Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမြို့မှာ စစ်မှုထမ်းဖို့ လူငယ်တွေ အမြန်ပို့ပေးဖို့ စစ်တပ်တောင်းနေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါတယ်။

ဇူလိုင် ၂၅/၂၀၂၆။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါတယ်။

မကြာခင်စတင်မယ့် စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် မိတ္ထီလာမြို့နယ်က ရပ်ကွက်၊ ကျေးရွာအုပ်စုတွေကနေ အင်အားလျာထား သတ်မှတ်ချက်အတိုင်း အချိန်မီပေးပို့ဖို့ဆိုပြီး စစ်တပ်ရဲ့ မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က ဇူလိုင် ၁၃ ရက်က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ရပ်ကွက်၊ ကျေးရွာအုပ်စု စစ်မှုထမ်းစာရင်း ကောက်ယူရေးအဖွဲ့အနေနဲ့ မိမိတို့ရပ်ကွက်၊ ကျေးရွာ အုပ်စုအတွင်း အကျုံးဝင်သူတွေအနက်က မဲနှိုက်ရွေးပြီး အပတ်စဥ် (၂၇)အတွက် စာရင်းအတိုင်း ဇူလိုင် ၁၅ ရက်ကနေ ၂၂ ရက်အတွင်း စုရပ်ကို အမြန်ပို့ဆောင်သွားဖို့နဲ့ ချန်ထားတဲ့ ဦးရေ ၂၀၀ အောက်ကို ရပ်ကွက်၊ ကျေးရွာ အုပ်စုတွေကို နှစ်ပတ်တစ်​ကြိမ် ပို့ဆောင်သွားဖို့ဆိုပြီး မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့က ညွှန်ကြားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပျက်ကွက်ရင်လည်း ထိရောက်စွာ အရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

ထွက်ပေါ်လာတဲ့ စာရင်းတွေအရ မိတ္ထီလာမြို့နယ်က ရပ်ကွက်၊ကျေးရွာအုပ်စုတွေကနေ တစ်ရွာကို တစ်ဦးကနေ နှစ်ဦးအထိ ဆင့်ခေါ်ထားတာတွေ့ရပါတယ်။

“စာအရ မိတ္ထီလာမြို့နယ်မှာ ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၈)အုပ်စုရှိတာမှာ(၂၃)အုပ်စုကနေအလှည့်ကျခေါ်မဲ့ စစ်မှုထမ်းကသောင်းခြောက်ထောင်ကျော်နေပါတယ်၊ စာအရအခုရက်ပိုင်းပို့ခိုင်းတာက(၂၈)ယောက်ပိုခိုင်းပါတယ်၊ တောက်လျှောက်နည်းမျိုးစုံနဲ့ ပေါ်တာဆွဲမဲ့သဘောရှိပါတယ်”လို့ မိတ္ထီလာခရိုင်ထဲက Guardians Of Mahlaing အဖွဲ့ရဲ့တာဝန်ရှိသူက မှတ်ချက်ပြုပါတယ်။

မိတ္ထီလာမြို့မှာ လေတပ်စခန်းဌာနချုပ်၊ တပ်မ (၉၉) ခြေလျင်တပ်မဌာနချုပ် (တမခ ၉၉)၊ အမှတ်(၇၀၇)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်၊ အမှတ်(၁) ရှေ့တန်းအခြေချ ထောက်ပံ့နဲ့ ပိုဆောင်ရေးတပ်ရင်း (ရထပ-၁) အပါအဝင် အထူးစစ်ဆင်ရေးဆိုင်ရာ ထောက်ပိုတပ်ဖွဲများအပါအဝင်စစ်ကောင်စီတပ်တွေ အများအပြား အခြေစိုက်ရာ “တပ်မြို့တော်” မိတ္ထီလာဟာ အာဏာသိမ်းကာလတလျှောက် အခြားဒေသတွေလောက် ပေါ်တာဆွဲမှု မဆိုးရွားခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဇွန်လတတိယပတ်ကစတင်ကာ စစ်တပ်က မြိုပေါ်ရော ကျေးရွာများပါမချန် အင်အားအလုံးအရင်းနဲ့ ဆက်တိုက် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံဒေသအများအပြားက တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု များနေတဲ့ စစ်တပ်ဟာ စစ်အင်အားလိုအပ်ချက်အရ ယခင်က မျက်ကွယ်ပြုခဲ့တဲ့ တပ်မြို့တော်ကိုပါမချန် ပေါ်တာဆွဲတာတွေ၊ စစ်မှုထမ်း ဆင့်ခေါ်တာတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်းမြစ်အချို့​ပြော