Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် တစ်ပတ်အတွင်း ပြည်သူ ၈၈ဦးကို စစ်ကောင်စီ မတရားဖမ်းဆီး

ကရင်၊ မွန်နှင့် ပဲခူးဒေသများပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တောင် ပိုင်းစစ်ဒေသနယ်မြေတစ်ပတ်အတွင်း ပြည်သူ ၈၈ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးခဲ့ပြီး အချို့မှာ မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေသည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

မိုးမိုး/People’s Spring

ကရင်၊ မွန်နှင့် ပဲခူးဒေသများပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသနယ်မြေတစ်ပတ်အတွင်း ပြည်သူ ၈၈ဦးကို စစ်ကောင်စီတပ်ဖမ်းဆီးခဲ့ပြီး အချို့မှာ မိသားစုနှင့် အဆက်အသွယ်မရဖြစ်နေသည်ဟု တောင်ပိုင်းစစ်ဒေသက ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က စစ်မှုထမ်းခိုင်းရန်အပါအဝင် မတရား ဖမ်းဆီးမှု အခြေအနေများ၊ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားထိခိုက်သေဆုံးမှု အခြေအနေများကို တောင်ပိုင်းစစ်ဒေသကအပတ်စဉ် ထုတ်ပြန်လျက်ရှိရာ ပြီးခဲ့သည့် တစ်ပတ်တာ အတွင်း အခြေအနေကို ထုတ်ပြန်အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခံရသည့် ဒေသနှင့်ဖမ်းဆီးခံရမှု အခြေအနေ အသေးစိတ် အချက်အလက်များ ထုတ်ပြန်ချက်တွင် ဖော်ပြမထားဘဲ စစ်ကောင်စီ၏ဒရုန်းဗုံးသီးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် တပတ်အတွင်း အပြစ်မဲ့ပြည်သူ၂ဦး သေဆုံးခဲ့ရပြီး၊ ၉ ဦးဒဏ်ရာရရှိခဲ့မှု၊နေအိမ် ၁၄ လုံးပျက်စီးကာ ပြည်သူ ၈၈ဦးမှာ မတရားဖမ်းဆီးခံခဲ့ရကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့အထိနာလာသည်နှင့်အမျှ အပြစ်မဲ့ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်အနိုင်ကျင့်ကာ နေ့စဉ်လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိသည် ဟုလည်း တောင်ပိုင်းစစ်ဒေသက ဖော်ပြခဲ့ပြီး ယခုထုတ်ပြန်သည့် အရေအတွက် များသည် ရရှိထားသောအချက်အလက်များကိုသာ အခြေခံထားခြင်းဖြစ်၍ လက်တွေ့မြေပြင်တွင် အရေအတွက် ပိုများနိုင်သည်ဟု အသိပေးသည်။

စက်တင်ဘာအတွင်းကလည်း တောင်ပိုင်း စစ်ဒေသနယ်မြေများ၌ စစ်ကောင်စီက စစ်မှုထမ်းခိုင်းရန် အပါအဝင် ပြည်သူများကိုဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လူဦးရေ၂၉၃ ဦး မတရား ဖမ်းဆီးခံခဲ့ရဟုတောင်ပိုင်းစစ်ဒေသက အသိပေးထားသည်။ စစ်ကောင်စီအနေဖြင့် စစ်မှုမထမ်းမနေရ ဥပဒေများ ထုတ်ပြန်ပြီး ပြည်သူလူထုများ အထူးသဖြင့် လူငယ်များကို အဓမ္မလူသစ်စုဆောင်းနေခြင်း၊ ဖမ်းဆီးပြီး ငွေကြေးဖြင့်ပြန်အရွေးခိုင်းခြင်းများကို နိုင်ငံအနံ့၌ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။