Connect with us

Hi, what are you looking for?

သတင်း

ကုလလူ့အခွင့်အရေးကောင်စီ၏ ရိုဟင်ဂျာများနှင့် လူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာဆုံးဖြတ်ချက်ကို NUG ကြိုဆို

၅၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သည့် အထက်ပါဆုံးဖြတ်ချက်ကို ကြိုဆိုသော်လည်း လိုအပ်ချက်၊ အားနည်းချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထောက်ပြခဲ့သည်။

(ဘင်္ဂလားဒေ့ရှ်နိုင်ငံ​ရောက်ရှိ​နေ​သော ရိုဟင်ဂျာက​လေးငယ်အချို့ ၂၀၂၂ ခုနှစ်ကဆန္ဒထုတ်​ဖော်​နေစဥ်။ဓါတ်ပုံ-ရိုက်တာ)
(ဘင်္ဂလားဒေ့ရှ်နိုင်ငံ​ရောက်ရှိ​နေ​သော ရိုဟင်ဂျာက​လေးငယ်အချို့ ၂၀၂၂ ခုနှစ်ကဆန္ဒထုတ်​ဖော်​နေစဥ်။ဓါတ်ပုံ-ရိုက်တာ)

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သော ရိုဟင်ဂျာများနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။

၅၃ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သည့် အထက်ပါဆုံးဖြတ်ချက်ကို ကြိုဆိုသော်လည်း လိုအပ်ချက်၊ အားနည်းချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထောက်ပြခဲ့သည်။

ပထမဆုံးတွင် NUG သည် ရိုဟင်ဂျာလူမျိုးများကို မြန်မာနိုင်ငံ၏ အရေးပါသောလူသားအရင်းအမြစ် အဖြစ်သာမက နိုင်ငံသားအဖြစ်ပါ အသိအမှတ်ပြုလက်ခံကြောင်း ပြောသည်။

ကောင်စီ၏ ဆုံးဖြတ်ချက်သည် ကောင်းမွန်သော တိုးတက်ပြောင်းလဲမှုဖြစ်သော်လည်း ရိုဟင်ဂျာလူမျိုးများနှင့် လူနည်းစုများအတွက် သိသာထင်ရှား၍ ထိရောက်စေသော အချက်အလက်များပါဝင်မှု အားနည်းနေသည်ကိုတွေ့ရှိရကြောင်းနှင့် ရိုဟင်ဂျာများအပါအဝင် လူနည်းစုများအပေါ် တရားမဝင် စစ်အာဏာရှင်များ၏ နှိပ်စက်ညှဉ်းပန်းမှုကို လုံလောက်စွာ ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်နေသည်ကိုတွေ့ရှိရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အာဏာရှင်များက ပိုမိုပြင်းထန်သောရက်စက်ကြမ်းကြုတ်မှုများအား ကျုးလွန်နေသည့်အပြင် နွေဦးတော်လှန်ရေးကို ပံ့ပိုးကူညီနေသည့် ထင်ရှားကျော်

ကြားသော ရိုဟင်ဂျာပုဂ္ဂိုလ်များနှင့် ၎င်းတို့၏ ဆွေမျိုးများအား ပစ်မှတ်ထားလက်စားချေမှုများတွင်ပါဝင်ပတ်သက်နေကြောင်းထင်ရှားစွာတွေ့ရှိရသည်ဟု ဆိုသည်။။

ထို့အပြင် အဓမ္မနေရပ်စွန့်ခွာရန် ဖိအားပေးခံရသော ရိုဟင်ဂျာများနှင့် ဘင်္ဂလားဒေ့ရှ်မှ အခြားလူနည်းစုများအားလုံးကို မြန်မာနိုင်ငံမှ ‘ချက်ချင်းစတင်ရန်လိုအပ်သော’ နေရပ်ပြန်ပို့ရေး ဟု ဆုံးဖြတ်ချက် တွင် ချမှတ်ထားရှိကာ အဆိုပါဆုံးဖြတ်ချက်သည် များစွာအန္တရာယ်ရှိနေသော အခြေအနေဖြစ်ကြောင်း NUG က ထောက်ပြသည်။

ဆုံးဖြတ်ချက်တွင် ပါဝင်သော ဆုံးဖြတ်ချက်အခြေအနေများသည် လက်ရှိအချိန်တွင် မရရှိနိုင်သေးဘဲ ရိုဟင်ဂျာဒုက္ခသည်များ ပြန်လာပါ စစ်အကြမ်းဖက်အုပ်စုထံမှ ‘၎င်းတို့၏ အသက်အန္တရာယ်နှင့် လွတ်မြောက်ရေး အန္တရာယ်များ’ အပေါ် ထပ်မံခြိမ်းခြောက်မှုများ ကြုံတွေ့ရနိုင်ကြောင်း NUG က ထုတ်ပြန်အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာများအပါအဝင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးလွတ်မြောက်လာသူများကို နေရပ်သို့ပြန် မပို့ခင်မှာ ရာဇဝတ်မှုများနဲ့ အကြမ်းဖက်မှုများ ရပ်တန့်ရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook