Connect with us

Hi, what are you looking for?

သတင်း

ခေါင်လန်ဖူးမှာ တိုက်ပွဲနေ့စဉ်ဖြစ်၊ စစ်တပ်က ရိက္ခာခဲယမ်းဖြည့်တင်းနေတယ်လို့ KIA ပြော

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဇူလိုင် ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဇူလိုင် ၂၅ရက် သတင်းဖော်ပြချက်မှာ KIA တပ်မဟာ(၇) နယ်မြေဖြစ်တဲ့ ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသ စစ်ရေးအခြေအနေကို အသိပေးလာတာဖြစ်ပါတယ်။

စစ်တပ်ဟာ ခေါင်လန်ဖူးဘက်မှာ လက်နက်ခဲယမ်းတွေဖြည့်တင်းနေပြီး စစ်ရေးလှုပ်ရှားတာတွေ အင်အားတိုးချဲ့တာတွေ ပြုလုပ်နေတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ကြောင်း၊ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေဟာ ရှေ့တန်းက တပ်တွေကို စားနပ်ရိက္ခာပို့တာ လက်နက်ပို့တာတွေ ပုံမှန်လုပ်နေကြောင်း ဖော်ပြထားတာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်တပ်ဟာ ကချင်ပြည်နယ်အနှံ့က KIA သိမ်းပိုက်ထားတဲ့နေရာတွေမှာ စစ်ရေးလှုပ်ရှားပြီး တိုက်ပွဲဖြစ်တာ၊ လက်နက်ကြီးနဲ့ ရမ်းပစ်တာ ဒရုန်းနဲ့ ကင်းလှည့်တာတွေ နေ့တိုင်းလုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

KIA ပူးပေါင်းတပ်ဟာ ခေါင်လန်ဖူးဒေသက စစ်တပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း ရရှိထားပါတယ်။ ဇူလိုင် ဒုတိယပတ်က မြန်မာ-တရုတ် နယ်ခြားမှတ်တိုင် အမှတ်(၃၀)အနီးရှိ စစ်ကောင်စီနဲ့ ပြည်သူ့စစ်စခန်းကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။