သတင်း ခါမ်းပါတ်မြို့မရဲစခန်းနှင့် ဝတုတ်ရွာရှိစစ်တပ်စခန်းကို တော်လှန်ရေးအဖွဲ့များသိမ်းပိုက် CDF တွန်းဇံကလည်း "ခမ်းပတ်မြို့ရဲစခန်းနှင့်ဝိတုပ်တပ်စခန်းကို PDF မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ကြောင်း သတင်းရရှိသည်"ဟု သတင်းထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 3, 2023
သတင်း ပေါက်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ဒေသခံပြည်သူ ၁၁ဦးသတ်ဖြတ်ပြီး ၆၀ကျော် ဖမ်းဆီးထားဟု ဖမ်းဆီးခံစစ်သား ဖွင့်ဟ ယင်းစစ်ကြောင်းအား ဒေသတွင်းPDFများက လိုက်လံတိုက်ခိုက်နေပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ LuduNwayOoနိုဝင်ဘာ 3, 2023
သတင်း စစ်ကိုင်းရှိ ဒေသအချို့တွင် KIA၊ AAနှင့် PDF ပူးပေါင်းတပ်များ တပြိုင်တည်း စစ်မျက်နှာဖွင့်တိုက်ခိုက်နေပြီဟု စစ်ရေးသတင်းရင်းမြစ်ပြော ညီနောင်သုံးဖွဲ့က အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ကို ရှမ်းမြောက်နေရာအများအပြား၌ ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိပြီး မြို့လေးမြို့ ၊ စစ်စခန်း ၁၀၀ ခန့်နီးပါးကို လက်လွှတ်ဆုံးရှုံးထားရသည်။ LuduNwayOoနိုဝင်ဘာ 3, 2023
သတင်း တွံတေးတူးမြောင်းအတွင်း ကင်းလှည့်နေသည့် ရေတပ်ရေယာဥ်အား တွံတေး(ပကဖ) အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ပစ်ခတ်တိုက်ခိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တွံတေးဘောတံတားဆိပ်သို့ စစ်ရေယာဥ် Capနှစ်စီးဖြင့် အင်အား ၂၀ကျော်ရောက်ရှိလာပြီး တူးမြောင်းအတွင်း ဖြတ်သွားဖြတ်လာ လှေ၊ သင်္ဘောများအား ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoနိုဝင်ဘာ 3, 2023
သတင်း ‘၁၀၂၇စစ်ဆင်ရေး’ထောက်ခံခြင်းဖြင့် တိုက်ပွဲများဖော်ဆောင်နေဟု မကွေးတိုင်း PDFများ အသိပေး အောက်တိုဘာ ၃၀ရက်ကစ၍ ပေါက်မြို့နယ် ကန်သစ်ကျေးရွာသို့ ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းကို မိုင်းပွိုင့် ၄ပွိုင့် မိုင်း၂၁ခုခန့်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 3, 2023
သတင်း လက်ယက်ကုန်းရွာလက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူတစ်ဦးတိုးလာ နိုဝင်ဘာလ ၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့သည်။ LuduNwayOoနိုဝင်ဘာ 2, 2023
သတင်း ၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီဝါဒဖြန့်သလို မိသားစုအချင်းချင်းကြား ပြဿနာမဟုတ်ဘဲ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် စစ်ဆင်ရေးဟု MNDAA အသိပေး အာဏာသိမ်းစစ်ကောင်စီဘက်က ၁၀၂၇ စစ်ဆင်ရေးမှ လက်ရှိ ကိုးကန့်ဒေသ တိုက်ပွဲများနှင့်ပတ်သက်ပြီးကိုးကန့်မျိုးနွယ်စု မိသားစုအချင်းချင်းအကြား ပြဿနာဟု ပုံဖော်ပြောဆို ဝါဒဖြန့်နေခြင်းနှင့်ပတ်သက်ပြီး MNDAAဘက်က ယခုကဲ့သို ရှင်းလင်းအသိပေးခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 2, 2023
သတင်း တနင်္သာရီ ခမရ (၅၆၁) စစ်သားသားနှစ်ဦးPDFထံ အလင်းဝင်လာ တပ်သား ထွန်းလင်းပိုင် နှင့် တပ်သား ထက်မြတ်သူသည်အောက်တိုဘာ(၃၁)ရက်နေ့က ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီးနိုဝင်ဘာ(၁)ရက်နေ့တွင် လာရောက်အလင်းဝင်ခဲ့ခြင်းဟု တနင်္သာရီတိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 2, 2023
သတင်း ပဲခူးရိုးမ ဆင်ဝိုင်းတစ်ခုတွင် တပ်စွဲထားသော စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ခိုက်ခံရ အဆိုပါ ပဲခူးရိုးမ၊ ပုဇွန်ဆိတ်ဆင်ဝိုင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်သည် မြစ်ချိုးရန်လာသော ဒေသခံပြည်သူငါးဦးခန့်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ LuduNwayOoနိုဝင်ဘာ 2, 2023
သတင်း ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၍ အမျိုးသမီးတစ်ဦးသေဆုံး စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ရက် မှ အောက်တိုဘာ ၃၁ရက်အထိ စာရင်းများအရ စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၁၁ဦးသေဆုံးခဲ့ပြီး ၃၄ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။ LuduNwayOoနိုဝင်ဘာ 2, 2023