Connect with us

Hi, what are you looking for?

သတင်း

PV ပတ်စ်ပို့နဲ့ အလုပ်ထွက်လုပ်မယ့်သူတွေကို စစ်ကောင်စီ တားမြစ်မယ်

အလည်အပတ် (PV ) ပတ်စ်ပို့နဲ့ ပြည်ပမှာအလုပ်ထွက်လုပ်မယ့်သူတွေကို နိုင်ငံကနေ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက ဒီနေမှာ ကြေညာပါတယ်။

စစ်ကောင်စီရဲ့ ကြေညာချက်

အလည်အပတ် (PV ) ပတ်စ်ပို့နဲ့ ပြည်ပမှာအလုပ်ထွက်လုပ်မယ့်သူတွေကို နိုင်ငံကနေ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက ဒီနေမှာ ကြေညာပါတယ်။

PV ပတ်စ်ပို့နဲ့ အလုပ်အကိုင်ဗီဇာ တွေလျှောက်ထားပြီး ပြည်ပ ထွက်ခွာရင်လေဆိပ် ဒါမှမဟုတ် နယ်စပ်ဂိတ်တွေမှာ တားမြစ်ခံရမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ပြည်ပကို အလုပ်လုပ်ဖို့ သွားမယ့်သူတွေအနေနဲ့ အလုပ်အကိုင် (PJ ) ပတ်စ်ပို့ လျှောက်ထားဖို့လိုပြီး အဲဒီ PJ ပတ်စ်ပို့နဲ့မှ ပြည်ပထွက်ခွင့်ပေးမယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

လေဆိပ်မှာ PV ပတ်စ်ပို့ ကိုင်ဆောင်ထားသူအချို့ ပြည်ပထွက်ခွင့်မပေးတဲ့ ဖြစ်စဉ်တွေ ရှိလာပြီးနောက် မှာ စစ်ကောင်စီက အခုလို ကြေညာလာတာပါ။

စစ်ကောင်စီရဲ့ကြေညာချက်မှာတော့ PV ပတ်စ်ပို့နဲ့ ပြည်ပထွက်ခွာကြပြီး အလုပ်အကိုင်ဗီဇာတွေ လျှောက်ထားလုပ်ကိုင်ကြတာကိုသိရတယ်လို့ ဆိုထားပါတယ်။

ဒီလို PV ပတ်စ်ပို့နဲ့ အလုပ်လုပ်နေကြသူတွေ ပြည်ပမှာ အခက်အခဲ ပြသာနာ ပေါ်ပေါက်ရင် ကူညီဖြေရှင်း ပေးဖို့ အခက်အခဲရှိတယ်လို့လည်း ကြေညာချက်မှာ စစ်ကောင်စီက ခြိမ်းခြောက်ထားပါတယ်။

ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်လိုရင် အလုပ်အကိုင်ပတ်စ်ပို့(PJ) နဲ့သွားရမှာဖြစ်သလို ပြည်ပ အလုပ်သမားသက်သေခံကတ်(OWIC) ကိုလည်းလျှောက်ထားရမယ်လို့စစ်ကောင်စီက တင်းကြပ်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကြောင့် နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြုံနေရပြီး နိုင်ငံခြားဝင်ငွေ စီးဆင်းမှု ခန်းခြောက်လာတဲ့အခါ ပြည်ပရောက် မြန်မာလုပ်သားတွေထံက အခွန်ကောက်တာ ၊ လစာရဲ့ ၂၅ ရာခိုင်နှုန်းကိုဘဏ်လမ်းကြောင်းကနေ ပြည်တွင်းကို ပြန်လွှဲခိုင်းတာတွေ လုပ်ဆောင်စေတာပါ။

ဝင်ငွေခွန်မဆောင်တာ ၊ ပြည်တွင်းကို လစာ ငွေလွှဲတဲ့အထောက်အထားမပြနိုင်ရင် ပတ်စ်ပို့ သက်တမ်းမတိုးပေးတဲ့နည်းလမ်းနဲ့ စစ်ကောင်စီက အကြပ်ကိုင်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။