Connect with us

Hi, what are you looking for?

ကဗျာ

ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ်ထွက်လာတယ်’

ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာတယ်။
ဟုတ်တယ် ငါစားနေရင်း ပဲကိတ်က ငိုတယ်။
ငယ်ငယ်က စားသလိုမျိုး ချိုတာ၊ အိတာပဲမဟုတ်ဘဲ ပဲကိတ်က ဝမ်းနည်းတယ်၊ ကြောက်ရွံ့တယ်။

မယ်စုံ

ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာတယ်။
ဟုတ်တယ် ငါစားနေရင်း ပဲကိတ်က ငိုတယ်။
ငယ်ငယ်က စားသလိုမျိုး ချိုတာ၊ အိတာပဲမဟုတ်ဘဲ ပဲကိတ်က ဝမ်းနည်းတယ်၊ ကြောက်ရွံ့တယ်။
တခုခုကို လွမ်းစေလို့ ငါစားနေရင်း ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာနေတယ်။
ငါစားနေရင်း ပဲကိတ်က တလှိုက်လှိုက်နဲ့ ဝမ်းနည်းနေတယ်။
ငါ့ကိုပြောတယ်။
ဒီအရသာကို မရတာကြာပြီ။
ဒီ သုံမြှောင့်တုံးပုံစံ ပဲကိတ်ထဲမှာ သတိရမှုတွေ ရှိနေတယ်။
ဒီအရသာကို မရတာကြာပြီ။ အညိုရောင် ပဲအနှစ်တွေကြားမှာ အမှတ်သညာခံစားနဲ့ အိမ်ဝေးမှုအသိ တွေပါတယ်။
ဒီအရသာကို မရတာကြာပြီ။ ထွက်လာတာလည်း ကြာပြီ။
ကိတ်မုန့်နှစ်ခုရဲ့ ဝန်းရံမှုမျိုးရှိတဲ့ နူးညံ့မှုနဲ့ နွေးထွေးမှု အရသာကို မရတာကြာပြီ။ ထွက်လာတာလည်း ကြာပြီ။
ဆယ်စုနှစ်ရဲ့ တဝက်က ထက်ပိုင်းကျိုးအသက်မှာ နောက်ထပ် အစွယ်တခုထပ်ထွက်လာစေတယ်။ ကိတ်သားတွေမှာလည်း အသိဉာဏ်တွေကို နှိုးဆွတဲ့ ဓာတ်တွေပါတယ်။
ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ်ထွက်လာတယ်။ကုန်သွားတဲ့ ပဲကိတ်လိုပဲ အမှတ်တရတွေကို အသစ်ထပ်ဖန်တီးမရတော့မှာစိုးလို့ ပဲကိတ်က ငိုတယ်။
ကုန်သွားလို့ ပြန်ယူမရတော့သလိုမျိုး ပြန်သွားလို့ မရတော့မှာစိုးပြီး ပဲကိတ်က ငိုတယ်။
တခုခုကို ဆုံးရှုံးပြီဆိုပြီး ငါစားနေရင်း ပဲကိတ်က ငိုတယ်။
ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာတယ်။ ။

(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မယ်စုံ’
ရေးဖွဲ့တဲ့ “​ပဲကိတ်ထဲကနေ မျက်ရည်တွေ တလိပ်လိပ် ထွက်လာတယ်” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

လွဏ်းသစ်လူ မင်းရှိတဲ့အဝါရောင်ပန်းတွေနဲ့မင်းမရှိတဲ့အဝါရောင်ပန်းတွေ ကိုယ်တို့ဟာပြန်မရောက်နိုင်တဲ့နှစ်တွေကိုပဲကျောပိုးအိတ်ထဲ ထည့်သယ်လာခဲ့ကြ လမ်းတစ်ဖက်စီမှာ သစ်ခြောက်ပင်နှစ်ပင်စီးနေတဲ့ချောင်းဆိုလို့အခုထိ မတိတ်နိုင်သေးတဲ့ ညတွေပဲရှိမယ် Public Service Announcement ခေတ်ထဲ ကျွံဝင်နေတဲ့ကျည်ဆံနဲ့မြစ်ထဲ ပျော်ဝင်နေတဲ့စိတ်ဘယ်ဟာက အန္တရာယ်ပိုကြီးလဲ ရေနည်းငါးတစ်ကောင်အတွက်ဘယ်လိုတောင်ပံမျိုးမှ မလိုအပ်တော့ဘူးအချစ်။ (The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘လွဏ်းသစ်လူ’ ရေးဖွဲ့တဲ့ “ကစဉ့်ကလျား” ကဗျာကို...

ရသစာတမ်းငယ်

စံပယ်ဖြူနု တနေ့နေ့မှာ ခွေးကလေးတကောင်ကို ကြည့်ပြီး မျက်ရည်ကျမိလိမ့်မယ်လို့ ကျမကိုယ်ကျမ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ တချိန်တုန်းက တယောက်ယောက်က ဒီလို တွက်ကိန်းထုတ်ရင် ကျမ ရယ်မောနေခဲ့မိမလားပဲ။ ဒါပေမဲ့ တရက်တုန်းကတော့ ကျမက ခွေးညိုလေးတကောင်ကို ကြည့်ရင်း မျက်ရည်ကျနေခဲ့တယ်။ ခွေးညိုလေး ဆိုပေမဲ့ တကိုယ်လုံး အညိုရောင်...

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...