Connect with us

Hi, what are you looking for?

သတင်း

ကွမ်းလုံမြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်လုံမြို့နယ်ရှိ နမ့်ဟူးကျေးရွာကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာ ၁၅ရက်က လားရှိုးမြို့နယ်အား စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Kokang

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်ရှိ နမ့်ဟူးကျေးရွာကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ ညသန်းခေါင်အချိန်တွင် စစ်ကောင်စီက နမ့်ဟူးရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” လူသေဆုံးစာရင်းတော့ အတိအကျမသိသေးဘူး။ မြေပြင် အခြေအနေတော့ စောင့်ကြည့်ရအုံးမယ်။ အခြားသက်သေ ပုံအထောက်အထားတွေဘာမှတော့ ပေးပို့လာခြင်းမရှိသေးဘူး”ဟု စစ်ရေးနိုင်ငံရေးလေ့လာသူဦးဇော်ဆန်ကပြောသည်။

ကွမ်းလုံမြို့နယ်သည် ၁၀၂၇ စစ်ဆင်ရေးအစပိုင်း ၂၀၂၃ နိုဝင်ဘာလတွင် ကိုးကန့် တပ်မတော် (MNDAA)က အပြီးသတ် သိမ်းပိုက်ရရှိခဲ့သည့် နယ်မြေဖြစ်သည်။ စစ်ကောင်စီအနေဖြင့် ၎င်းလက်လွှတ်ဆုံးရှုံးထားသည့် MNDAA ထိန်းချုပ်နယ်မြေများဖြစ်သော လောက်ကိုင်၊ သိန္နီ၊လားရှိုး မြို့နယ်များကိုလည်း လေကြောင်း တိုက်ခိုက်မှုများ မကြာခဏလုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ နံနက်အစောကလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး၊ MNDAA သိမ်းပိုက်ထားသည့် လောက်ကိုင်မြို့ကို လေကြောင်း

ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လိုင်ဇာအနီး လမိုင်ယာန်ရွာ လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံ ၂ဦးသေဆုံးခဲ့သည်။

ထို့ပြင် ယမန်နေ့တွင် တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချိုမြို့ကိုစစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ နံနက်ပိုင်းဗုံးကြဲတိုက်ခိုက်ခံရမှုတွင် ကလေးငယ်အပါအဝင် သားအဖ ၃ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့ပြီးနေ့လည်ပိုင်းဗုံးကြဲတိုက်ခိုက်ခံရမှုတွင် အရပ်သား ၃ဦးဒဏ်ရာရခဲ့သည်။

KIA နှင့် စစ်ကောင်စီ အကြားတိုက်ပွဲပြင်းထန်ခဲ့သည့် ဗန်းမော် -မိုးမောက်ကြား ၇မိုင် အောင်မြေရွာကိုလည်း စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီအနေဖြင့် စစ်ရှုံးနေသည့် အခြေအနေတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကိုစက်တင်ဘာလမှ စတင်၍ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ ရက္ခိုင်၊ရှမ်းမြောက်၊ ကချင်၊ကရင်၊ ကရင်နီ၊မကွေး၊စစ်ကိုင်း စသည့် နိုင်ငံတဝန်းဒေသအသီးသီး၌ အရပ်သား ပြည်သူ ရာချီသေဆုံးဒဏ်ရာရရှိခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်စစ်ကောင်စီတို့ ယခုနှစ် ဩဂုတ်လတွင်တွေ့ဆုံပြီးနောက် တရုတ်အစိုးရက စစ်ကောင်စီကို တိုက်ခိုက်နေသည့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တိုက်ပွဲရပ်စဲရန် ဖိအားပေးမှုပြုလုပ်နေသည့် နည်းတူစစ်ကောင်စီကလည်း လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်ပြုလုပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။