Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုအ‌မြောက်တပ်က ထိခိုက်သူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဇူလိုင်-၂၆၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒါ့အပြင် သေဆုံးဒဏ်ရာရသူတွေကို လာသယ်တဲ့ ရဟတ်ယာဉ် ၂စီး နဲ့ တပ်သားအင်အား၊ လက်နက်ခဲယမ်းတွေကို ကျောက်ထုအမြောက်တပ်ကို ဖြည့်တင်းခဲ့တယ်လို့ ဆိုပါတယ်။

” ညောင်ဦးလေဆိပ်က တက်လာတဲ့ Mi 17 ၂စီး နဲ့ မနေ့က နေ့လယ် ၂ နာရီခွဲလောက်မှာ လာသယ်တယ်။သေဆုံး ဒဏ်ရာရသူက ၃၀ လောက်ရှိတယ်”လို့ ယောဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

Mi 17 ရဟတ်ယာဉ် ၂စီး တိုက်ခိုက်မခံရဖို့ စစ်တပ်က Mi 35 နဲ့ ဝေဟင်ကနေ ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။

‌ဆောမြို့နယ်၊ကျောက်ထု အ‌မြောက်တပ်ကို အခြေပြုပြီး ထီးလင်းမြို့ဘက်ကို စစ်တပ်က ထိုးစစ်ဆင်နေတာ တစ်ပတ်၀န်းကျင်ရှိပြီလို့ ဆိုပါတယ်။

စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ကျောက်ထုမြို့ အမှတ်(၃၆၈)အမြောက်တပ်ကနေ ပန်းဆန်-ရွှေအောင်သာ-ထီးလင်းကားလမ်းမကြီးအတိုင်းစစ်တပ်က အင်အား ၂၀၀ ၀န်းကျင်နဲ့ ဇူလိုင် တတိယပတ်ကစပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။

စစ်တပ်ဟာ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေအပြင် ချင်းတောင်ပိုင်းနဲ့ မကွေးတိုင်း ယောဒေသ (ဆောနဲ့ထီးလင်း)မြို့နယ်က ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook