Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်တပ်က ပြည်သူလေးဦးအား သတ်ဖြတ်ပြီး ဧရာဝတီမြစ်အတွင်းမျှောချ

ဇူလိုင် ၁၄ရက်က မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာရှိ ဒေသခံ လက်သမားသုံးဦးနှင့် ရွာသားတစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မတ္တရာတွင် စစ်တပ်က ပြည်သူလေးဦးအား သတ်ဖြတ်ပြီး ဧရာဝတီမြစ်အတွင်းမျှောချ
မတ္တရာတွင် စစ်တပ်က ပြည်သူလေးဦးအား သတ်ဖြတ်ပြီး ဧရာဝတီမြစ်အတွင်းမျှောချ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူလေးဦးအား ဖမ်းဆီးသတ်ဖြတ်ပြီး မြစ်အတွင်းမျှောချအလောင်းဖျောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင် ၁၄ရက်က မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာရှိ ဒေသခံ လက်သမားသုံးဦးနှင့် ရွာသားတစ်ဦးအား စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ညောင်အုပ်ရွာ တောင်ပိုင်းမှာ နှိပ်စက်ညှင်းပန်း ရိုက်နှက်ခဲ့တာ နှစ်ဦးသေပြီး ရေထဲကိုချအလောင်းဖျောက်ခဲ့တယ်။ ကျန်အမျိုးသား နှစ်ဦးကိုလည်း နတ်ကြီးစင်ရွာဘုန်းကြီးကျောင်းထဲ ခေါ်ပြီး ၁၅ ရက်နေ့မှာသတ်ပြီး ရေထဲချ အလောင်းဖျောက်ခဲ့တယ်။”ဟု Wet Let Informational Network အဖွဲ့က ပြောသည်။

သတ်ဖြတ်ခံရသူ လေးဦးအနက် လက်သမား သုံးဦးမှာ စဉ့်ကူးမြို့နယ် ညောင်ဝန်းရွာမှ လာရောက်အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း၊ ၎င်းတို့ရုပ်အလောင်းများအား စစ်တပ်က ဧရာဝတီမြစ်အတွင်းသို့မျှောချခဲ့ပြီး ရုပ်အလောင်းများအား တွေ့ရှိခဲ့၍ ဒေသခံများက မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း Wet Let Informational Network အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ ထိတွေ့ပစ်ခတ်မှုများလည်း ဖြစ်ပွားနေပြီး ယမန်နေ့ (ဇူလိုင် ၁၈ ရက်) မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သည် အင်အား ၅၀ခန့်ဖြင့် မတ္တရာမြို့နယ်၊ ကင်းရွာနှင့် အောင်ချမ်းသာကျေးရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။