Hi, what are you looking for?
စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီကနေ့ညပိုင်းအထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတွေကို ဖြိုခွင်းတဲ့ စီမံချက်တွေအတွင်း မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ စက်တင်ဘာနဲ့အောက်တိုဘာလအတွင်းမှာ အမေရိကန်၊ဩစတြေးလျ၊ တန်ဇန်နီးယား၊ချက် စတဲ့ နိုင်ငံတွေကို သွားရောက်ခဲ့ပြီး အဲဒီခရီးစဉ်အတွင်းမှာမြန်မာ့အရေးကို မမေ့လျော့ဘဲ ဆက်လက်အာရုံစိုက်ဖို့၊ မြန်မာပြည်သူတွေဘက် ရပ်တည်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးထားပါတယ်။
ကရင်၊ မွန်နှင့် ပဲခူးဒေသများပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တောင် ပိုင်းစစ်ဒေသနယ်မြေတစ်ပတ်အတွင်း ပြည်သူ ၈၈ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးခဲ့ပြီး အချို့မှာ မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေသည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။