Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့နယ်တွင်နှစ်လအတွင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု ၄၄ကြိမ်ပြုလုပ်

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ ၂လအတွင်း လေကြောင်း တိုက်ခိုက်မှု ၄၄ကြိမ်ရှိခဲ့ရာ ပြည်သူ ထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်ကသတင်းထုတ်ပြန်သည်။

စစ်​ကောင်စီတပ်​လေ​ကြောင်းတိုက်ခိုက်မှု​ကြောင့်​မြေပြင်တွင်ချိုင့်ဖြစ်သွားစဥ်။ ဓါတ်ပုံ-HKLMINDAT

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရာ ၂လအတွင်း လေကြောင်း တိုက်ခိုက်မှု ၄၄ကြိမ်ရှိခဲ့ရာ ပြည်သူ ထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်ကသတင်းထုတ်ပြန်သည်။

ဩဂုတ်လနှင့်စက်တင်ဘာလအတွင်းလေကြောင်းတိုက်ခိုက်မှုများ ကြောင့် ပြည်သူ (၁)ဦး ထိခိုက်ကာ စာသင်ကျောင်း ၂ကျောင်း၊ ဘော်ဒါဆောင် (၄) လုံး၊ ပြည်သူနေအိမ် ( ၉ ) လုံး ထိခိုက် ပျက်စီးခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လေကြောင်း တိုက်ခိုက်မှုအခြေအနေကို ဖော်ပြရာ ဩဂုတ်လအတွင်း တိုက်ခိုက်မှု ၁၈ကြိမ်၊ စက်တင်ဘာလအတွင်း လေကြောင်း တိုက်ခိုက်မှု ၂၆ကြိမ် စုစုပေါင်း ၄၄ကြိမ်ရှိခဲ့ဟုဆိုသည်။ မင်းတပ်မြို့အနီး၊ တိုက်နယ် (၂)၊ တိုက်နယ်(၂)၊ တိုက်နယ်(၃)၊ တိုက်နယ်(၄)၊ တိုက်နယ် ၁၃ နေရာများကိုစစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ရာ အဆိုပါ တိုက်ခိုက်မှုများအတွင်း ပြည်သူ ၁ဦး ထိခိုက်ခဲ့ဟုဖော်ပြသည်။

ထိုအပြင်စစ်ကောင်စီများ သည် ၂ လတာ အတွင်းတွင် မင်းတပ်မြို့ ပေါ် ရှိ ပြည်သူ နေအိမ် ( ၃၆ ) လုံး ကိုမီးရှို့ဖျက်စီး ခဲ့ကြောင်း ထုတ်ပြန်သည်။

မင်းတပ်မြို့ပေါ် ရှိ ပြည်သူလူထုနေအိမ်များအား စစ်ကောင်စီ မီးရှို့ဖျက်ဆီးမှု စုစုပေါင်း ၇ကြိမ်ရှိခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း ၆ကြိမ်၊ ဩဂုတ်လအတွင်း ၁ကြိမ် စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ မင်းတပ်မြို့ အနောက်ရပ်ကွက်၊ စံပြရပ်ကွက်၊ အရှေ့ပြင်ရပ်ကွက် တို့မှ ပြည်သူလူထု နေအိမ်များ စုစုပေါင်း အိမ် ၃၆လုံး မီးလောင်ခဲ့ဟု ထုတ်ပြန်သည်။

မီးလောင်ခဲ့သည့် နေအိမ်များအနက် လက်ရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် မင်းတပ်ရဲစခန်းမှ ရဲ ၂ဦး၏ နေအိမ်များလည်း ပါဝင်ကြောင်း ဒေသခံက ပြောသည်။

“ယခု မီးလောင်သွားသည့် နေအိမ်များတွင် မင်းတပ်ရဲစခန်းထဲရှိ ချင်းရဲတပ်သား ၂ဦး၏ နေအိမ် ၂အိမ်လည်း ပါဝင်ကြောင်း သိရပါတယ်။ မြိို့ထဲ ကျန်ရှိနေသော ပြည်သူများမှ မီးငြှိမ်းသတ်ရန် ကြိုးစားကြသော်လည်း မည်သူ့ကိုမှ အိမ်ပြင်ထွက်ခွင့် မပေးဘဲ ဂန်းဖြင့်ရမ်းသန်း ပစ်ခတ်နေကြတယ်လို့ သိရပါတယ်” ဟု မင်းတပ်ဒေသခံက လူမှုကွန်ရက်တွင် ရေးသားအသိပေးထားသည်။

စစ်ကောင်စီတပ်သည်မင်းတပ်ရှိ ခလရ(၂၇၄)တပ်ရင်းသို့ လေယာဉ်ဖြင့် လက်နက်ခဲယမ်း ဖြည့်တင်းမှုများလည်း ပြုလုပ်ခဲ့ရာနှစ်လတာအတွင်းခဲယမ်း၊ ရိက္ခာ ချသည့် အကြိမ်အရေ ၅၀ ကျော်ရှိခဲ့သည်ဟုသိရသည်။

စစ်ကောင်စီ အနေဖြင့် မင်းတပ်တွင် တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခြင်း ၊ ပြည်သူလူထု နေအိမ်မီးရှို့ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သော စစ်သားအလောင်း ၄၀နီးပါးအား စစ်ကောင်စီတပ်က လာမသယ်၍ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့တွင် ဖုန်းလိုင်းများပြတ်တောက် သွားသည့် နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုလည်းမရှိကြောင်း အဆိုပါမြို့ဒေသ သတင်းရင်းမြစ်က ပြောသည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေကျွန်းပင်ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူတစ်ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ဖာပွန်မြို့ကို စစ်ကောင်စီက ယမန်နေ့တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးခဲ့ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

Facebook