Connect with us

Hi, what are you looking for?

သတင်း

ဂျပန်က စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချ

ဂျပန်အစိုးရသည် လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနေရာအတွက် သံအမတ်အသစ် စေလွှတ်မည်မဟုတ်ဘဲ တစ်ဆင့်နိမ့်သည့် minister တစ်ဦးက သံရုံးတာဝန်ခံအဖြစ် လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း Japan Today သတင်းဌာနက ယနေ့(စက်တင်ဘာ ၂၉ရက်)ဖော်ပြသည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ့ နှစ်ရှည် ဂျပန်သံအမတ်ကြီးအဖြစ်တာဝန်ထမ်း​ဆောင်ခဲ့​သောမစ္စတာ မာရုယာမ။ ဓါတ်ပုံ-ဂျပန်သံရုံး

“သံတမန်စကားနဲ့ ပြောရရင် မျက်နှာကို အက်ဆစ်နဲ့ပက်သလိုပေါ့ဗျာ။ သံတမန်ဆက်ဆံရေးကို တော်တော်အထိနာတဲ့ လုပ်ကွက်ပေါ့”

— ပထမအတွင်းဝန်(CDM) ဦးအောင်စိုးမိုး

အီယိုရီ/People’s Spring

ဂျပန်အစိုးရသည် လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနေရာအတွက် သံအမတ်အသစ် စေလွှတ်မည်မဟုတ်ဘဲ တစ်ဆင့်နိမ့်သည့် minister တစ်ဦးက သံရုံးတာဝန်ခံအဖြစ် လွှဲပြောင်းတာဝန်ယူမည်ဖြစ်ကြောင်း Japan Today သတင်းဌာနက ယနေ့(စက်တင်ဘာ ၂၉ရက်)ဖော်ပြသည်။

ဂျပန်အစိုးရ၏ အထက်ပါလုပ်ဆောင်မှုသည် ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး တဆင့်လျှော့ချခြင်းဖြစ်

Public Service Announcement

Public Service Announcement

သည်။ ထို့အပြင် ဂျပန်သည် ယခင်စစ်အစိုးရလက်ထက်များတွင် သံတမန်အဆင့် လျှော့ချခဲ့ခြင်းမရှိဘဲ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီလက်ထက်တွင်မှ သံတမန်ဆက်ဆံရေး လျှော့ချခြင်းဖြစ်သည်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်ကတည်းက သံအမတ်ကြီးအဖြစ်ခန့်အပ်ခဲ့​သော မစ္စတာ မာရုယာမသည် မကြာခင် သက်တမ်းကုန်ဆုံးပြီးထွက်ခွာ​တော့မဘ်ဖြစ်​သော်လည်း၎င်း​နေရာတွင်သံအမတ်သစ်ထပ်မခန့် ​ကြောင်းဂျပန်သတင်းဌာနများက​ဖော်ပြသည်။သံအမတ်ထက်တဆင့်နိမ့်​သောMinister အဖြစ် မစ္စတာရှိုဂိုယိုချီတာကီ(Mr. Shogo Yoshitake)ကိုသာထားရှိမည်ဟု ဂျပန်သတင်းဌာနများက​ဖော်ပြသည်။

“အခုလို သံတမန်အဆင့်လျှော့ချလိုက်တဲ့အခါကျတော့ ကျွန်တော်တို့ သံတမန်စကားနဲ့ ပြောရရင် မျက်နှာကို အက်ဆစ်နဲ့ပက်သလိုပေါ့ဗျာ။ သံတမန်ဆက်ဆံရေးကို တော်တော်အထိနာတဲ့ လုပ်ကွက်ပေါ့နော်” ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝန် (CDM) ဦးအောင်စိုးမိုးက People’s Spring လူထုနွေဦးကို မှတ်ချက်ပြုသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဂျပန်အစိုးရသည် စစ်အာဏာသိမ်းမှုကို ရှုတ်ချကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပြီး ဖြစ်ပေါ်နေသော အခြေအနေများနှင့် ဆန္ဒပြသူများအား ဖမ်းဆီးချုပ်နှောင်မှုများအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြခဲ့သည်။

သို့သော် ဂျပန်သည် စစ်ကောင်စီနှင့် သံတမန်ဆက်ဆံရေး ပုံမှန်အတိုင်းဆက်ရှိခဲ့ပြီး အာဏာသိမ်းအပြီး ၄နှစ်နီးပါးအကြာမှ အဆင့်လျှော့ချမှုသည် နောက်ကျကြောင်း လေ့လာစောင့်ကြည့်သူအချို့က သုံးသပ်သည်။

“ကျွန်တော့်အနေနဲ့ နောက်ကျတယ်လို့တောင် ထင်တယ်။ တကယ်တမ်းပြောရရင် ဂျပန်အစိုးရက ကျွန်တော်တို့ ဒီမိုကရေစီိအရေးကို အားပေးဖို့အတွက် အရမ်းတုန့်နှေးတယ်” ဟု ပထမအတွင်းဝန် (CDM) ဦးအောင်စိုးမိုးက ဆိုသည်။

ထို့အပြင် ဂျပန်အစိုးရသည် လက်ရှိအချိန်အထိ မြန်မာစစ်တပ် သို့မဟုတ် စစ်တပ်နှင့်ဆက်နွှယ်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအပေါ် အရေးယူပိတ်ဆို့ဒဏ်ခတ်ခြင်း မရှိသေးပေ။

“(ဂျပန်အတွက်)မြန်မာနိုင်ငံရဲ့အရေးပါမှုက မပြောင်းလဲပါဘူး။ ကျွန်တော်တို့အနေနဲ့ နားလည်မှု ရဖို့အတွက်(ဂျပန်နိုင်ငံအတွင်းမှာရော၊ ပြင်ပမှာပါ)သေသေချာချာရှင်းပြသွားမှာပါ” ဟု ဂျပန်သံတမန်ရင်းမြစ်တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း အမေရိကန်၊ ဥရောပနိုင်ငံအများစုနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် စစ်ကောင်စီိနှင့် သံတမန်ဆက်ဆံရေး အဆင့်လျှော့ချထားသည်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က အာဏာသိမ်းစစ်ကောင်စီ၊ စစ်တပ်အရာရှိများ၊ စစ်တပ်နှင့်ဆက်နွှယ်သော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို အရေးယူပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ကို တားဆီးဖို့အတွက် ဂျပန်ဟာ စစ်အင်အားကို ကျိန်းသေပေါက် ဖြည့်တင်းဖို့လိုကြောင်း ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်စစ်တပ်ဟာ နိုင်ငံရဲ့ နောက်ဆုံးပေါ် ဟိုက်ပါဆောနစ် ဒုံးကျည်လက်နက် စနစ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော် ပြသခဲ့ပါတယ်။