Hi, what are you looking for?
ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တွင် လာမည့် ဧပြီ ၂၄ ရက်တွင်ပြုလုပ်မည့် မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းအာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုရှာ မတက်ရောက်ဘဲသူ့အစား ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို စေလွှတ်မယ့်လို့ ထိုင်းအစိုးရသတင်းရက်းမြစ်တွေကို ကိုးကားပြီး Bangkok Post သတင်းဌာနက ဒီနေ့ဖော်ပြပါတယ် ။
မြန်မာစစ်ခေါင်းဆောင်များအား ကိုယ့်ပြည်သူကို ကိုယ်ပြန် ၍ ဖိနှိပ်သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် ဖိအားပေးနိုင်ရေးအတွက် ထိရောက်သော လုပ်ဆောင် ချက်များကို အချိန်မဆိုင်းဘဲ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ကမ္ဘာ့နိုင်ငံများအား အင်္ဂါနေ့က တိုက်တွန်းခဲ့ပါသည်။
ဧပြီ ၁၃ရက် တိုက်ပွဲဖြစ်ပွားမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ K. I. A တပ်မဟာ (၁ )ပူသာအိုခရိုင် ဆွမ်ပီယာန်ကျေးရွာမှရဲစခန်းတစ်ခု အားမိမိတို့ KIA မျိုးချစ်များရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ ၎င်းနောက် ပူတာအိုဘက်မှဆင်းလာသော မအလစစ်ကားတစ်စီးအား ဖုန်အင်ယမ်ရွာအနားတွင်မိမိတို့KIAမျိုးချစ်များမှမိုင်းဆွဲတိုက်ခိုက်အောင်မြင်နိုင်ခဲ့။