Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ် နှစ်နေရာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ ဆန္ဒထုတ်ဖော်ခြင်းကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းပေါ်မှာ အထိနာစစ်ဦးကျိုးသွားပြီဖြစ်တဲ့ စစ်တပ်ဟာအောက်တိုဘာ ၁၇ ရက်ည နဲ့ ဒီကနေ့မှာ နှစ်ရက်ဆက် ကျွန်း​ပေါ်ကမ်းတက်ဖို့ ထပ်ကြိုးစားတာ​ကြောင့်အာရက္ခတပ်တော်(AA)ကခုခံတိုက်ခိုက်တဲ့အတွက် စစ်တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့ကရှေ့တန်းကာကင်းစခန်းကြီးတွေ တခုပြီးတခု လက်လွှတ်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ချောင်းဆုံ​ဒေသကို ဒီက​နေ့မှာဂျက်ဖိုက်တာ၊ Y-12 ​လေယာဥ်​တွေနဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ အများအပြား​သေဆုံးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ Free Her Campaign ကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေအတွင်း ရေဘေးကြောင့် ပြည်သူလေးသိန်းနီးပါး(ပြည်သူ ၃၈၀၀၀၀ ကျော်) ရေကြီး ရေလျှံမှုဒဏ်ကို ရင်ဆိုင်ခဲ့ရကြောင်း KNUဗဟိုက ထုတ် ပြန်ပြီး အရေးပေါ် အကူအညီများလိုအပ်နေသည်ဟု အသိပေးသည်။

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ ၂လအတွင်း လေကြောင်း တိုက်ခိုက်မှု ၄၄ကြိမ်ရှိခဲ့ရာ ပြည်သူ ထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်ကသတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထားရှိရေးအတွက် ထောက်ခံကြောင်း ဒီကနေ့ (စက်တင်ဘာ ၂၉)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သတင်း

ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင်ဖြစ်သော ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁) အား မဟာမိတ် အာရက္ခတပ်တော်(AA)က လက်နက်ခဲယမ်းအချို့ကူညီထောက်ပံ့ပေးအပ်ခဲ့ကြောင်း CDF - မတူပီ တပ်မဟာ(၁)က သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ကန်ထောင့်နယ်မြေရဲစခန်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

သတင်း

ဂျပန်အစိုးရသည် လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနေရာအတွက် သံအမတ်အသစ် စေလွှတ်မည်မဟုတ်ဘဲ တစ်ဆင့်နိမ့်သည့် minister တစ်ဦးက သံရုံးတာဝန်ခံအဖြစ် လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း Japan Today သတင်းဌာနက ယနေ့(စက်တင်ဘာ ၂၉ရက်)ဖော်ပြသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာပို့ယာဥ်တန်းအတွက် မိုင်းလာရှင်းသော စစ်သားများ နင်းမိုင်းထိပြီး ထိခိုက်သေဆုံးမှုရှိကာ လက်နက်ခဲယမ်းအချို့ကျန်ခဲ့၍ သိမ်းဆည်းရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။

သတင်း

ကုန်သွယ်ရေးလမ်းကြောင်းများပြတ်တောက်သွားပြီးနောက် ကချင်ပြည်နယ်အတွင်းသို့တရုတ်နိုင်ငံနယ်စပ်မှအည်အ​သွေးနိမ့်သုံးကုန်ပစ္စည်းများဝင်ရောက်လာကြောင်း ဒေသခံများကပြောသည်။

သတင်း

ဗျူဟာကုန်းအပါအဝင် တပ်စခန်း လေးခုကိုသိမ်းနိုင်ခဲ့၊ ချီဖွေရှိ စစ်ကောင်စီ နှင့် ပြည်သူ့စစ် ခေါင်းဆောင်များ ပန်ဝါဘက်ထွက်ပြေးဟု သတင်းရင်းမြစ်အချို့ပြော

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် CDM လုပ်ပြီးနောက် ပြည်သူ့စစ်သားPDF အဖြစ် တာဝန်ထမ်းဆောင်နေ​သော ရဲတပ်သားဟောင်းတစ်ဦးအား ဆုငွေချီးမြှင့်ခဲ့သည်။

Facebook