Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် စစ်ကောင်စီ ဗျူဟာကုန်း လုံခြုံရေး အရေးပါသည့် လမောင်နှင့် တောမှော် စခန်း ၂ခုစလုံး KIA သိမ်းပိုက်

လမောင် စစ်ကောင်စီစခန်း (Google Earth)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သြဂုတ်၁၅ ရက် ညနေပိုင်း၌ထပ်မံ သိမ်းပိုက်နိုင်ခဲ့၍ ယနေ့တွင် ဖားကန့်အနီးရှိ စခန်း ၂ ခုကို သိမ်းပိုက်ရရှိခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ (ဩဂုတ် ၁၄ရက်)မနက်အစောက ဖားကန့်မြို့ စစ်ကောင်စီ ဗျူဟာကုန်းအတွက် အရေးပါသည့် တောမှော် နှင့် လမောင် စစ်စခန်း ၂ခုကို KIA/KPDF ပူးပေါင်းတပ်က ထိုးစစ်ဆင်ခဲ့ရာ ယနေ့ (ဩဂုတ် ၁၅ရက်) မနက် ၉နာရီခွဲတွင် လမောင်စခန်း၊ ယနေ့ ညနေ ၄နာရီ ၄၀ မိနစ်တွင် တောမော်စခန်း တို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်ရေးအရ တော်တော်အရေးပါတဲ့ စခန်းတွေပါ။ ဖားကန့် စကစ ဗျူဟာကုန်းကို Cover လုပ်ထားတဲ့ စခန်းတွေဖြစ်တယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စစ်ကောင်စီစခန်း သိမ်းပိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၁ ဦး ဖမ်းမိထားကြောင်း ၎င်းက ဆိုသည်။ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု၊ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIAအနေဖြင့်ဖားကန့်မြို့နယ်အတွင်းရှိစစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်ထားပြီး မြို့နယ်အတွင်း နေရာအများစုကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နောင်းမီကျေးရွာက အရပ်သား ပြည်သူ ၄ဦးကို စစ်တပ်လက်အောက်ခံပြည်သူ့စစ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။