သတင်း သင်္ကြန်အကျနေ့မှာ စစ်တပ်က ဆားလင်းကြီးမြို့နယ်ကို လေကြောင်းတိုက်ခိုက်လို့ ထန်းသမားတစ်ဦး သေဆုံး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။ LuduNwayOoဧပြီ 15, 2026
သတင်း လူထုအာဏာမတရားရယူထားတဲ့ စစ်ရာဇဝတ်သားမင်းအောင်လှိုင် တပ်ရင်းမှူးဘ၀ ဦးဆောင်ခဲ့တဲ့ စခန်းသိမ်းရဟု KNU ထုတ်ပြန် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ယခုအခါအရပ်ဖက်အစိုးရအသွင်သစ်ဖြင့် ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခဲ့တဲ့ စစ်ရာဇဝတ်သားမင်းအောင်လှိင် တပ်ရင်းမှူးအဆင့် ရာထူးရှိချိန်က ဦးဆောင်ခဲ့တဲ့ ဘီးလင်းမြို့နယ် လေးကေတပ်စခန်းကို သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 15, 2026
သတင်း ဖားကန့် မရှီကထောင်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးသတ်ဖြတ်ပြီး ရုပ်အလောင်းတွေ လမ်းဘေးစွန့်ပစ်သွား ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။ LuduNwayOoဧပြီ 15, 2026
သတင်း မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေ၊ စစ်တပ်က အင်အားဖြည့်တင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ LuduNwayOoဧပြီ 15, 2026
သတင်း မြောက်ဒဂုံမှာ သင်္ကြန်ရေပက်ခံကားတိမ်းမှောက်၊ ၇ဦး ဒဏ်ရာရ ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ သင်္ကြန်ရေပက်ခံကားတစ်စီး တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးရှိတယ်လို့ Yangon Rescue Organization (YRO)က အသိပေးထားပါတယ်။ LuduNwayOoဧပြီ 15, 2026
သတင်း မြစ်ဆုံစီမံကိန်းပြန်စဖို့ တရုတ်အစိုးရကုမ္ပဏီနဲ့ စစ်တပ်စွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီ China Southern Power Gridနဲ့ စစ်တပ်ရဲ့စွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။ LuduNwayOoဧပြီ 15, 2026
သတင်း လေးမျက်နှာမြို့နယ်မှာ AAနဲ့ စစ်တပ် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းက ဗုံးကြဲနေ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။ LuduNwayOoဧပြီ 15, 2026
သတင်း ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေပါဝင်ကြတဲ့ Blue Shirt ကမ်ပိန်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်ရွယ်တဲ့ Blue Shirt ကမ်ပိန်းမှာ ပြည်သူတွေနဲ့အတူ မြေပြင်တော်လှန်ရေးအဖွဲ့တွေလည်း ပါဝင်နေကြပါတယ်။ LuduNwayOoဧပြီ 15, 2026
သတင်း ကြယ်ပြောင်းစခန်းသိမ်းတိုက်ပွဲ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ ကရင်ပြည်နယ်၊ မယ်သဝေါ ဒေသက စစ်ကောင်စီတပ်ရဲ့ ကြယ်ပြောင်ခြေကုတ်စခန်းကုန်းသိမ်းတိုက်ပွဲမှာ KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ကျောင်းသားတပ်မတော်(ABSDF)က ဒီနေ့ (ဧပြီ ၁၄ ရက်မှာ) အသိပေးထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 15, 2026
သတင်း ဖလမ်းမြို့စစ်တပ်ပြန်မရရေး တွန်းလှန်နေရတဲ့ အဆုံးအဖြတ်ကာလဟု CNDFပြော ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တဲ့ အောင်ပွဲကို ထိန်းသိမ်းရုံသာမက ဖလမ်းမြို့ကို ရန်သူလက်ထံပြန်မရောက်ရေး မဟာမိတ်များနဲ့အတူ လက်တွဲကာ ကြံ့ကြံ့ခံ တွန်းလှန်နေရသော အဆုံးအဖြတ် ကာလ ဖြစ်ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က အသိပေး ထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 15, 2026