Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းသားတွေရဲ့ ဆန္ဒပြမှုတွေ အရှိန်မြင့်လာတဲ့နောက် အိန္ဒိယ ပညာရေးဝန်ကြီး နုတ်ထွက်

ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် အိန္ဒိယ အစိုးရရဲ့ ပညာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် အိန္ဒိယ အစိုးရရဲ့ ပညာရေး ဝန်ကြီးဟာ ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။

အိန္ဒိယမှာ လူငယ်တွေအတွက် ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး အထူးအရေးကြီးတဲ့ စာမေးပွဲတွေရဲ့ မေးခွန်းတွေ ပေါက်ကြားမှု၊ အဲဒီဖြစ်စဉ်နဲ့ ဆက်စပ်တဲ့ အဂတိ ကိစ္စတွေ၊ အစိုးရရဲ့ နောက်ဆက်တွဲ ကိုင်တွယ်ပုံ အလွဲအမှားတွေအပေါ် ပညာရေး ဝန်ကြီး ဒါမန်ဒရာ ပရာဒန်က တာဝန်ယူပြီး နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ပြင်းထန်လာခဲ့ပါတယ်။

ဝန်ကြီး နုတ်ထွက်ပေးဖို့ ကိစ္စကို ပိုးဟပ် ပြည်သူ့ပါတီ (CJP)လို့ နာမည်ပေးထားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားမှု တစ်ခုက ဦးဆောင်ပြီး အပြင်းအထန် ဆန္ဒပြ တောင်းဆိုခဲ့တာပါ။ အစောပိုင်းတုန်းက ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီရဲ့ အစိုးရဟာ အဲဒီ ဆန္ဒပြ တောင်းဆိုမှုတွေကို မျက်ကွယ်ပြုထားခဲ့ပေမယ့် အခုသီတင်းပတ်ထဲမှာတော့ ဆန္ဒပြသူတွေနဲ့ စပြီး ညှိနှိုင်းလာခဲ့ပါတယ်။

ဇူလိုင် ၂၃ နဲ့ ၂၄ ရက်တို့မှာတော့ ဝန်ကြီးချုပ် မိုဒီကိုယ်တိုင် လူမှုကွန်ရက်မှာ ဆန္ဒပြ ကျောင်းသားလူငယ်တွေကို လိပ်မူပြီး စကားပြောထားတဲ့ ဗီဒီယိုတွေ တင်ခဲ့ပြီး စာမေးပွဲ မေးခွန်း ပေါက်ကြားမှု နောက်ဆက်တွဲ အရှုပ်တော်ပုံတွေနဲ့ ပတ်သက်လို့ အပြစ်ရှိသူတွေကို ထိထိရောက်ရောက် အပြစ်ပေးသွားမယ်လို့ လိုက်လျော ပြောဆိုလာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၅ ရက်မှာတော့ ပရာဒန်က ရာထူးကနေ နုတ်ထွက်စာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဂျန်တာမန်တာနဲ့ နိုင်ငံအနှံ့မှာ ဖြစ်ပျက်ပြောင်းလဲလာတဲ့ အခြေအနေတွေအပေါ် မူတည် စဉ်းစားပြီး သူဟာ နုတ်ထွက်စာကို ဝန်ကြီးချုပ်ဆီ ပေးပို့ခဲ့ကြောင်း ၊ ဒါမှသာ လက်ရှိ ဖြစ်စဉ်တွေအပေါ် အမျိုးသား ဆန့်ကျင်ရေး ပရာဒန်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ဂျန်တာမန်တာ ဆိုတာက ဒေလီမြို့လယ်ခေါင်နားမှာ CJP ထောက်ခံသူတွေ သပိတ်စခန်း ဖွင့်ထားတဲ့ နေရာပါ။ အခုသီတင်းပတ် အစောပိုင်းက ဂျန်တာမန်တာ တဝိုက်မှာ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းဖို့ အားထုတ်ခဲ့တဲ့နောက် CJPရဲ့ လှုပ်ရှားမှုတွေက ပိုမိုအားကောင်းလာပြီး လူငယ်တွေရဲ့ ထောက်ခံမှုလည်း မြင့်တက်လာခဲ့ပါတယ်။

အစိုးရရဲ့ မူဝါဒတွေကို သရော်တဲ့ လှုပ်ရှားမှု တစ်ခုအဖြစ် အွန်လိုင်းမှာ စတင်ခဲ့တဲ့ CJPကို ထူထောင်သူ အဘီဂျိ ဒစ်ပ်ကီကတော့ ဂျန်တန်မန်တာမှာ ဆန္ဒပြသူတွေနဲ့ တွေ့ဆုံရင်း “ကျွန်တော်တို့ လုပ်နိုင်ခဲ့ပြီ”လို့ ကြွေးကြော်ခဲ့ပြီး စုဝေးနေသူတွေဆီက တခဲနက် ထောက်ခံ အော်ဟစ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

CJP လှုပ်ရှားမှုဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အိန္ဒိယမှာ အစိုးရအတွက် ကြုံဖူးသမျှ အကြီးမားဆုံး ဆန္ဒပြပွဲတွေလည်း ဖြစ်လာခဲ့ပါတယ်။ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကပါ ငယ်ရွယ်တဲ့ ဆန္ဒပြ ပြည်သူတွေနဲ့ ပူးပေါင်း ရပ်တည်လာတဲ့နောက် ဝန်ကြီးချုပ် မိုဒီအတွက်လည်း အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်လာခဲ့ပါတယ်။

