Hi, what are you looking for?
မနက်တိုင်း အိမ်တံခါးဖွင့်လိုက်တဲ့အခါ မိခင်တစ်ယောက်ရဲ့ ပထမဆုံးအတွေးက “ဒီနေ့ သားအိမ်ပြန်ရောက်ပါ့မလား” ဆိုတာ ဖြစ်နေခဲ့တာ ဘယ်လောက်ကြာပြီလဲ မသိတော့ဘူး။
■ နွေဦးနေ (၁) အခါတိုင်းဆို ဘွားဆယ်မိက နံနက်ငါးနာရီလောက်ထပြီး ဆွမ်းချက်နေကျ။ ဆွမ်းကျက်ပြီဆိုတာနဲ့ ဘုရားဆွမ်းတော်ကပ်၊ မေတ္တာပို့ဆုတောင်း၊ အမျှဝေလိုက်ရမှာ သူ့တနေ့တာလုံး စိတ်ချမ်းသာတတ်တာ။ ဒီအကျင့်က ကိုယ့်တိုင်းကိုယ့်ပြည်မှာကတည်းက အရိုးစွဲနေတဲ့အဖြစ်ရယ်။ ထိုင်းကိုရောက်တော့လည်း ဝတ်မပျက်အောင် အားထုတ်ခဲ့တယ်။ လှေဟောင်းတွေပြင်ပြီး အသစ်ပြန်ဆောက်တဲ့လှေကျင်း(လှေဒေါက်)က အလုပ်သမားတွေဆို ဘွားဆယ်မိ မေတ္တာပို့သံလေးကို...
တော်လှန်ရေးကြာရှည်လာပြီ။ အောက်ခြေရဲဘော်များမှာ ရိုးရှင်းသည်။ အာဏာရှင်ကိုတော်လှန်မည်။ ရာထူး မလိုချင်၊ အာဏာ မမက်မော၊ ငွေကြေးလောဘ မတက်ကြ။ သို့သော် မ,ကိစ္စ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကျခြင်း။ လူမှုရေး၊ အချစ်ရေး၊ မ,ကိစ္စ မည်သို့ဆိုစေ သွေးသားတောင့်တသောအရွယ်၏ အမူအကျင့်များကို ကြာရှည် ဖိနှိပ်ထားရန် မလွယ်ကူပါ။
လူတယောက် တွေ့ကြုံခံစားရသမျှဟာ သူ့ရဲ့ ကမ္ဘာအတုပဲ။ ဘုရားသခင်က စိတ်ကူးကိုဖန်ဆင်းတယ်။ လူသားက လွတ်လပ်မှုကို လိုက်ရှာတယ်။
လူခြေတိတ်ဆိတ် ငှက်ကလေးတွေ အိပ်ပျော်နေဆဲ။ အိမ်ရှေ့က ခရေပင်ထိပ်မှာ လခြမ်းကွေးကွေးလေး လာချိတ်ချိန်။ အဲဒီ လခြမ်းကွေးကွေးလေးကို မျက်နှာမူပြီး ကျနော် ခရီးစထွက်ခဲ့ပါသည်။ လရောင်ရဲ့ အလင်းပုဝါပါးအောက်မှာ ရိုးတိုးရိပ်တိပ် မြင်ရတဲ့ မပန်းဝါရဲ့ ပန်းခင်းလေးကို ခေတ္တ ငေးမိပါသေးသည်။ ကျနော် ခရီးထွက်ရပါဦးမည်
အရေးပေါ် ကိစ္စတခုနဲ့ တနေကုန် ခရီးသွားရတယ်။ အမြန်ပြင်ဆင်ရတော့ အချိတ်အဆက်တွေက သိပ်မမိ။ ရန်သူ့နေရာနဲ့ ကွင်းရမယ့်ရွာမှာ ကိုယ်တွေရောက်ခါနီးလေး လေယာဉ်နဲ့ပစ်နေလို့ ပြန်ထပ်ပြီးအဝေးနေ ဝိုက်ပြီး ပြန်ကွင်းရတော့ အချိန်တွေက တော်တော်နှောင်းရော။ မစီးတာကြာတဲ့ ကတ္တရာလမ်းမကြီးပေါ် ခပ်ကြာကြာလေးစီးရချိန်မှာ ဗိုက်ပူက အပေါ်ကတဝဲဝဲနဲ့။ ဒီလိုနဲ့ မြို့နယ်သုံးလေးခုလောက် ဖြတ်လိုက်...
သူတို့အရက်ဝိုင်းကို သတိထားမိတာက ဟင်္သာတထွန်းရင်၊ လွှမ်းမိုး သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် ဆွေးဆွေးမြည့်မြည့်ဆိုနေတတ်တဲ့ အဲ့ဒီကောင်ကြောင့်ပဲ။ ဘာဓာတ်လဲတော့မသိဘူးဗျာ ဒီဘက် ကျနော်တို့တပ်စိတ်ရဲ့အရက်ဝိုင်းကနေကြားရင် အကုန်လုံးဆူညံသံတိတ်ပြီး နားထောင်မိတဲ့အထိပဲ။ သူတို့နဲ့တဝိုင်းတည်းတော့ မသောက်ဖြစ်ဘူး။
ခွန်းနီ ကျကွဲမှာစိုးလို့ပုလင်းထဲထည့်ထားတဲ့ အသက်ကိုကဗျာထဲ ပြန်ဝှက်ထားခဲ့တာအရောင်တွေလဲ လက်မလာအတောင်တွေလဲ ခတ်မလာကြေကွဲမှုက ဆတ်ဆတ်ခါလို့နာကျင်မှုဟာ သိပ်သည်းဆများတယ်အသည်းကွဲတဲ့အကြောင်းလာမပြောနဲ့ခေတ်ကြီးကိုကနှလုံးသားရှိသူတွေ နာကျင်ရတဲ့ခေတ်လေကဗျာတွေမှာလဲ အနာတွေချည်းရင့်မှည့်လို့ဒါပေမဲ့သန်မာကြတယ်။ ။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ရေးဖွဲ့တဲ့ “ငါတို့နေ့” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call –...
ဒီလိုလွမ်းစရာ ရာသီဥတုကြီးကို မုန်းမိသည်။ သင်္ကြန်ရောက်ခါနီး ရာသီဥတုဟာ မိုးရနံ့ လေရနံ့နဲ့ ဒီရာသီဥတုကိုအရင်က ဦးခင်အောင် တယောက် တော်တော်လေးသဘောကျပါ၏။ သဘောလဲ ကျချင်စရာပင် မဟုတ်ပါလော။ မိသားစု စုံစုံလင် ဒီလိုအချိန်ဆို နောက်လအတွက်ဘာလုပ်ကြမလဲတိုင်ပင်နေကြပြီ။ ခုတော့ မိသားစုထဲမှာ သားဦး အဝေးမှာပင်။ ထိုအကြောင်းရာကို တွေးမိတိုင်း...