Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် မိုင်းရှင်းသောစစ်သားများ နင်းမိုင်းထိ၊ လက်နက်ခဲယမ်းအချို့ရဟု ပကဖပြော

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာပို့ယာဥ်တန်းအတွက် မိုင်းလာရှင်းသော စစ်သားများ နင်းမိုင်းထိပြီး ထိခိုက်သေဆုံးမှုရှိကာ လက်နက်ခဲယမ်းအချို့ကျန်ခဲ့၍ သိမ်းဆည်းရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့အား တွေ့ရစဥ်။ ဓာတ်ပုံ-မြိုင် ပကဖ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာပို့ယာဥ်တန်းအတွက် မိုင်းလာရှင်းသော စစ်သားများ နင်းမိုင်းထိပြီး ထိခိုက်သေဆုံးမှုရှိကာ လက်နက်ခဲယမ်းအချို့ကျန်ခဲ့၍ သိမ်းဆည်းရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောသည်။

စက်တင်ဘာ ၂၇ ရက် ည ၇ နာရီခွဲခန့်က မြိုင် မြို့နယ်၊ ညောင်ဂျစ်ပင်ပျူစောထီးကျေးရွာမှ ကင်းပုန်းထွက်လာသည့် စစ်သား ၁၀ ဦးခန့်သည် မြိုင်-ကမ္မလမ်းပေါ်တွင် ကာကွယ်ရေးအဖွဲ့များထောင်ထားသော နင်းမိုင်းများ နင်းမိ၍ ၅ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ပြောသည်။

Public Service Announcement

Public Service Announcement

“မြိုင်ဘက်မှာရှိတဲ့ ပျူစောထီးကျေးရွာတွေကို ရိက္ခာပို့ပြီးပြန်တဲ့ကားတွေရဲ့ ရှေ့ကနေ မိုင်းလာရှင်းတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်တာပါ။”ဟု မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

ထို့အပြင် ဒဏ်ရာရ စစ်သားများအား ညောင် ဂျစ်ပင်ပျူစောထီးကျေးရွာသို့ ပြန်လည် သယ်ဆောင်သွားသည်ဟု ဆိုသည်။

သို့သော် စစ်သားများ ထိခိုက်သေဆုံးမှုများအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့(စက်တင်ဘာ ၂၈ရက်)တွင် မိုင်းထိရာနေရာသို့ သွားရောက်ရှင်းလင်းခဲ့ရာ G-3 သေနတ် ၁လက်၊ ၎င်းကျည် ၃၄ တောင့်၊ MA ကျည် ဘောက်တစ်ခု နှင့်ကျည်များ သိမ်းဆည်းရရှိကြောင်း မြိုင်ပကဖက အသိပေးသည်။

အထက်ပါတိုက်ခို​က်မှုကို မြိုင်ပကဖ၊ ဧရာဒေါင်းပြောက်ကြားတပ်ဖွဲ့၊ BLY ပြောက်ကြားတပ်ဖွဲ့၊ Black Cobra Force (ကမ္မတပ်ပေါင်းစု) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မြိုင်နယ်တွင် ကာကွယ်ရေးအဖွဲ့များက စစ်ကောင်စီတပ်အပြင် ပျူရွာများကိုပါ တိုက်ခိုက်နေပြီး သရက်ကန်ပျူရွာကို တစ်လအတွင်း လက်နက်ချ အလင်းဝင်ရန် သတိပေးထား၍ ​ထွက်ပြေးအလင်းဝင်လာသူ ၄၆ ဦးအထိ ရှိကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၂ ရွာက အိမ်ခြေ ၇၀ နီးပါး ပြာကျခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။