Connect with us

Hi, what are you looking for?

သတင်း

ပုလောမြို့နယ်တွင်းတိုက်ပွဲများတွင် အတင်း အဓမ္မစုဆောင်းထားသော တပ်သားသစ်ရာချီ အသုံးပြုနေ

ဧရာဝတီနှင့် ရှမ်းတောင်မှလူငယ်အများစုဖြစ်​နေ

တောတွင်းတနေရာတွင် စွန့်ပစ်ထားခြင်းခံရသည့် စစ်မှုထမ်းလူငယ်တဦး၏အ​လောင်း။ ဓါတ်ပုံ- ပု​လော PDF

ကျော်ဇော/People’s Spring

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်လျှက်ရှိရာ စစ်တပ်မှ အတင်းအဓမ္မစုဆောင်း ထားသော တပ်သားသစ်လူငယ်ရာချီအားရှေ့တန်းပို့နေကြောင်းမြိတ်ခရိုင် တပ် ရင်း(၁)၊ ပုလော PDF က ​အောက်တိုဘာ ၁၉ ရက်တွင်ထုတ်ပြန်သည်။

တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အင်အား ဆယ်ဂဏန်းထက်မနည်း ​သေဆုံးထိခိုက်မှူများရှိသော်လည်း တပ်သားသစ်အဖြစ် အဓမ္မစု ဆောင်းခြင်းခံရသည့် လူငယ်များ၏ အသက်ကိုစတေးကာ လူသားမဆန်စွာ ပြုမူလျက်ရှိသည်ဟုပုလော PDF ကတိုက်ပွဲဖြစ် ပွားမှု ၆ ရက်မြောက်သည့် ယအောက်တိုဘာလ ၁၉ ရက်တွင်အသိ​ပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“လက်ရှိ သိမ်းဆည်းရမိတဲ့ အလောင်းတွေ သူတို့ မှတ်ပုံတင် အချက်အလက်တွေအရ ၂၀၀၀ ခုနှစ်နောက်ပိုင်းဖွားတွေ ပိုများတာတွေ့ရတယ်။ အထူးသဖြင့် ဧရာဝတီနဲ့ ရှမ်းတောင်ဘက်က လူငယ်တွေ များတယ်”ဟု မြိတ်ခရိုင် တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက စစ်တပ်မှရှေ့တန်းပို့ထားသည့် တပ်သား သစ်များ၏အခြေအနေကို လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲများတွင်စစ်ကောင်စီကလေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ ‌အ မြောက်အမြားဖြင့် တိုက်ခိုက်သော်လည်း ၎င်းတို့၏ ရည်မှန်းချက်နေရာကို ထိုးဖောက်နိုင်ခြင်းမရှိသေးသော်လည်း လက်လျော့မည့် အနေအထားမရှိဘဲ ဆက်လက်၍ အဓမ္မစု ဆောင်းခြင်းခံရသည့် လူငယ်များကို ‌မရဏလမ်းသို့ ပို့နေဦးမည်သာဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အတင်းဓမ္မစုဆောင်းခြင်းခံရသည့် လူငယ်များအနေဖြင့်လည်း လက်ရှိအခြေအနေမှ အသက်ရှင်လွတ်မြောက်ရန် စစ်ကောင်စီတပ်ထံမှ ထွက်ပြေးလွှတ်မြောက်ရန်လိုကြောင်း၊ စစ်ကောင်စီအနေဖြင့် စစ်မှုထမ်း လူငယ်များအား တန်ဖိုးထားခြင်း လုံးဝမရှိကြောင်း၊ မိမိတို့အနေဖြင့်လည်း စစ်ကောင်စီတပ်၏ ယူနီဖောင်းဝတ်ဆင်၍ လက်နက်ကိုင်ထားသူမှန်သမျှကို ချေမှုန်းမည်သာဖြစ် ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

“သို့ဖြစ်ပါ၍ စစ်မှုထမ်း လူငယ်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဆန့်ကျင်၍ အသက်ရှင်မည့်လမ်းကို ကိုယ် လွတ်ရုန်းထွက်ပြေးရန် တိုက်တွန်းလိုသည်” ဟုတိုက်တွန်း ထားသည်။

လတ်တလောအခြေအနေများအရ မြိတ် – ပုလော – ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး၌ တိုက်ပွဲများ ဆက်လက်ပြင်း ထန်နိုင်ခြင်းကြောင့် မိဘပြည်သူများအနေ ဖြင့် အမှတ်(၈) ပြည် ထောင်စုလမ်းမကြီးအား အသုံးပြု၍ ခရီးသွားလာခြင်း မပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသခံတွေ ရေဘေးအပြင် စစ်ဘေးကြုံနေ၊ စစ်တပ် လက်နက်ကြီးနဲ့ပစ်လို့ ခရစ်ယာန်ဘုရားကျောင်းပျက်စီး

သတင်း

လက်နက်မျိုးစုံ ၅ လက်နဲ့ခဲယမ်း​တွေသိမ်းရ

သတင်း

ရန်ကုန်တိုင်းအတွက်စုဖွဲ့မယ့် တပ်ရင်းသစ် ၁ခု ထပ်မံတိုးချဲ့ပြီး တပ်သားသစ်တွေ ဖိတ်ခေါ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ Myanmar Defense Force တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။