ခွန်းနီ
ကျကွဲမှာစိုးလို့
ပုလင်းထဲထည့်ထားတဲ့ အသက်ကို
ကဗျာထဲ ပြန်ဝှက်ထားခဲ့တာ
အရောင်တွေလဲ လက်မလာ
အတောင်တွေလဲ ခတ်မလာ
ကြေကွဲမှုက ဆတ်ဆတ်ခါလို့
နာကျင်မှုဟာ သိပ်သည်းဆများတယ်
အသည်းကွဲတဲ့အကြောင်းလာမပြောနဲ့
ခေတ်ကြီးကိုက
နှလုံးသားရှိသူတွေ နာကျင်ရတဲ့ခေတ်လေ
ကဗျာတွေမှာလဲ အနာတွေချည်းရင့်မှည့်လို့
ဒါပေမဲ့
သန်မာကြတယ်။ ။
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ရေးဖွဲ့တဲ့ “ငါတို့နေ့” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)


















