တစ်ချိန်တုန်းက ဆန္ဒပြ လူငယ်တွေဟာ နိုင်ငံကောင်းကျိုးကို ဆန့်ကျင်နေသူတွေလို့ ဝေဖန်ခဲ့ဖူးတဲ့ ပညာရေး ဝန်ကြီး ပရာဒန်က အိန္ဒိယ လူငယ်ထုရဲ့ မျှော်လင့်ချက်၊ ခံစားချက်၊ တရားဝင် လိုလားချက်တွေအပေါ် သူ့အနေနဲ့ လေးစားပါကြောင်း ပြောကြားသွားပါတယ်။

အသက် ၅၇ နှစ်အရွယ် ပရာဒန်ဟာ မိုဒီရဲ့ ဘာရာတီရာ ဂျန်နက်တာ ပါတီ (BJP) ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးဖြစ်ပြီး အနာဂတ် ပါတီခေါင်းဆောင် ဖြစ်လာနိုင်သူတွေထဲက တစ်ဦးလို့တောင် ထင်ကြေးပေး ခံခဲ့ရပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်မှာ မိုဒီက ဝန်ကြီးချုပ် စဖြစ်လာချိန် ကတည်းက အစိုးရ ဝန်ကြီးဌာန တချို့ရဲ့ ဝန်ကြီးနေရာတွေမှာ ပြောင်းလဲ တာဝန်ယူနေခဲ့တာပါ။ ပရာဒန် နုတ်ထွက်ဖို့ လက်ခံပေးလိုက်ရခြင်းဟာ မိုဒီရဲ့ အစိုးရ အတွက်လည်း အထိနာစေတဲ့ အခြေအနေတစ်ခု၊ CJP အားကောင်းလာမှုကို မီးမောင်းထိုးပြတဲ့ အချက်ပေးမှုတစ်ခု ဖြစ်လာပါတယ်။

ထင်ရှားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ဆိုနမ် ဝမ်ချွတ်ခ်ကလည်း ပညာရေးဝန်ကြီး နုတ်ထွက်လိုက်ရတာဟာ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ဇွဲသန်ခြင်းတွေရဲ့ အောင်ပွဲတစ်ခု ဖြစ်တယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ သူဟာ ပရာဒန် နုတ်ထွက်ဖို့ လူငယ်တွေရဲ့ တောင်းဆိုမှုကို ထောက်ခံတဲ့ အနေနဲ့ ၂၆ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့သူ ဖြစ်ပါတယ်။

ဝန်ကြီးက နုတ်ထွက်စာ တင်ခဲ့တဲ့ သတင်းကို ကြားခဲ့တဲ့နောက် ဂျန်တန်မန်တာမှာ စုဝေးနေတဲ့ လူငယ်တွေက “အိန္ဒိယရဲ့ အောင်ပွဲ”လို့ အဓိပ္ပါယ်ရတဲ့ အမျိုးသားရေး ကြွေးကြော်သံတွေကို အော်ဟစ်နေခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၁၀၀၀ လောက်ဟာ အနီးမှာ အခြေအနေကို စောင့်ကြည့်နေပေမယ့် နှစ်ဖက်ကြား ပြဿနာတော့ မဖြစ်ခဲ့ပါဘူး။ ဆန္ဒပြသူတွေဟာ အမျိုးသားရေး သီချင်းတွေကိုလည်း အသံချဲ့စက်တွေနဲ့ ဖွင့်လှစ်ခဲ့ပြီး လာရောက်ပူးပေါင်းသူတွေကို သကြားလုံးတွေ ဝေငှခဲ့ပါတယ်။

ဆေးတက္ကသိုလ် ဝင်ခွင့်အပါအဝင် အရေးပါတဲ့ စာမေးပွဲတချို့မှာ မေးခွန်းပေါက်ကြားမှုတွေ ဖြစ်ခဲ့တဲ့နောက် ပညာရေး ဝန်ကြီးဌာနက ရလဒ်တွေကို ပယ်ဖျက်ပြီး နောက်တစ်နှစ် ပြန်ဖြေစေဖို့ ညွှန်ကြားခဲ့တဲ့ အခြေအနေတွေက အစိုးရရဲ့ ကိုင်တွယ် ဖြေရှင်းမှု နည်းလမ်းတွေအပေါ် မကျေနပ်မှုတွေ တိုးလာစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဖြစ်ရပ်က အိန္ဒိယလူငယ် ၂ သန်းလောက်ကို ထိခိုက်နစ်နာမှုတွေ ကြုံစေခဲ့ပါတယ်။ စာမေးပွဲအတွက် မိသားစုပေါင်း များစွာက အချိန်တွေ၊ ငွေကြေးတွေနဲ့ အရင်းအမြစ်တွေ အများအပြား မြှုပ်နှံထားခဲ့ရတာကြောင့် တချို့ ကျောင်းသားတွေဟာ အဲဒီကိစ္စကို အကြောင်းပြုပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တဲ့ထိ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ကြီးမားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BRICS စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ရဲ့ ထိပ်သီးညီလာခံ တက်ရောက်လာတဲ့ အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာ လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် လူ ၅၀ လောက် အပျက်အစီးတွေအောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။

သတင်း

အိန္ဒိယမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်းစွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ နိုင်ငံခြားသား ၇ ဦးဟာမြန်မာနိုင်ငံမှာ အရပ်ဖက် လေယာဉ်တစ်စီးကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ အိန္ဒိယ အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ (NIA)ကစွပ်စွဲပါတယ်။

Facebook