Connect with us

Hi, what are you looking for?

သတင်း

ဗကပ ဖွဲ့စည်းမှု ၈၅ နှစ်မြောက်နေ့ အခမ်းအနား PLA ကျင်းပ

သိန္နီ၊ လားရှိုးနှင့် မိုးမိတ် မြို့သိမ်းတိုက်ပွဲများဖြင့် ဗကပမွေးနေ့အခါသမယကို ဂုဏ်ပြုကြောင်း ဖော်ပြ

PLA က ဗကပ (၈၅) နှစ်​ပြည့် အခမ်းအနားပြုလုပ်စဥ်။ဓါတ်ပုံ- PLA

ဟန်နွေ/People’s Spring

ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ) ၈၅ နှစ်မြောက် မွေးနေ့အခမ်းအနားအား ကျင်းပခဲ့ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က ယနေ့ သတင်းထုတ်ပြန်သည်။

၁၉၃၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် ဗကပ သည် ယနေ့ ဩဂုတ် ၁၅ရက်တွင် ၈၅နှစ် ပြည့်မြောက်ပြီဖြစ်ရာ ဖွဲ့စည်းမှု နှစ်ပတ်လည် အခမ်းအနားကို PLA ၏ အမှတ်(၈၁၅)-အနောက်မြောက်စစ်ဒေ

သ(ချင်းတွင်းမြစ်အနောက်ဖက်ကမ်းဒေသ)တွင် ပြုလုပ်ခဲ့ပြီး PLA အလံတော်လွှင့်တင်ခြင်း ၊ အလေးပြုခြင်း ၊ ဟောပြောခြင်း ၊ တေးသီချင်းများသီဆိုခြင်း နှင့် မှတ်တမ်းဓာတ်ပုံပြသခြင်းများ ပြုလုပ်ခဲ့ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အခမ်းအနားသို့ မဟာမိတ်အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုများ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း ဖော်ပြသည်။

ဗကပ ဖွဲ့စည်းမှု ၈၅နှစ်ပြည့်သို့ PLAက သဝဏ်လွှာပေးပို့ထားရာ PLA အနေဖြင့် ဗကပ၏ ၈၅နှစ်မြောက် မွေးနေ့ အခါသမယအား ဂုဏ်ပြုသည့် စစ်ရေးအောင်ပွဲများ အကြောင်းကို ထည့်သွင်းဖော်ပြသည်။

PLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတွင် သိန္နီမြို့နှင့် စကခ (၁၆)ဌာနချုပ်တို့ကို အပြီးသတ် သိမ်းပိုက်နိုင်သကဲ့သို့ စစ်ဆင်ရေး ဒုတိယလှိုင်းတွင်လည်း လားရှိုးမြို့သိမ်းတိုက်ပွဲတွင် ခလရ(၆၈) တပ်ရင်း အပါအဝင် စစ်ကောင်စီ စခန်းများစွာ သိမ်းနိုင်ခဲ့ဟု အသိပေးသည်။ ထို့ပြင် မိုးမိတ်မြို့သိမ်းတိုက်ပွဲများ၌ပါဝင်ခဲ့ကြောင်း အသိပေးသည်။

PLAသည် နွေဦးတော်လှန်ရေးအစပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက်လုပ်ငန်းအဖွဲ့များကို အခြေခံ၍ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး PLA၏ ပထမဆုံး စစ်သင်တန်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) လွတ်မြောက်ဒေသတနေရာ၌ရဲဘော် ၃၂ဦးဖြင့် စတင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခု အခါ PLAသည် အမှတ်(၁) စစ်ဒေသ(စစ်ကိုင်းဒေသ)၊ အမှတ်(၂) စစ်ဒေသ(တအာင်းဒေသ)၊ အမှတ်(၉) စစ်ဒေသ(ကိုးကန့်ဒေသ)၊ အမှတ်(၈) စစ်ဒေသ(တနင်္သာရီဒေသ)နှင့် အနောက်မြောက်စစ်ဒေသ(ချင်းတွင်းမြစ်အနောက်ဖက်ကမ်းဒေသ)ဟူ၍ စစ်ဒေသများ တည်ဆောက်နိုင်ခဲ့ပြီးဖြစ်သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ် အတွင်းရှိ ဆင်ကောင်ရေ ၁၄၀ နီးပါးရှိသော ဆင်ဝိုင်း ၂၁ဝိုင်းကို PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၂၂၂ တပ်ရင်းမှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားကြောင်း သတင်းရရှိသည်။

ဆောင်းပါး

တော်လှန်ရေးအဖွဲ့များ အလိုချင်ဆုံး စစ်ရာဇဝတ်​သားကောင်းများစွာထဲမှ တစ်ဦးကို ပြီးခဲ့သည့် သြဂုတ် ၁၄ရက်က ​တော်လှန်​ရေးတပ်များက အရှင်ဖမ်းမိခဲ့ပါသည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက)-၁၃ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိပြီး ယနေ့နံနက်တွင် အဆိုပါ တပ်ကိုသိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

Facebook