Connect with us

Hi, what are you looking for?

သတင်း

ထုံခါ – မောတောင်လမ်းပိုင်းတွင် လေးရက်ဆက်တိုက်ပွဲဖြစ်

ဇူလိုင် ၁၅ ရက်ကစပြီး ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းအတိုင်း အင်အား ၇၀ ကျော်ဖြင့်ရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်များကြား ယင်းနေ့ကစပြီး ယနေ့(ဇူလိုင် ၁၈)အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

(မြိတ်ခရိုင် ရင်း(၂)နှင့် PDF ပူးပေါင်းတပ်များအား တနင်္သာရီမြို့နယ်အတွင်း တွေ့ရစဥ်။ဓာတ်ပုံ - ပေးပို့)
(မြိတ်ခရိုင် ရင်း(၂)နှင့် PDF ပူးပေါင်းတပ်များအား တနင်္သာရီမြို့နယ်အတွင်း တွေ့ရစဥ်။ဓာတ်ပုံ - ပေးပို့)

စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဟု ဆို

တနင်္သာရီမြို့နယ် ထုံခါ – မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် PDFပူးပေါင်းတပ်များ လေးရက်စက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

ဇူလိုင် ၁၅ ရက်ကစပြီး ထုံခါ – မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းအတိုင်း အင်အား ၇၀ ကျော်ဖြင့်ရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်များကြား ယင်းနေ့ကစပြီး ယနေ့(ဇူလိုင် ၁၈)အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

ထိတွေ့တိုက်ပွဲများသည် သိန်ခွန်းနှင့် ချောင်းညီအစ် ကို(ချောက်နှစ်ပေါက်)ရွာများကြားတွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး လေးရက်အတွင်း (၆)ကြိမ်ခန့်ထိတွေ့မှုဖြစ်ကာ စစ်ကောင်စီဘက်မှ ၁၀ဦးထက်မနည်းသေဆုံးနိုင်ကြောင်း မြေပြင်တွင်ရှိနေသည့် မြိတ်ခရိုင် ရင်း(၂)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“ထိတွေ့မှုတွေအတွင်းမှာ ဒီကောင်တွေဘက်က ထိ ခိုက်သေဆုံးမှုရှိတယ်ဗျ။ ခန့်မှန်း (၁၀)သာသာလောက်တော့ရှိမယ်”ဟု ၎င်းတာဝန်ရှိသူက ပြော သည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် ကားသုံးစီးဖြင့်ရောက်လာပြီး လက်နက်နှင့် ရိက္ခာများပါ အများအပြားတင်ဆောင်၍ ချောင်းညီအစ်ကိုအနီးတွင် အထိုင်ချထားပြီး အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံပြည်သူအများအပြား ထွက်ပြေးနေကြရကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဘေးလွတ်ရာထွက်ပြေးနေကြရသော ဒေသခံ ပြည်သူများ၏ နေအိမ်များကိုဖောက်ထွင်းခြင်း၊ တန်ဖိုးရှိပစ္စည်းများခိုးယူခြင်းများရှိနေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

အထက်ပါ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းတွင် စစ်ရေးပြင်းထန်လာနိုင်သောကြောင့် ယင်းလမ်းပိုင်းအား ယာယီသွားလာခွင့်ပိတ်လိုက်ကြောင်း တနင်္သာရီ(ပကဖ)အပါအဝင် ဒေသအခြေ စိုက် တော်လှန်ရေးတပ်ဖွဲ့များက ဇူလိုင် ၁၆ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း