Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒိုဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ကိုထောင်ဒဏ်နှစ်နှစ်ထပ် တိုး

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးစေခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကိုထောင်ဒဏ်ငါးနှစ်ချထားရာကနေနောက် ထပ်နှစ်နှစ်ထပ်တိုး လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ငလျင်ကြောင့်ပြိုကျပျက်စီးသွားတဲ့ Sky Villa ကွန်ဒိုအဆောက်အဦးကိုတွေ့ရပုံ။ဓာတ်ပုံ - မီးသတ်

ဇူလိုင် – ၁၆ ၊၂၀၂၆ /People’s Spring

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးစေခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကိုထောင်ဒဏ်ငါးနှစ်ချထားရာကနေနောက် ထပ်နှစ်နှစ်ထပ်တိုး လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

ဦးနိုင်ထွန်းလင်းကိုပြီးခဲ့တဲ့ဇွန်လ၂၃ ရက်မှာအောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) နဲ့ ထောင်ဒဏ်ငါးနှစ်ချမှထားတာပါ။

အဲဒိီအမိန့်အပေါ်မှာတရားလိုနဲ့ တရားခံတို့က အောင်မြေသာစံခရိုင်တရားရုံးမှာ ပြင်ဆင်မှုနဲ့ အယူခံမှုတွေ တက်ခဲ့ကြပြီးနောက် ထောင်ဒဏ် နှစ်နှစ်ထပ်တိုးချတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“တရားခံဖက်တင်ပြတဲ့ အယူခံအမှုကို ပလပ်ပြီးတော့ တရားလိုဖက်ကတင်တဲ့အမှုကိုလက်ခံအမိန့်ချလိုက်တဲ့သဘောပါ”လို့ တရားရုံးနဲ့နီးစပ်သူကပြောပါတယ်။

ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကို အာဏာသိမ်းစစ်တပ် ရဲ့ ပြည်ထဲရေးဝန်ကြီးလက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖမ်းဆီးပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) အမှုဖွင့်ပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) ဆိုတာမဆင်မခြင်ဒါမှမဟုတ် ပေါ့ဆတဲ့လုပ်ရပ်ကြောင့် လူသေစေခဲ့ရင် ထောင်ဒဏ် ခုနှစ်နှစ်အထိ ချနိုင်သလို လူသေဆုံးနိုင်တာကိုသိလျက်နဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်တဲ့ပုဒ်မပါ။

မန္တလေးမြို့ လမ်း ၆၀ ၊၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး လေးလုံး နဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်မှာ ငလျင်လှုပ်ခတ်ချိန်အဆောက်အဦးသုံးလုံးပြိုကျသွားခဲ့တာပါ။

Sky Villa ကွန်ဒိုပြိုကျမှုမှာရုပ်အလောင်း ၂၀၇ လောင်းတွေ့ခဲ့ရပြီး အသက် ရှင်လျက်ကယ်ထုတ်နိုင်သူ ၅၂ ဦးရှိတယ်လို့ မီးသတ်ကထုတ်ပြန်ထားပါတယ်။

ကုမ္ပဏီကထောက်ပံ့ကြေးအနေနဲ့ သေဆုံးသူတစ်ဦးကို ကျပ်သိန်းတစ်ရာနှုန်းထောက်ပံ့ကြေးအဖြစ်ပေးပေမယ့်သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကကျေနပ်မှုမရှိခဲ့ကြပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ လူငယ် ၁ဦးကို လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က ဓါးတွေနဲ့ဝိုင်းခုတ်ပြီး ဆိုင်ကယ်လုယက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့အနီးကို ဗဟိုပြုပြီး အင်အား ၄.၃ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တရုတ်ထိန်းချုပ်ထားရာ တိဘက်ဒေသမှာ အင်အားပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

အညာမြို့ကြီးဖြစ်တဲ့ မန္တလေးမြို့ဟာ နဂိုကတည်းကမှ ပူလွန်းတဲ့မြို့ပါ။ အခု အယ်လ်နီညိုကြောင့် အပူပေါ် အပူထပ်ဆင့်နေချိန် အာဏာသိမ်းစစ်ကောင်စီရဲ့ လျှပ်စစ်မီး ဖြတ်တောက်မှုကြောင့် ဘူးလေးရာ ဖရုံဆင့်နေပါပြီ။

Facebook