Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေနဲ့ ဆက်တိုက်တွေ့ဆုံဆွေးနွေးနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ဟာ ဇူလိုင် ၂၁ရက်မှာ မွန်လက်နက်ကိုင်တပ်တွေအပါအဝင် မွန်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့ ဇူလိုင် ၂၆ရက်မှာ ထုတ်ပြန်အသိပေးပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါတယ်။

သတင်း

မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ဘုရားအုတ်တံတိုင်းပြိုကျပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

တအာင်းဒေသ တရားဥပဒေစိုးမိုးရေး(အမှုစစ်ဆေးအရာရှိပုလိပ်သင်တန်း) အပတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၄ရက်တွင် ကျင်းပခဲ့ကြောင်း တအာင်းတပ်မတော် (TNLA)က သတင်းထုတ်ပြန်သည်။

သတင်း

အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တာကြောင့် ဖမ်းဆီးလိုက်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလော - အောင်ပန်းလမ်းပိုင်းတနေရာတွင် သားအမိနှစ်ဦးအား အမျိုးသားနှစ်ဦးက ကျောက်ခဲထည့်ထားသောအိတ်ဖြင့်ထုနှက်ပြီး ရွှေထည်ပစ္စည်းလုယက်ရာ မိခင်ဖြစ်သူ သေဆုံးမှုဖြစ်ပွားခဲ့သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီးဦးကျော်မိုးထွန်းအား ထောက်ခံရေးနဲ့ စစ်ကောင်စီရဲ့သန်းခေါင်စာရင်းဆန့်ကျင်ရေး ဒီကနေ့ (အောက်တိုဘာ ၂၄) မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့တွင် စစ်သားနှင့်ပျူစောထီးခေါင်းဆောင်သမီး မင်္ဂလာပွဲကျင်းပနေစဥ် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

အာရက္ခတပ်တော်(AA)၏ အမ်းမြို့သိမ်းတိုက်ပွဲသည် ဗျူဟာမြောက်လွန်းပြီး စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံးမှုများနေကာ မကြာမီ မြို့ကိုသိမ်းပိုက်နိုင်ဖွယ်ရှိသည်ဟုမြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကသုံးသပ်​ပြောကြားသည်။

သတင်း

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအထိုင်စခန်းမှ နောင်ချိုမြို့နယ်အတွင်း ရှေ့တိုးလာသော စစ်ကောင်စီတပ် တော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ အထိနာပြီး နောက်ပြန်ဆုတ်သွားကြောင်း နောင်ချိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့်နေရာကို စစ်ကောင်စီတပ်၊ကသည်းသူပုန် နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းဝင်ရောက်လာ၍တိုက်ပွဲအပြင်းအထန်ဖြစ်ခဲပွားခဲ့ရာ စစ်ကောင်စီဘက်မှသုံးဦးသေဆုံးပြီးတစ်ဦးအရှင်ဖမ်းမိထားကာ ကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ရေးတင်းမာနေစဉ် မြို့ပေါ်၌ တာဝန်ကျနေသည့် ပျူစောထီးတစ်ဦးသည် သေနတ်သုံးလက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ထံ အလင်းဝင်လာခဲ့သည်။

Facebook