Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် မိုးများ၍ ဘုရားအုတ်တံတိုင်းပြိုကျပြီး လူတစ်ဦး သေဆုံး

မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ဘုရားအုတ်တံတိုင်းပြိုကျပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အုတ်တံတားပြိုကျခဲ့စဥ်။ အမှတ်၁၇ရပ်ကွက် ရေကြီးရေလျှံနေစဥ်။ ဓာတ်ပုံ-MFSD၊ CJ

အင်ကြင်း/People’s Spring

မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ဘုရားအုတ်တံတိုင်းပြိုကျပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (အောက်တိုဘာ ၂၅ရက်)နံနက် ၄ နာရီခွဲခန့်က မန္တလေးတိုင်း၊ မြင်းခြံမြို့ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၁၀)ရပ်ကွက်၊ နယ်မြေ(၇)အတွင်းရှိ မဟာဝါဠုကာရာမ သဲပြင်ကျောင်းတိုက်ပိုင် ဘုရားလေးဆူစေတီ၏ အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားကြောင်း လူမှုကူညီရေးအဖွဲ့များက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုအုတ်တံတိုင်းပြိုကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ အခြားအမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များက ပြောသည်။

“သူတို့က ဘုန်းကြီးကျောင်းအုတ်တံတိုင်းဘေး မှာ အဖီဆွဲတဲထိုးနေတာပြောတယ်။ ဒဏ်ရာရတဲ့တစ်ဦးကလည်း စိုးရိမ်ရတယ်။”ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် မြင်းခြံဘူတာရှိ အမှတ်(၁၆)၊ အမှတ်(၁၇) ရပ်ကွက်များလည်း ရေနစ်မြုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဘင်္ဂလားပင်လယ်အော်မှ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် စစ်ရေးတင်းမာနေသည့် ကချင် ၊ ချင်း နှင့် စစ်ကိုင်းတိုင်းအပါအဝင် ဒေသအများစု၌မိုးကြီးပြီး လေပြင်းတိုက်ခတ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က သတိပေးချက်ထုတ်ပြန်ထားသည်။

မုန်တိုင်း၏အရှိန်ကြောင့်ကချင်ပြည်နယ်၊ ချင်း

ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မြေလတ်ဒေသများ နှင့် တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှင့် ရခိုင်ရိုးမတောင်တန်းတလျှောက် မိုးကြီးခြင်း နှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု MOHADMက အောက်တိုဘာလ၂၃ရက်နံနက်ပိုင်း၌ ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေများခဲ့လို့ အိုးပုတ်ပွဲစျေး ရေမြုပ်ပြီး အိုးပုတ်ဆိုင်တချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။

Facebook