Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကျွန်တော်တို့ကိုယ်တိုင်လည်း လက်နက်ဆွဲသင့်ရင်ဆွဲပြီး တိုက်ပွဲဝင်မှာပါ”

လွိုင်ကော်မြို့တိုက်ပွဲ၊ စစ်ရှောင်အရေးတို့နှင့်ပတ်သပ်၍ မြို့ခံတစ်ဦးနှင့် မေးမြန်းခန်း

(လွိုင်​ကော်မြို့မှ စစ်​ဘေး​ရှောင်ပြည်သူအချို့)

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် မြို့ပေါ်တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကြောင့် မြို့ခံပြည်သူလူထုအချို့ ထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ပြီး မြို့ခံများ စစ်ဘေးတိမ်းရှောင်နေကြရသည့် အခြေအနေများကို လွိုင်ကော်မြို့ နမ့်ဘော်ဝမ်ရပ်ကွက်နေ ပြည်သူတစ်ဦးအား ယ​နေ့ (ဇန်နဝါရီ ၈ရက်) မွန်းလွှဲပိုင်းတွင် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး- မနေ့ကစပြီး လွိုင်ကော်မှာ မြို့ခံတွေ စစ်​ဘေးရှောင်နေကြရတော့ဒီ​နေ့​ရောဘယ်လိုအခြေအနေရှိပါသလဲ။

​ဖြေ- အခုကျွန်တော်တို့လည်း အကုန်ရှောင်ရတော့မှာ။ အခုပဲ တိုက်လေယာဉ်နဲ့လာချသွားတယ်။ ပန်ကန်းတကြော။ ပန်ကန်း၊ မိုင်းလုံး ရွာတန်းရှည်ဘက်တစ်ကြော နောက်ပြီး ဟက်စကီးတွေနဲ့လည်းလာချနေတာ။ အခု ပဲ ထွက်ပြေးဖို့ မိသားစုတွေ အဝတ်အစားတွေဘာတွေထည့်၊ မှတ်ပုံတင်တွေထည့်လိုအပ်တဲ့ပစ္စည်းတွေထည့်ပြီး ကျွန်တော်တို့လည်း အခုပဲပြောင်းရတော့မှာ။ စစ်ဘေးရှောင်ရတော့မှာ။

​မေး-မြို့ပေါ်ကို တိုက်လေယာဉ်နဲ့ တိုက်နေတာလား။

Public Service Announcement

Public Service Announcement

​ဖြေ-ဟုတ်တယ်။ အခုဖုန်းဆက်နေတဲ့ နာရီဝက်အတော
အတွင်းပဲ တိုက်လေယာဉ်နဲ့ သုံးခေါက်လောက်လာပြီး ပထမတုန်းကအတွဲလိုက်ချသွားပြီးနောက်ပိုင်းကျတော့ နှစ်လုံး နှစ်လုံးစီချသွားပြီး တိုက်လေယာဉ်က ပြန်သွားတယ်။ နောက်ထပ် ဟက်စကီးနဲ့ ဒါနဲ့ဆို သုံးကြိမ်ရှိပြီ။ ပန်ကန်း၊ မိုင်းလုံးတကြောပေါ့။ တိုက်ပွဲကတော့ အကြီးအကျယ်ဖြစ်နေတာ။ ကယားပြည်နယ် မြို့ပေါ်ရပ်ကွက်တွေမှာ ဖြစ်တာဆိုတော့ အကုန်လုံးကို ရှောင်ခိုင်းထားတာ။ အခုက ပိုပြီး ဆိုးလာတာပေါ့ ဒီနေ့ တိုက်လေယာဉ်နဲ့ရော ဟက်စကီးနဲ့ရော ဝင်ချနေတာပါဗျ။

​မေး-စုစုပေါင်း တိုက်လေယာဉ်နဲ့ ဘယ်နှစ်ကြိမ်လောက် တိုက်ခိုက်တာလဲ။

​ဖြေ-လာတာက တစ်စီးတည်း သုံးကြိမ်လာချသွားပါတယ်။ နောက်ထပ် ဟတ်စကီးကတော့ နှစ်ကြိမ်လာပါတယ်။ စုစုပေါင်း ၅ကြိမ်လောက် လာပစ်သွားတယ် ဗုံးကြဲသွားတာပေါ့။

​မေး-ပြည်သူတွေအထိအခိုက်ကြားမိသေးလား။

​ဖြေ-ထိမယ်။ တော်တော်ထိမယ်။ အခုက ပိတ်မိနေတဲ့သူက ခပ်များများ ကျန်နေသေးတယ်။ တချို့ကျတော့လည်း ကိုယ့်အိုးကိုယ့်အိမ်ကို မစွန့်ခွာဘဲ အိမ်မှာ ဖြစ်သလို နေမယ့်သူက ရှိနေတဲ့အခါကျတော့ အဲဒီလိုလူက အသေခံရနိုင်တယ်။ ပြည်သူတွေတော်တော်များများကလည်း ရွှေ့နေကြတာရှိတယ်။

