Hi, what are you looking for?
မြန်မာပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်ကို စက်ဆုပ်ရွံရှာမှုအပြည့်နဲ့ လုံး၀လက်မခံဘဲ ကြံ့ကြံ့ခံတော်လှန်နေခဲ့ပါတယ်။ နွေဦးတော်လှန်ရေး ၁ နှစ်တာအတွင်း ဖြစ်ပျက်ခဲ့သမျှအကြောင်းအရာတွေ၊ အခု ၂၀၂၂ အတွင်း တော်လှန်ရေးခရီးနဲ့ ပြည်သူလူထုမြင်တွေ့လိုတဲ့ တော်လှန်ရေးအောင်ပွဲအခြေအနေ စတာတွေကို အမေရိကန်၊ Carleton College မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ ဒေါက်တာထွန်းမြင့်ကို People’s...
တရုတ်နိုင်ငံတွင် ဆောင်းရာသီအိုလံပစ်အားကစားပွဲနှင့်မသန်စွမ်းအားကစားပြိုင်ပွဲများ ကျင်းပရန်ရှိခြင်းကြောင့် မြန်မာဘက်တွင် စစ်ပွဲများရပ်ထားရန် တရုတ်နိုင်ငံ၏ တိုက်တွန်းမှုများရှိနေကြောင်းအပါအဝင် လတ်တလောပြည်တွင်းအခြေအနေများနှင့်ပတ်သက်ပြီးကချင် လွတ် လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီကယနေ့ကြေညာချက်ထုတ်ပြန်ခဲ့သည်။
KNU ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနှင့်မေးမြန်းခန်း ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ် ဒေသ၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲဖြစ်ပွားနေသည့်အပြင် ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) တပ်စခန်း တစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်မှု အခြေအနေ အပေါ် KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီးအား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။ မေး-ဖလူးဘက်မှာ...
အာဏာသိမ်းစစ်ကောင်စီတပ်က NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် သဘောတူစာချုပ်ပါ အချက်များ အလေးထားလိုက်နာရန်နှင့် ချိုးဖောက်မှုများအပေါ် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခဲ့သည့်အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား ဒီဇင်ဘာ ၃၁ ရက်တွင်ဆက်သွယ်ပြီး သဘောထားအမြင်များ မေးမြန်းဖော်ပြလိုက်ပါသည်။
ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြိုကနယ် မိုဆိုကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားပြည်သူ ၃၅ဦးထက်မနည်းကို ဒီဇင်ဘာ ၂၄ ရက်ကမီးရှို့သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး သက်သေအထောက်အထားများစုဆောင်းနေမှု ၊ စစ်ကောင်စီတပ်က သက်သေများဖျောက်ဖျက်ရန်ကြိုးစားနေမှု စသည်တို့ကို ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(KNDF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို People's Spring သတင်းဌာနက ယနေ့(ဒီဇင်ဘာ ၂၇ တွင်)မေးမြန်ထားသည်ကိုဖော်ပြလိုက်ပါသည်။