Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒိုဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ကိုထောင်ဒဏ်နှစ်နှစ်ထပ် တိုး

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးစေခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကိုထောင်ဒဏ်ငါးနှစ်ချထားရာကနေနောက် ထပ်နှစ်နှစ်ထပ်တိုး လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ငလျင်ကြောင့်ပြိုကျပျက်စီးသွားတဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကိုတွေ့ရပုံ။ဓာတ်ပုံ - မီးသတ်

ဇူလိုင် – ၁၆ ၊၂၀၂၆ /People’s Spring

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးစေခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကိုထောင်ဒဏ်ငါးနှစ်ချထားရာကနေနောက် ထပ်နှစ်နှစ်ထပ်တိုး လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ဦးနိုင်ထွန်းလင်းကိုပြီးခဲ့တဲ့ဇွန်လ၂၃ ရက်မှာအောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ ထောင်ဒဏ်ငါးနှစ်ချမှထားတာပါ။

အဲဒိီအမိန့်အပေါ်မှာတရားလိုနဲ့ တရားခံတို့က အောင်မြေသာစံခရိုင်တရားရုံးမှာ ပြင်ဆင်မှုနဲ့ အယူခံမှုတွေ တက်ခဲ့ကြပြီးနောက် ထောင်ဒဏ် နှစ်နှစ်ထပ်တိုးချတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“တရားခံဖက်တင်ပြတဲ့ အယူခံအမှုကို ပလပ်ပြီးတော့ တရားလိုဖက်ကတင်တဲ့အမှုကိုလက်ခံအမိန့်ချလိုက်တဲ့သဘောပါ”လို့ တရားရုံးနဲ့နီးစပ်သူကပြောပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကို အာဏာသိမ်းစစ်တပ် ရဲ့ ပြည်ထဲရေးဝန်ကြီးလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) အမှုဖွင့်ပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) ဆိုတာမဆင်မခြင်ဒါမှမဟုတ် ပေါ့ဆတဲ့လုပ်ရပ်ကြောင့် လူသေစေခဲ့ရင် ထောင်ဒဏ် ခုနှစ်နှစ်အထိ ချနိုင်သလို လူသေဆုံးနိုင်တာကိုသိလျက်နဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်တဲ့ပုဒ်မပါ။

မန္တလေးမြို့ လမ်း ၆၀ ၊၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး လေးလုံး နဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်မှာ ငလျင်လှုပ်ခတ်ချိန်အဆောက်အဦးသုံးလုံးပြိုကျသွားခဲ့တာပါ။

Sky Villa ကွန်ဒိုပြိုကျမှုမှာရုပ်အလောင်း ၂၀၇ လောင်းတွေ့ခဲ့ရပြီး အသက် ရှင်လျက်ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မီးသတ်ကထုတ်ပြန်ထားပါတယ်။

ကုမ္ပဏီကထောက်ပံ့ကြေးအနေနဲ့ သေဆုံးသူတစ်ဦးကို ကျပ်သိန်းတစ်ရာနှုန်းထောက်ပံ့ကြေးအဖြစ်ပေးပေမယ့်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကကျေနပ်မှုမရှိခဲ့ကြပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း မြို့နယ်အချို့မှာ ယခုရက်ပိုင်းအတွင်း ငလျင်မကြာခဏလှုပ်နေပြီး ဒီနေ့ ဇူလိုင် ၁၂ရက် မနက်ပိုင်းမှာ စဉ့်ကူးမြို့အနီး ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့်ငလျင် လှုပ်သွားပါတယ်။