Connect with us

Hi, what are you looking for?

မေးမြန်းခန်း

တိုက်ပွဲတွေကြောင့် ပြည်တွင်းမှာ လူဦးရေ ၃သိန်းခွဲနီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်နေရ

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသတွေဖြစ်ကြတဲ့ စစ်ကိုင်း ၊မကွေးနဲ့ ချင်းမှာတော့ လူဦးရေ ၁သိန်းခွဲကျော်ဟာ တိမ်းရှောင်နေရတာဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ဒေသခံတွေကို ဇန်နဝါရီလ ၇ ရက်ကတွေ့ရစဉ်

စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်လာတာကြောင့် ပြည်တွင်းမှာပဲ နေရပ်စွန့်ခွာထွက်ပြေးရသူပြည်သူဦးရေဟာ ၃သိန်းခွဲ နီးပါးရှိလာတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA) က သတင်းထုတ်ပြန်ပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေကတော့ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေနဲ့ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသတွေဖြစ်ပါတယ်။

Public Service Announcement

မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေဖြစ်တဲ့ ကယားပြည်နယ် ၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့တနင်္သာရီ ဒေသတွေမှာ လူဦးရေ ၁သိန်း ၉ သောင်းကျော် ဟာ နေရပ်စွန့်ခွာထွက်ပေးတိမ်းရှောင်နေရပါတယ်။

မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသတွေဖြစ်ကြတဲ့ စစ်ကိုင်း ၊မကွေးနဲ့ ချင်းမှာတော့ လူဦးရေ ၁သိန်းခွဲကျော်ဟာ တိမ်းရှောင်နေရတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လူသားချင်းစာနာမှု လုပ်ငန်းတွေ ဆောင်ရွက်နေသူတွေဟာ လုံခြုံရေးအခြေအနေ ၊စစ်ဆေးရေးဂိတ် ၊သွားလာခွင့်မိန့် မရတာတွေကြောင့် အကူအညီလိုနေသူတွေထံသွားရောက်ဖို့ ခဲယဉ်းနေတယ်လို့ UNOCHA က ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။