သတင်း ပြည်သူ့ရဲတပ်ဖွဲ့နှင့် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မည် စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊လူအခွင့်အရေး ချိုးဖောက်မှုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒုစရိုက်မှုများကို တားဆီးနှိမ်နင်းရန် ပြည်သူ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဟုNUGက ထုတ်ပြန်ထားသည်။ LuduNwayOoမတ် 31, 2023
သတင်း ရွှေကူနယ် မံဝိန်းရွာကို လေကြောင်းတိုက်ခိုက်ခြင်း၊ စစ်ကြောင်းများ ဝင်ရောက်မီးရှို့ခြင်းကြောင့် နေအိမ် ၁၀၀ကျော် မီးလောင်ပြာကျ ယမန်နေ့ (မတ်လ ၃၀ရက်( နေ့လည်ပိုင်းက မံဝိန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ နေအိမ် နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးကူးစက်မှုများ ရှိခဲ့သည်ဟု ဖော်ပြသည်။ LuduNwayOoမတ် 31, 2023
သတင်း ကရင်နီပြည်တွင် စစ်ကောင်စီ၏ခလရ (၂၈၇)တပ်ကိုကရင်နီပူးပေါင်းတပ်တိုက်ခိုက် ၂၀ ဦးထက်မနည်းသေ မြေပြင်စစ်ရေးသတင်းများအရ ထိုးစစ်ဆင်ရန် စကခ - ၂ လက် အောက်ခံအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) မှ တပ်ရင်းများအပါအဝင် တပ်မ (၅၅ ၊၆၆၊ ၇၇၊ ၉၉) နှင့် (၂၂)မှ အင်အား ၂,၀၀၀ ထက်မနည်း ကရင်နီစစ်ဆင်ရေးအတွက် စေလွှတ်ထားသည်။ LuduNwayOoမတ် 31, 2023
သတင်း နွေဦးတော်လှန်ရေးသည် အုပ်စုအကျိုးစီးပွားအတွက်မဟုတ်ဘဲ လူထုလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေခြင်းဟု နားလည်ထားရန် ယာယီသမ္မတပြော ယနေ့ (မတ်လ ၃၁ရက်)ကျရောက်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂)နှစ်ပြည့် အခမ်းအနားတွင် ယာယီသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းပြောကြားခဲ့ရာအထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 31, 2023
သတင်း လေကြောင်းကာကွယ်ရေးစီမံကိန်းမှရသည့် ကန်ဒေါ်လာ ၂သန်းကျော်အနက် ဒေါ်လာ ၈သိန်းကို တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက်သုံးစွဲဟု NUG အသိပေး အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်များတွင် အတတ်ပညာ၊ အသိပညာ၊ ငွေကြေးအားဖြင့် ပါဝင်ကူညီအားဖြည့်ပေးနေကြသူ တစ်ဦးချင်းစီတိုင်း၏ ကြိုးစားအားထုတ်မှုများကို လေးစားစွာဖြင့် အသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။ LuduNwayOoမတ် 31, 2023
သတင်း စဥ့်ကူးနယ်တွင် စစ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်စီးထိဟု PDFပြော မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးရှိ ခူလယ်ကျေးရွာ ဝင်ရောက်ကာ နောက်တစ်ကြိမ်ထပ်ဖြစ်ပါက ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ LuduNwayOoမတ် 31, 2023
သတင်း NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ဖျက်သိမ်းမှုကို အမေရိကန် ပြင်းထန်စွာရှုတ်ချ အာဏာရှင်အဖွဲ့အစည်း၏ ပြစ်ချက်များစွာပြည့်နှက်နေသည့် ရွေးကောက်ပွဲသည် ကျင်းပဖြစ်ခဲ့မည်ဆိုပါကလည်း မြန်မာနိုင်ငံတွင်းမှ မဲဆန္ဒရှင်များ၏ ဆန္ဒကို ကိုယ်စားပြုလိမ့်မည် မဟုတ်ကြောင်း ယခုလုပ်ရပ်က ထပ်လောင်းဖော်ပြကြောင်း ဝန်ကြီးဘလင်ကန်က ထုတ်ပြန်သည်။ LuduNwayOoမတ် 31, 2023
သတင်း မိုးညှင်းလွှတ်တော်အမတ်ဒေါ်သက်ထားနှောင်း ထောင်ဒဏ် ၁၁ နှစ်ချခံရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)မှလွှတ်တော်ကိုယ်စားလှယ်ဖြစ်သောဒေါ်သက်ထားနှောင်းကို မြစ်ကြီးနားအကျဉ်းထောင်တရားရုံးတွင်ပုဒ်မ ၅၀(ည)ဖြင့်ထောင် ၁၁နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။ LuduNwayOoမတ် 31, 2023
သတင်း ခွာဖိုရွာ လေကြောင်းတိုက်ခိုက်မှု အရပ်သားပြည်သူအပေါ် အကြမ်းဖက်ရန်ဝန်မလေးကြောင်း စစ်ကောင်စီ ထပ်တလဲလဲဖော်ပြမှုဟု ICNCC ထုတ်ပြန် ယမန်နေ့ (မတ်လ ၃၀ရက်)နံနက်ပိုင်းက ခွာဖိုရွာကို အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အသက် (၆)နှစ်နှင့် (၉)နှစ်အရွယ် ကလေးသူငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ၈ဦး သေဆုံးခဲ့သည်။ သေဆုံးသူ ၈ဦးတွင် အမျိုးသမီး ၅ဦး ပါဝင်သည်။ LuduNwayOoမတ် 31, 2023
သတင်း ယင်းမာပင်နယ်တွင် PDFများအား လော်စပီကာဖြင့်အော်စိန်ခေါ်သည့် ပျူရွာကို PDFအဖွဲ့ ၄၀ခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ယမန်နေ့ (မတ်လ ၃၀ရက်) နံနက် ၂နာရီဝန်းကျင်က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာရှိ စစ်ကောင်စီတပ်သားနှင့်ပျူများကို ယင်းမာပင်-ဆားလင်းကြီးနယ်ရှိ လက်နက်ကြီး မဟာမိတ်တပ်ပေါင်းစု အဖွဲ့များက တာဝေးပစ် လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 31, 2023