​မေး-နေရာအတော်များများမှာ စစ်ရေးတင်းမာနေတော့ ရှောင်ရမယ့်နေရာအခက်အခဲရှိလား။

​ဖြေ- ဟုတ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ကယားပြည်နယ်
က စစ်တပ်တွေက ခပ်များများဆိုတော့ ဘယ်ပဲသွားသွား ခဏလောက်ပဲရှောင်လို့ရမှာ။ ဖြစ်နိုင်ရင်တော့ ကယားပြည်နယ်ကနေ တခြားမြို့ပေါ်ရှောင်ရင် ပိုအဆင်ပြေမယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီးမော့ဆိုလည်း ဒီလိုပဲ ၊ အခု လွိုင်ကော်မှာဆိုရင် မြို့ပေါ် ရပ်ကွက်ထိ သူတို့တွေတပ်စွဲပြီးတော့ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ ကျန်ရပ်ကွက်တွေကလည်း အလွန်အကျွံနေရ နောက်ထပ် လေး၊ငါး၊ဆယ်ရက်လောက်လို့ပဲ ထင်တာပါပဲ။

​မေး-မနေ့က ဖြစ်စဉ်မှာ လူထုတွေ ဘယ်လောက်ထိခိုက်လဲ။

​ဖြေ- ကြားရတာတော့ ၆ယောက်သေတယ်။ ထိခိုက်ဒဏ်ရာရမှုက ၁၄၊ ၁၅ယောက်လောက်ရှိတယ်။ ပိတ်မိနေတဲ့ ပြည်သူတွေ ခပ်များများပါပဲ။

​မေး-အခု အခြေအနေက မြို့ပေါ် ရပ်ကွက် ဘယ်နှစ်ရပ်ကွက်လောက် စစ်ရှောင်​နေရလဲ။

​ဖြေ- ကျွန်တော်ခန့်မှန်းတာတော့ အကုန်နီးပါး ပြောင်းရမယ်ထင်တယ်။ အခု မြို့ထဲက စစ်တပ်နဲ့ နီးတပ်ရပ်ကွက်တွေလောက် နည်းနည်း ခံသာတာ။မြို့စွန်ဘက်မှာ ရှိတဲ့ နမ့်ဘော်ဝမ်း၊ လောဓမ္မ ၊ အုပ်စု ၁၁၊ ၁၂တွေ၊ မိုင်းလုံးရော၊ ပန်ကန်းရော၊ ရွာတန်းရှည်ရော အဲဒီဟာတွေက စစ်မြေပြင်ဖြစ်သွားပြီပေါ့။

​မေး-လေကြောင်းက တိုက်ခိုက်ခံရတာ ဘယ်ရပ်ကွက်တွေလဲ။

​ဖြေ-လေကြောင်းတိုက်ခိုက်တာ ရွာတန်းရှည်၊ ပန်ကန်း၊ ဒေါပိုးစီ၊ မိုင်းလုံးတကြောပေါ့။အဲဒီဘက်မှာတော့ ကျွန်တော်တို့ ဒီဘက် PDF အဖွဲ့တွေ အကုန်လုံးဝင်လာတဲ့အခါ သူတို့အနေနဲ့ မနိုင်တော့ လေကြောင်းတိုက်ခိုက်မှုတွေပါ ပစ်သွားတာ။ ဒီဘက် PDF ဘက်က ကြေညာထားပြီးသား။ကယား
ပြည်နယ် လွိုင်ကော်မြို့ ကို စတေးခံပြီးတော့သူတို့အနိုင်ရအောင် တိုက်မှာပါဗျ။

​မေး- ​ဒေသခံပြည်သူတစ်ယောက်အနေနဲ့ရောအခုအခြေ
အနေအပေါ် ဘယ်လိုမြင်ပါသလဲ။

​ဖြေ- ဒီလိုအချိန်မှာတော့ သူသူကိုယ်ကိုယ် အကုန်လုံး ဒုက္ခရောက်နေတဲ့အချိန်မှာတော့ ဆက်မတိုက်ရင်လည်း ကိုယ်တွေ ဒီဘ၀ရော၊ နောက်မျိုးဆက်တွေရော ဒီရဲ့ စစ်ဘေးဒုက္ခကိုခံနေရမှာကြောက်လို့ အကောင်းဆုံးတိုက်နိုင်ပါစေ အောင်နိုင်ပါစေ။ကျွန်တော်တို့ ပြည်သူတစ်ယောက်အနေနဲ့ ဒုက္ခဆိုတာ တစ်ယောက်တည်းခံစားနေရတာမဟုတ်တဲ့အတွက် သူသူကိုယ်ကိုယ်အကုန်လုံး ခံစားနေရတာဖြစ်တဲ့အတွက် ဒီတိုက်ပွဲက နိုင်ကို နိုင်မှာပါ။

