Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းအား ​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ကန်ထောင့်နယ်မြေရဲစခန်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

တိုက်ပွဲတစ်ခုတွင် ABSDF အမှတ်(၃) စစ်ကြောင်း အမှတ်(၁၄) တပ်ရင်းမှရဲဘော်များအပါအဝင် အခြားရဲဘော်များအား တွေ့ရစဥ်။ဓာတ်ပုံ - ABSDF Column - 3

ဇေအောင်၊မိထက် /People’s Spring

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ကန်ထောင့်နယ်မြေရဲစခန်းသို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများပို့ပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းတိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၂၈ ရက်က ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာသို့ စစ်ကောင်စီမှ Y12 လေယာဉ်ဖြင့် ရိက္ခာနှင့်ခဲယမ်းများကို လေထီးဖြင့်ချပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ယနေ့(စက်တင်ဘာ ၂၉ရက်)တွင် အင်မထီးပျူစောထီးကျေးရွာမှ စစ်သားနှင့်ပျူစောထီးအင်အား ၆၀ခန့်ဖြင့် ကန်ထောင့်နယ်မြေရဲစခန်းသို့ ရိက္ခာနှင့်ခဲယမ်းများ လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် နေ့လယ် ၃နာရီခန့်တွင် အင်မထီးပျူစောထီးကျေးရွာသို့ ပြန်လည်ထွက်ခွာလာ

စဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ABSDF အမှတ်(၃)စစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

“တိုက်ပွဲက နာရီဝက်ဝန်းကျင် ကြာခဲ့တယ်။ အတွင်းသတင်းအရတော့ သူတို့ဘက်က ၃ ယောက်လောက်ကျတယ်လို့ သိရတယ်။”ဟု ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ပူးပေါင်းတပ်တွေ ဝိုင်းပိတ်ပြီးတိုက်တာ။ လေကြောင်းမလာခင် ပြန်ဆုတ်ခဲ့ကြတယ်လို့ သိရတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်းပြောသည်။

အဆိုပါစစ်ဆင်ရေးကို ABSDF အမှတ်(၃) စစ်ကြောင်း အမှတ်(၁၄)တပ်ရင်း ၊ NUG-MOD ဗျူဟာစစ်ကြောင်း ၊ ပုံတောင်တိုက်ဂါး PDF ၊ Eagle 1 PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အင်မထီးပျူစောထီးကျေးရွာ၌ စစ်ကောင်စီတပ်နှင့်ပျုစောထီး အင်အား ၁၀၀ထက်မနည်းရှိပြီး ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း ကာကွယ်ရေးအဖွဲ့များက လာရောက်တိုက်ခိုက်ရာ အထိနာ၍ လေကြောင်းပစ်ကူပါခေါ်ခဲ့ရသေးသည်။

ပုလဲမြို့နယ်အတွင်း အင်မထီးရွာသည်စစ်ကောင်စီအဓိကတပ်စွဲထားသည့် ရွာဖြစ်သည်။ ပုလဲမြို့နယ်၌ ကျေးရွာအုပ်စုတရားကျော်ရှိသည့်အနက် ၉၀ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကထိန်းချုပ်ထားသည်

ဆက်စပ်သတင်းများ

သတင်း

လမ်းတ​လျှောက်ကျေးရွာအချို့မှ ပြည်သူ ၁၅ ဦး ကိုခန့်ကိုဖမ်းဆီး​ခေါ်​​ဆောင်သွား

သတင်း

ဘုတလင်တိုက်ပွဲတွင် ဗိုလ်မှူးဦးဆောင်သည့် ၈၅ ဦးပါ စစ်ကောင်စီစစ်ကြောင်း​တွင် သုံးဆယ်​ကျော်​သေဆုံပြီး ဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိကာလက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ရေကူတမံ၊ရေလှောင်တမံ စုစုပေါင်း ၅ ခုရှိသည့်အနက် မည်သည့်ဆည်မျှ စိုးရိမ်ရသည့်အခြေအနေမရှိသေးကြောင်း ပုလဲမြို့နယ်ပြည်သူ့အု​ပ်ချု​ပ်ရေးအဖွဲ့ (ပအဖ)တာဝန်ရှိသူများက ပြောသည်။