Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အပေါ် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ကင်းမဲ့နေခြင်းက ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်ရန် တွန်းအားပေးရာရောက်ဟု မြန်မာသံအမတ်ကြီးပြော

နိုင်ငံတကာအသိုက်အဝန်း၏ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ကင်းမဲ့နေခြင်းက စစ်ကောင်စီအား အရပ်သားပြည်သူများအပေါ် အလွန်အမင်းယုတ်မာသော ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်ရန် တွန်းအားပေးရာရောက်ကြောင်း မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံ၌ ပြောသည်။

ထားအိ/People’s Spring

နိုင်ငံတကာအသိုက်အဝန်း၏ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ကင်းမဲ့နေခြင်းက စစ်ကောင်စီအား အရပ်သားပြည်သူများအပေါ် အလွန်အမင်းယုတ်မာသော ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်ရန် တွန်းအားပေးရာရောက်ကြောင်း မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံ၌ ပြောသည်။

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးအတွင်း လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ)၌ မြန်မာသံအမတ်ကြီး အောက်တိုဘာ ၁၇ရက်တွင် မိန့်ခွန်းပြောကြားခြင်းဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံရှိ ရဲစွမ်းသတ္တိ ပြည့်ဝသော အမျိုးသမီး လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းအတွက် လုံလောက်သည့် အာရုံစိုက်မှု ထားရှိသင့်ပြီး လိုအပ်ချက်နှင့်အညီ ထိရောက်သော အရေးယူဆောင်ရွက်ချက်များကိုလည်း လုပ်ဆောင်ရမည်ဟု တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်က လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများအား အမှန်တကယ် ရပ်တန့်ရန်နှင့် စစ်တပ်မှ ပြည်သူတစ်ရပ်လုံးအပေါ် ရက်ရက် စက်စက် ကျူးလွန်နေသည့် အန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် ပြစ်မှုကျူးလွန်နေသူများအား ပြစ်ဒဏ်ကျသင့်စေ၍ တာဝန်ခံမှု ရှိစေရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ခံစားနေခြင်းအား အပြီးတိုင် ချုပ်ငြိမ်းရေးတို့ကို နိုင်ငံတကာ အစီအစဉ်များ၏ ဗဟိုချက်တွင် ထားရှိကာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြသည်။

ထို့အပြင် စစ်တပ်ထံသို့ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီနှင့် ငွေကြေးထောက်ပံ့မှု များ ပေးအပ်နေခြင်းကို ရပ်တန့်ပေးရန်လည်း သံအမတ်ကြီးက ထပ်မံတောင်းဆိုသည်။

စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း မတရားစစ်အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ခဲ့ပြီးနောက် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှု မြောက်များစွာကို ကျူးလွန်လျက်ရှိပြီး မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးသော လူသား စာနာမှု အကျပ်အတည်းကို ဖန်တီးလျက်ရှိကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို အသိပေးသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဖော်ပြချက်အရ စစ်တပ်၏ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ အောက်တိုဘာ ၁၆ရက်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် အရပ်သားပြည်သူ ၅,၈၅၁ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇,၅၅၈ဦးရှိပြီး ယင်းအနက် ၂၁,၀၂၀ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ၁၅နှစ်အတွင်း အကြီးမားဆုံးသော ဆင်းရဲမွဲတေမှုကိုရင်ဆိုင်နေရပြီး မြန်မာနိုင်ငံ လူဦးရေ၏ ထက်ဝက်နီးပါးမှာ ဆင်းရဲမွဲတေမှုသတ်မှတ်မျဉ်းအောက်တွင် နေထိုင်နေရကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။ ထို့အပြင် ကလေးငယ်များ၏ ၅၅ရာခိုင်နှုန်းကျော်မှာဆင်းရဲ

မွဲတေမှုနှင့် ရင်ဆိုင်နေကြရပြီး ၅၀၀,၀၀၀နီးပါးမှာ ၂၀၂၄ ခုနှစ်အတွင်း အလွန် အမင်းအာဟာရချို့တဲ့မှုကို ခံစားရမည်ဟု ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အဓိက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ စုပေါင်းပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ဖွဲ့စည်းမှုကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ အသိပေးပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီဟာ အွန်လိုင်းပေါ်မှာ ပြည်သူလူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖိနှိပ်နေကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ ပြောပါတယ်။

သတင်း

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ပယ်ချကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂ ခေါင်းဆောင်များထံသို့ အစီရင်ခံစာပေးပို့ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီတပ်၏ ပြည်သူများအပေါ် စစ်ရာဝတ်မှု ဆက်လက်ကျူးလွန်နေသည့် လုပ်ရပ်များကို တင်ပြခဲ့သည်။