Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုအ‌မြောက်တပ်က ထိခိုက်သူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဇူလိုင်-၂၆၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒါ့အပြင် သေဆုံးဒဏ်ရာရသူတွေကို လာသယ်တဲ့ ရဟတ်ယာဉ် ၂စီး နဲ့ တပ်သားအင်အား၊ လက်နက်ခဲယမ်းတွေကို ကျောက်ထုအမြောက်တပ်ကို ဖြည့်တင်းခဲ့တယ်လို့ ဆိုပါတယ်။

” ညောင်ဦးလေဆိပ်က တက်လာတဲ့ Mi 17 ၂စီး နဲ့ မနေ့က နေ့လယ် ၂ နာရီခွဲလောက်မှာ လာသယ်တယ်။သေဆုံး ဒဏ်ရာရသူက ၃၀ လောက်ရှိတယ်”လို့ ယောဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

Mi 17 ရဟတ်ယာဉ် ၂စီး တိုက်ခိုက်မခံရဖို့ စစ်တပ်က Mi 35 နဲ့ ဝေဟင်ကနေ ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။

‌ဆောမြို့နယ်၊ကျောက်ထု အ‌မြောက်တပ်ကို အခြေပြုပြီး ထီးလင်းမြို့ဘက်ကို စစ်တပ်က ထိုးစစ်ဆင်နေတာ တစ်ပတ်၀န်းကျင်ရှိပြီလို့ ဆိုပါတယ်။

စစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ကျောက်ထုမြို့ အမှတ်(၃၆၈)အမြောက်တပ်ကနေ ပန်းဆန်-ရွှေအောင်သာ-ထီးလင်းကားလမ်းမကြီးအတိုင်းစစ်တပ်က အင်အား ၂၀၀ ၀န်းကျင်နဲ့ ဇူလိုင် တတိယပတ်ကစပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။

စစ်တပ်ဟာ နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေအပြင် ချင်းတောင်ပိုင်းနဲ့ မကွေးတိုင်း ယောဒေသ (ဆောနဲ့ထီးလင်း)မြို့နယ်က ပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။