Connect with us

Hi, what are you looking for?

သတင်း

တစ်နိုင်ငံလုံး စစ်ရေးသတိ မပြတ်ရှိနေရမည့် အခြေအနေဟု ယာယီသမ္မတပြော

စစ်ကောင်စီက မြန်မာပြည်မြောက်ပိုင်းဒေသ၏ ဗဟိုဖြစ်သော ကချင်ပြည်နယ် ဧရိယာကိုစစ်အင်အား အလုံးအရင်းဖြင့် ဦးတည်ထိုးစစ်ဆင်နေခြင်းနှင့်ပတ်သက်ပြီး အစည်းအဝေး၌ ပြောကြားရာ၌ ယာယီသမ္မတက သတိပေးလိုက်ခြင်းဖြစ်သည်။

(အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ ပြီးခဲ့သည့်နှစ် မေလအတွင်းက PDF ရှေ့တန်းစခန်းတစ်ခုအား သွားရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ - NUG)
(အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ ပြီးခဲ့သည့်နှစ် မေလအတွင်းက PDF ရှေ့တန်းစခန်းတစ်ခုအား သွားရောက်စစ်ဆေးနေစဉ်။ ဓာတ်ပုံ - NUG)

“နေ့တိုင်း၊ အချိန်တိုင်း စစ်ရေးအရအရေးပေါ် အခြေအနေ ဖြစ်နေတယ်ဆိုတာကို သတိချပ်ဖို့ ပြောချင်ပါတယ်”

တစ်နိုင်ငံလုံးသည် စစ်ရေးသတိ မပြတ်ရှိနေရမည့်အခြေအနေဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလက ယမန်နေ့က ကျင်းပသည့် အစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားလိုက်သည်။

စစ်ကောင်စီက မြန်မာပြည်မြောက်ပိုင်းဒေသ၏ ဗဟိုဖြစ်သော ကချင်ပြည်နယ် ဧရိယာကိုစစ်အင်အား အလုံးအရင်းဖြင့် ဦးတည်ထိုးစစ်ဆင်နေခြင်းနှင့်ပတ်သက်ပြီး အစည်းအဝေး၌ ပြောကြားရာ၌ ယာယီသမ္မတက သတိပေးလိုက်ခြင်းဖြစ်သည်။

“စစ်ကောင်စီ အနေနဲ့ မြန်မာပြည်မြောက်ပိုင်းဒေသကို စစ်ရေးအရ၊ နိုင်ငံရေးအရ အရှိုက်ထိအောင် လုပ်ဆောင်ချင်တယ်လို့ ယူဆရပါတယ်။ တကယ်တော့ မြန်မာတစ်နိုင်ငံလုံးဟာ စစ်ရေးသတိ မပြတ်ရှိနေရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ နေ့တိုင်း၊အချိန်တိုင်း စစ်ရေးအရ အရေးပေါ် အခြေအနေ ဖြစ်နေတယ်ဆိုတာကို သတိချပ်ဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်က တတ်နိုင်တာတွေ ရှိသလို၊ မတတ်နိုင်တာတွေလည်း ရှိနေပါတယ်။ မဟာမိတ်အဖွဲ့တွေရဲ့ ခုခံတော်လှန်စစ်ကို ရနိုင်သမျှ အားဖြည့်ကူညီဖို့ အသင့်အနေအထားမှာ ရှိနေရမယ်လို့ ပြောချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီက ဦးစားပေးဖြိုခွင်းနိုင်မည့် နယ်မြေဧရိယာများ၌ စစ်ရေးပြင်ဆင်မှုများကို အချိန်နှင့်အမျှ တိုးတက်ကောင်းမွန်အောင် လုပ်နေရန် ဝိုင်းဝန်းကြိုးစားပေးရန် တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးအပေါ် အလုပ်သမားအင်အားစုများအပါအဝင် လူထု၊လူတန်းစားအားလုံးပါဝင်ပေါင်းစည်းနိုင်ရေးကို ရှေ့ရှုလုပ်ဆောင်ရန်လည်း ယာယီသမ္မတက မှာကြားသည်။

“ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးကို လူထုအားနဲ့လည်း လုပ်ဆောင်ရမှာ ဖြစ်သလို၊ နိုင်ငံရေးအားနဲ့လည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ အကျပ်အတည်းကို ကျော်လွှားနိုင်ရေး တော်လှန်ရေးအင်အားစုများအကြား နည်းမျိုးစုံ သွေးခွဲမှုများ၊ ပြည်သူများ အာရုံထွေပြားအောင် လုပ်ဆောင်ခြင်းများ၊ အကြောက်တရားများနှင့်ထိန်းနိုင်အောင် ရက်စက် ကြမ်းကြုတ် မှုများ ခပ်စိပ်စိပ် ဆောင်ရွက်လာမည်ဖြစ်သည်ဟုလည်း သတိပေးပြောကြားသည်။

“ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ သတင်းပဲ

ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုက ဖြစ်နိုင်၊ မဖြစ်နိုင် ပြောကြားခဲ့တယ်ဆိုတဲ့အကြောင်း အရာတွေက ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတဲ့ ကိစ္စတွေထက် ကျွန်တော့် အနေနဲ့ ကောက်ချက်ချလိုတာကတော့ ဒီကိစ္စဟာ စစ်ကောင်စီအတွက် စစ်ရေးမျက်နှာစာ၊ စီးပွားရေးမျက်နှာစာ၊ နိုင်ငံရေးမျက်နှာစာ အဘက်ဘက်က အကျပ်အတည်း ဖြစ်နေတာကို ပေါ်လွင်စေတဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ အကျပ်အတည်း ဆိုက်လာတာကြောင့် နည်းလမ်းမျိုးစုံစဉ်းစားပြီး ထွက်ပေါက်ရှာ နေတယ်လို့ ထင်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ယခုအချိန်တွင် တော်လှန်ရေး အင်အားစုတွေကြား စုစုစည်းစည်းနှင့်တော်လှန်ရေး၏အခြေအနေများကို မျက်ခြေမပြတ် အကောင်းဆုံး တုံ့ပြန်ဆောင်ရွက်သွားနိုင်ကြရန် များစွာ အရေးကြီးသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ဖွင့်ဆိုရှင်းပြ

ပထဝီနိုင်ငံရေးမှာ Choke Point ဆိုတာ ဘာကို ပြောတာလဲ အင်္ဂလိပ်လို "Choke" ဆိုတာ လည်ပင်းညှစ်တာ၊ အသက်ရှူလမ်းကြောင်း ပိတ်တာကို ဆိုလိုတာပါ။ မြန်မာစကားမှာရှိတဲ့ "ချုပ်ကွက်" ဆိုတာနဲ့ အခြေခံအဓိပ္ပာယ်ခြင်း အတူတူပါပဲ။ ရန်သူ ဒါမှမဟုတ် ပြိုင်ဘက်ကို ရုန်းမရအောင်၊ ရှေ့ဆက်တိုးမရအောင် ပိတ်ဆို့ထားတဲ့...