Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့နယ် သလဲဘာပျူစောထီးရွာစခန်းကို PDFများ ၅နာရီကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးကျေးရွာရှိ စစ်ကောင်စီစခန်းကို အချိန်၅ နာရီကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ​ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

သလဲဘာရွာကို PDFများ တိုက်ခိုက်နေစဥ်။ဓာတ်ပုံ-File Photo

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးကျေးရွာရှိ စစ်ကောင်စီစခန်းကို အချိန်၅ နာရီကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ​ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြောသည်။

သြဂုတ် ၁၄ရက် နံနက် ၅ နာရီခွဲခန့်က အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီး အထိုင်စခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲချိန် ၅ နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်သား သုံးဦး၊ ပျူစောထီး လေးဦး စုစုပေါင်း ခုနစ်ဦး သေဆုံးကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ ရဲဘော် နှစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

စခန်းသိမ်းနိုင်ရေး ဦးတည်ခဲ့သော်လည်း အရာတော် လေ့ကျင့်ရေး (၁၀)တပ်နှင့် ငွေတွင်းပျူရွာမှ လက်နက်ကြီးပစ်ကူများနှင့် စစ်ကူများပါ ရောက်ရှိလာ၍ ဆုတ်ခွာခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့က စစ်ကူစစ်ကြောင်းကို မတားဆီးနိုင်လို့ အလက်ကောက်လို့ အဆင်မပြေခဲ့တာ။ ကျွန်တော်တို့အဲဒီရွာကို မရရအောင်ပြန်သိမ်းမယ်ဆိုတာ ပြည်သူတွေသိစေချင်တယ်။”ဟု မုံရွာခရိုင်အမှတ် (၂၁)၊ တပ်ခွဲ – ၂၊ Ngwe Dwin Revolution Force အဖွဲ့၏ တာဝန်ခံ ကိုစစ်နိုင်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို တပ်ရင်း (၂၁၊၁၉၊၂၆၊၂၂၊ Zero)တို့က ဦးဆောင်ပြီး ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ၊ Shwebo Crocodile ၊ကျနော်တို့ ‌ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ဗိုလ်ဂျပန်ကြီး – ရွှေဘိုအဖွဲ့ ၊စွန်ရဲရွှေဘို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဒေါင်းစစ်သည် အဖွဲ့ ၊ရွှေဘိုအားမာန် အဖွဲ့ ၊HG FIGHTER ၊ EYE FOR EYE ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊Hero Brother ၊ ဖျံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Zay Yar Thawed ၊ YAUNG NI ၊ရွှေဘိုသားပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဇာမဏီဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ BO BA Taw (LDF) ရွှေဘိုမြို့နယ် တလရ တပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။