေမယ့် ​မြေကျွံကြတာမျိုး မ​တွေ့ရသလို ၊​မြေငလျင်လှုပ်တယ်လို့လည်းသတင်းမထုတ်ပြန်တဲ့အတွက်​ဒေသခံ​တွေကြ စိုးရိမ်ခဲ့ကြရပါတယ်။အကြောင်းရင်းမသိရဘဲ မြေလွှားလှုပ်ရှားမှုဖြစ်နေတဲ့အပေါ် ရန်ကုန်မြို့ခံတွေအကြား စိုးရိမ်မှုတွေရှိနေပါတယ်။

ရန်ကုန်မြို့လို မြို့ပြဧရိယာ (Urban Areas) တွေမှာလူဦးရေထူထပ်လာခြင်း၊ စက်မှုလက်မှုလုပ်ငန်းများပြားလာခြင်းနဲ့ အများပြည်သူသုံး ရေပေးဝေမှု မလုံလောက်ခြင်းတို့ကြောင့် မြေအောက်ရေ (Groundwater) ကို အလွန်အမင်း ထုတ်ယူသုံးစွဲတဲ့အခါ မြေကျွံစေတဲ့အခြေအနေတွေ သတိထားဖို့လိုတယ်လို့ ​မြေ​အောက်​ရေ ၊ဘူမိ​ဗေဒနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေက အရင်ကတည်းကသတိပေးခဲ့ဖူးပါတယ်။

ရန်ကုန်မြို့ဟာ ဒေးဒရဲ ပြတ်ရွှေ့ကြောင့်ငလျင်လှုပ်ရှားနိုင်သလို ရန်ကုန်မြစ်ဝအနီးရှိ ပြတ်ရွေ့တွေနဲ့ ထိုးစိုက်ဇုန်ကြောင့်လည်း ငလျင်လှုပ်နိုင်တယ်လို့ပညာရှင်တွေက ပြောပါတယ်။ပဲခူးမြို့အနီးက စစ်ကိုင်းပြတ်ရွေ့ရဲ့တောင်ဘက်စွန်းပိုင်းလှုပ်ရှားပါကလည်း ရန်ကုန်မြို့မှာ ငလျင် လှုပ်စေပါတယ်။

ရန်ကုန်တိုင်းနဲ့ဆက်စပ်နေတဲ့ကမ်းရိုးတန်းဒေသတွေမှာမေလအတွင်းငလျင်မကြာခဏလှုပ်ရှားခဲ့ပါတယ်။ကွမ်းခြံကုန်းမြို့အနီး မြန်မာ့ကမ်းရိုးတန်းအနီးမှာ မေလ ၂၂ရက်ကရစ်ခ်တာစကေး ၄.၂ အဆင့်ရှိတဲ့ ငလျင်၊ မေလ ၁၈ရက် မနက်ကကျောက်တန်းမြို့အနီးမြန်မာ့ကမ်းရိုးတန်းမှာ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၅ဒဿမ၃အဆင့်ငလျင်၊ လှုပ်ခဲ့လို့ ရန်ကုန်မြို့မှာသိသိသာသာခံစားခဲ့ရပါတယ်။ဇွန်လ ၁၄ ရက် ည‌ နေကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်အတွင်း၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ဒဿမ၁အဆင့် ငလျင်လှုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။