သတင်း ပခုက္ကူစက်မှုဇုန်ဂိတ်ရှိ စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဟုဆို ပခုက္ကူမြို့နယ်သည် စစ်ကောင်စီအား ခုခံတော်လှန်မှု အားကောင်းရာဒေသတစ်ခုဖြစ်ပြီး ၎င်းတို့အား လာရောက်တိုက်ခိုက်မည်စိုး၍ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူမစီးရဟုပင် တားမြစ်ထားသည်။ LuduNwayOoဩဂုတ် 19, 2023
သတင်း စစ်ကောင်စီစစ်ဆေးရေးဂိတ်နေရာကိုသာ ဘော်ဒိုဇာဖြင့်ဖျက်ဆီးခဲ့ပြီး ရှေးဟောင်းမြို့ရိုးကို ဖျက်ဆီးခြင်းမရှိဟု TNLA ရှင်းလင်း TNLA သတင်း ပြန်ကြားရေးဌာနတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်ကမူ SSPP၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မဟာမိတ်အချင်းချင်းဖြစ်၍ ညှိနှိုင်းကျော်လွှားသွားရမည့်ကိစ္စဖြစ်သည်ဟု ပြောကြားထားသည်။ LuduNwayOoဩဂုတ် 19, 2023
သတင်း KNLA ပူးပေါင်းတပ် သိမ်ဇရပ်မြို့နယ်အတွင်း စစ်ဆေးရေးပြုလုပ် သိမ်ဇရပ်မြို့အနီး နယ်မြေစိုးမိုးရေးလုပ်ငန်းကို KNU/KNLA၊ KRF၊ ABSDF၊ ဝံပလွေနက်စစ်ကြောင်းအဖွဲ့နှင့် ကျိုက်ထို(ပကဖ)တို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းလည်း KRF၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။ LuduNwayOoဩဂုတ် 19, 2023
သတင်း ရွှေဘိုနယ်တွင် အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ်အား နှစ်ကြိမ်တိုက်ခိုက် စစ်ဆင်ရေးနှစ်ခုလုံးကို 96 Soldiers-PDF (အညာဒေသတပ်ခွဲ)နှင့် Burma Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဩဂုတ် 19, 2023
သတင်း ခါမ်းပါတ်နှင့်တမူးနယ်စပ်တိုက်ပွဲဖြစ်ပြီး စစ်တပ်ကလေကြောင်းမှပစ်ကူပေးတိုက်ခိုက် တိုက်ပွဲများကြောင့် ခါမ်းပါတ်မြို့ပေါ်နှင့် အနီးဝင်ကျင်ရှိကျေးရွညများမှ ပြည်သူထောင်ပေါင်းများစွာထွက်ပြေးခဲ့ရပြီး သြဂုတ် လဆန်းမှာ မြို့ပေါ်က ပြည်သူအချို့ နေရပ်ပြန်နေကြဟုဒေသခံအချို့ကပြောသည်။ LuduNwayOoဩဂုတ် 19, 2023
သတင်း The Way တော်လှန်ရုပ်ရှင်ဇာတ်ကား ဩဂုတ်လကုန်မှာ ကြည့်ရတော့မယ် ဒီဇာတ်ကားဟာ လင်းလင်းက ဒါရိုက်တာအနေနဲ့ ရိုက်ကူးတဲ့ ဒုတိယဇာတ်ကားဖြစ်ပြီး ပထမဆုံးရိုက်ကူးထားတဲ့ စမှတ် ရုပ်ရှင်ကလည်း နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေကနေ ဆုတွေရထားပါတယ်။ LuduNwayOoဩဂုတ် 19, 2023
သတင်း ယင်းမာပင်တွင် ပြည်သူ၈ ဦးကိုသတ်ခဲ့သောစစ်ကောင်စီစစ်ကြောင်း ကနီသို့ ရောက်လာရာ PDF များက ၂ ရက်ဆက်တိုက်ခိုက် မြေပြင်၌ အထိနာသည့် စစ်ကောင်စီစစ်ကြောင်းသည် နွားခြံကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့သလို မုံရွာမြို့ အခြေစိုက်နမခ မှလည်း လက်နက်ကြီးပစ်ကူ ပေးကာ စစ်ကူခဲ့သည်ဟု ဒေသခံများကပြောသည်။ LuduNwayOoဩဂုတ် 18, 2023
သတင်း ခင်ဦးမြို့တွင် စစ်ကောင်စီတပ်က အမွှာကလေးငယ်အပါအဝင် နှစ်ဦးပစ်သတ်ပြီး မိခင်နှင့်ကျန်ကလေးငယ်ကို ဖမ်းဆီး စစ်ကောင်စီတပ်သည် ကလေးမိခင်မသီတာဦးနှင့်အတူ အသက်ရှင်ကျန်ခဲ့သည့် အမွှာကလေးငယ်တစ်ဦးအပါအဝင် အိမ်နီးချင်းအမျိုးသားတစ်ဦးပါ ဖမ်းဆီးသွားကြောင်း၊ သေဆုံးကလေးငယ်၏ ရုပ်အလောင်းကိုလည်း ယူဆောင်သွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ LuduNwayOoဩဂုတ် 18, 2023
သတင်း ရန်ကုန်မြို့အပါအဝင် တစ်နိုင်ငံလုံး လျှပ်စစ်မီးဖြန့်ဝေမှု စစ်ကောင်စီကထပ်မံလျှော့ချမည်ဟုဆို လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ပြတ်တောက်မှုနှင့် ရင် ဆိုင်နေရခြင်းနှင့်အတူ တစ်နိုင်တစ်ပိုင် အိမ်သုံးဓာတ်အားပေး တပ်ဆင်မှုများမှာလည်း နှစ်ဆခန့်စျေးမြင့်တက်နေသည်ဟု ရန်ကုန်မြို့နေပြည်သူတစ်ဦးက အသိပေးသည်။ LuduNwayOoဩဂုတ် 18, 2023
သတင်း လတ်ခတ်တောင် စစ်ကောင်စီတိုက်လေယာဉ်ဖြင့်ဗုံးကြဲရာ ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီး တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် လက်ခတ်တောင်ကို စစ်ကောင်စီက အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ အထိနာခဲ့ရာ ယနေ့တွင်လည်း ထပ်မံ၍ လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoဩဂုတ် 18, 2023