ဇူလိုင် ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်နဲ့ အပြင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွးမှုတွေရှိတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်က ပြောပါတယ်။
ဇူလိုင် ၁၃ရက် SSPP ရဲ့ ကြေညာချက်မှာ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူ့ လုံခြုံမှု ရှိစေရေး ဆက်စပ်ပတ်သက်တဲ့ အဖွဲ့အစည်းတို့နဲ့ ထိတွေ့ဆက်ဆံညှိနှိုင်းကာ ပြည်ထောင်စုတွင်းပကတိ ဖြစ်နေတဲ့ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာ ဖြေရှင်းမယ်လို့ဖော်ပြထားတဲ့အပေါ် အခုလို ပြောပြခဲ့တာပါ။
ကြေညာချက်မှာပါတဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုရာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ် အားလုံးကို ဆိုလိုတာလားဟုမေးမြန်းရာ ဒုဗိုလ်မှူးကြီးစိုင်းဖုန်းဟန်က အလုံးစုံသော အဖွဲ့အစည်းတွေကို ပြောဆိုတာလို့ အသိပေးပါတယ်။

Public Service Announcement
လက်ရှိမှာလည်း တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတာရှိကြောင်းလည်း ပြောပါတယ်။
တော်လှန်ရေးတပ်တွေနဲ့ ဆွေးနွေးရာမှာ ဘယ်အဖွဲ့တွေနဲ့ ဆွေးနွေးတယ်ဆိုတာ ရှင်းပြဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်တွေနဲ့ဆွေးနွေးဖို့ သဘောထားရှိမရှိ မေးမြန်းမှုအပေါ် အခုလို ဖြေကြားတာပါ။
” ဒါပေမဲ့ အဖွဲ့အစည်းနာမည်က ထုတ်ပြောဖို့ မသင့်လို့ပါ” လို့ ဒုဗိုလ်မှူးကြီးစိုင်းဖုန်းဟန်က ပြောပါတယ်။
SSPPဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲကြီးကြီးမားမားမရှိဘဲ ပြီးခဲ့တဲ့ စစ်အုပ်စုနဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့တာရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ စစ်တပ်ရဲ့ ကိုယ်စားလှယ်နဲ့ SSPP တို့အကြား နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။


















