​မေး-အခြားတိုင်းနဲ့ ပြည်နယ်က ပြည်သူလူထုတွေကိုရော ဘာပြောလိုပါသလဲ။

​ဖြေ-တက်နိုင်ရင် ကျွန်တော်တို့ ကယားပြည်နယ်ကို အကုန်၀ိုင်းဝန်းကူညီပေးပါလို့ တောင်းဆိုချင်တယ်။ အဓိက ပြောချင်တာက တောင်ကြီး ရှမ်းပြည်နယ်ပေါ့။ ဒါက အိမ်နီးချင်းမြို့ပေါ်တွေဖြစ်တဲ့အတွက် အဲဒီဘက်က လာတဲ့ စစ်သားတွေဆို ရှမ်းပြည်နယ်ဘက်က တားကို မတားဘူး သတင်းကြားတယ်။ အဲဒီအတွက် ရှမ်းပြည်နယ်မှာ ရှိတဲ့ တောင်ကြီးမြို့ပေါ်မှာရှိတဲ့ မြို့သူ မြို့သားအားလုံး ကျွန်တော်တို့ ကယားပြည်နယ် လူထုနဲ့အတူတူ အားလုံးပါဝင်ပြီးတော့ ကျွန်တော်တို့ကို ကူညီဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်တာပေါ့။ ကယားပြည်နယ်က စပြီး စတေးလိုက်ရပြီ နောက်ပိုင်းကျရင် ကယားပြည်နယ် ကျသွားရင် ရှမ်းပြည်နယ် တောင်ကြီး တခြားမြို့တွေပါ ကူးစက်သွားနိုင်တာကြောင့် ပြည်သူတွေအကုန်လုံး ညီညီညွတ်ညွတ်နဲ့ စည်းလုံးမှုနဲ့ တိုက်ထုတ်မယ်ဆိုရင် ဒီတိုက်ပွဲက နိုင်ကို နိုင်မှာပါလို့ပြောလိုပါတယ်။

​မေး-စစ်ဒဏ်ခံရတာ တော်တော်ဆိုးဝါးတယ်ဆိုတာနားလည်ပါတယ် ဒီလိုကြုံရတော့ အကို့စိတ်ထဲမှာဘယ်လိုတွေ တွေးမိသေးလဲ။

​ဖြေ-နောက်ပိုင်းကျရင်တော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း လက်နက်ဆွဲသင့်ရင်ဆွဲပြီး ဝင်ရမှာ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ မှာ မျှော်လင့်ချက်တွေမဲ့သွားပြီ ဘာမှမရှိတော့ဘူး။ ကျွန်တော်တစ်ယောက်တည်းတင်မဟုတ်ဘူး ဒီမှာ ရှိတဲ့ သူတွေအကုန်လုံး ဘ၀က ကွဲစိတ်သွားပြီဆိုတော့ ရင်ထဲမှာ ပြောပြမတက်အောင်ခံစားရတယ်။ နောက်ပိုင်းကျရင် ကျွန်တော်တို့ကိုယ်တိုင်လည်း လက်နက်ဆွဲသင့်ရင်ဆွဲပြီး တိုက်ပွဲဝင်မှာပါ။

​​မေး- လွိုင်​ကော်မှာ စစ်ကောင်စီတပ်အ​ခြေအ​နေ​ရောဘယ်လိုရှိပါသလဲ ။

​ဖြေ- စစ်တပ်က​တော့သူတို့အနေနဲ့အရှုံးမပေးတဲ့ပုံပေါက်တယ်။ တပ်ကလည်း တော်တော်လေးကို ဖြည့်တင်းနေတာ သူတို့က ခဏနားလိုက် တပ်အင်အားဖြည့်တင်းလိုက် ခဏနားလိုက် တပ်အင်အား ထပ်ဖြည့်လိုက်နဲ့ပဲ အဲဒီလိုနဲ့ပဲ ဆက်သွားနေတာ။ သူတို့ကလည်း ဒီဘက်ကို အပြုတ်တိုက်မှာ ကျွန်တော်တို့ ဒီဘက်ကလည်း သူတို့တပ်ကိုအပြုတ်တိုက်မှာ မနိုင်နိုင်အောင်ပြန်တိုက်မှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ကယားပြည်နယ် သေးသေးလေးက စပြီး စတေးခံနေရတာပေါ့။

​မေး-အခြား ဘာတွေဖြည့်စွက်ပြောလိုပါသလဲ။

​ဖြေ-ပြောချင်ပါတယ် ကျန်မြို့တွေကျွန်တော်တို့ ကယားပြည်နယ်ကို အများကြီး ပံ့ပိုးပြီးတော့ ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်။ အခု ကယားပြည်နယ်မှာ စစ်ဘေးရှောင်တွေ တော်တော်လေးကို ဒုက္ခရောက်နေပါတယ်။ စားဖို့ နေဖို့ကအစပေါ့နော်။ မြို့ပေါ်မှာရှိနေတဲ့ သူတွေကလည်း ၀ိုင်းဝန်းပြီး ကူညီကြပေမဲ့ လိုအပ်ချက်တွေရှိနေတော့ အဓိက ပြောချင်တာက တောင်ကြီးပေါ့နော် ဒါက အိမ်နီးနားချင်းလို့ ပြောလို့လည်းရတော့ သူတို့အနေနဲ့အများကြီး ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်။

အခုလို​ဖြေကြား​ပေးတာကျေးဇူးတင်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

ဆောင်းပါး

အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။