Connect with us

Hi, what are you looking for?

ကဗျာ

‘နှင်း‌တွေကျပြီးတဲ့နောက် လမ်းရဲ့တိတ်ဆိတ်ပုံမျိုးနဲ့သာ ရှင်သန်ခဲ့…’

လူတယောက် တွေ့ကြုံခံစားရသမျှဟာ သူ့ရဲ့ ကမ္ဘာအတုပဲ။ ဘုရားသခင်က စိတ်ကူးကိုဖန်ဆင်းတယ်။ လူသားက လွတ်လပ်မှုကို လိုက်ရှာတယ်။

လူတယောက် တွေ့ကြုံခံစားရသမျှဟာ သူ့ရဲ့ ကမ္ဘာအတုပဲ။ ဘုရားသခင်က စိတ်ကူးကိုဖန်ဆင်းတယ်။ လူသားက လွတ်လပ်မှုကို လိုက်ရှာတယ်။

■ သက်ငြိမ် (Rebel)

(က)

လူတယောက် တွေ့ကြုံခံစားရသမျှဟာ သူ့ရဲ့ ကမ္ဘာအတုပဲ။ ဘုရားသခင်က စိတ်ကူးကိုဖန်ဆင်းတယ်။ လူသားက လွတ်လပ်မှုကို လိုက်ရှာတယ်။ ရွက်‌ကြွေတွေကို လှဲကျင်းပြီးတဲ့အချိန် မြေပြင်ရဲ့ သပ်ရပ်နေပုံဟာ ရယ်စရာမကောင်းဘူးလား။ မြေသင်းရနံ့လို စွတ်စိုနေခဲ့တဲ့အကြောင်း ပြန်တွေးမိတော့လည်း ဖုန်မှုန့်တွေနဲ့ သဲမုန်တိုင်းပဲ။ ဖြစ်နိုင်ရင် ‌မီးတောင်ပေါက်၀တခုရဲ့ တည်ငြိမ်မှုနဲ့အတူ လွင့်ပါး​နေရမှာ။ အဲဒီမှာ ရွက်ကြွေတွေ၊ ပြန်မသွားချင်တဲ့ လမ်းကြိုလမ်းကြားတွေ၊ ပြီးတော့ ပင့်ကူတွေ။

(ခ)

Public Service Announcement

Public Service Announcement

သိဟောင်းကျွမ်းဟောင်း မိတ်ဆွေတချို့ကို ငါမမှတ်မိတာကြာပြီ။ မှတ်ဉာဏ်ဆိုတာက အမြဲစီးဆင်းနေတဲ့ ရေပဲ။ ဘယ်လောက်ခမ်းခမ်း ကုန်မသွားဘူး။ တနေကုန် ထိုင်စောင့်ပြန်တော့လည်း ဒီအဖြစ်အပျက်တွေပဲ မျောလာမယ်။ ဒါတောင် တူးထုတ်ထားတဲ့ မြစ်ဝကျွန်းပေါ် ရဲ့ စိမ်းစိုနေတဲ့ အိမ်ကလေး မပါသေးဘူး။ လက်နှစ်ဖက်ကို ဆန့်တန်းပြီး အရူးတယောက်လို ပြေး၀င်သွားရင် ခြောက်အိပ်မက်ကြီးထဲ ပြန်ရောက်တယ်။

(ဂ)

အပြင်မှာ အရိပ်တွေက ပုံစံမျိုးစုံနဲ့ ကခုန်နေကြတယ်။ လူသားဟာ လွတ်လပ်တယ်။ ကမ္ဘာမြေဟာ လွတ်လပ်တယ်။ ကောင်းကင်ဟာ လွတ်လပ်တယ်။ သစ်ပင်တွေဟာ လွတ်လပ်တယ်။ လွတ်လပ်ခြင်းအတွက် ကခုန်ကြရအောင်။ ညမီးပုံပွဲပြီးတဲ့အခါ တဖျစ်ဖျစ်မြည်တဲ့အသံကို စကြားရလိမ့်မယ်။ အသက်ရှင်သန်မှုကို အသေးငယ်ဆုံးထိ မြင်ယောင်ကြည့်ပြီး ငြိမ်နေလိုက်ရင်တောင် ဒါဟာ ဟိုး…အတွင်းထဲကလာတယ်ဆိုတာကို သတိမထားမိဘဲနေနိုင်မှာ မဟုတ်ဘူး။

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...