Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံဖွင့်ပွဲမစည်ကား

ဖွင့်ပွဲ ကျင်းပဖို့ ညနေ ၅ နာရီမှာစတင်နေရာယူကြပြီး ညနေ ၆ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပေမယ့် လာရောက်ကြည့်ရှုသူနည်းပါးတယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံဖွင့်ပွဲမစည်ကား
စစ်ကောင်စီပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံဖွင့်ပွဲမစည်ကား

ဒီနေ့ ညနေပိုင်းမှာ ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖွင့်ပွဲကို စစ်ကောင်စီက ဦးဆောင်ကျင်းပရာမှာ အာဏာမသိမ်းခင်နှစ်တွေကလို စည်းကားတာမရှိဘဲ ခြောက်ကပ်နေတယ်လို့ သိရပါတယ်။

ဖွင့်ပွဲ ကျင်းပဖို့ ညနေ ၅ နာရီမှာစတင်နေရာယူကြပြီး ညနေ ၆ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပေမယ့် လာရောက်ကြည့်ရှုသူနည်းပါးတယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံဖွင့်ပွဲမစည်ကား
စစ်ကောင်စီပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံဖွင့်ပွဲမစည်ကား

“အရင်က မီးပုံးပျံဖွင့်ပွဲဆို ညနေ ၄နာရီလောက်ကစတင်ပြီး လမ်းတွေပိတ်ပြီ” လို့အဲဒီပြင်ဦးလွင် မြို့ခံက ပြောပါတယ်။

Public Service Announcement
Public Service Announcement

ဒီနှစ်မှာတော့ မီးပုံးပျံဖွင့်ပွဲကျင်းပပေမယ့် ပုံမှန်နေ့တွေလို ပဲဖြစ်နေတယ်လို့ သိရပါတယ်။ မြို့ခံတွေလည်း မသွားကြဘူးလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက နိုင်ငံအတွင်း ပုံမှန်လည်ပတ်နေသယောင် ပြသနိုင်ဖို့ ပွဲတော် တွေကို အားထုတ်ကျင်းပခဲ့ပါတယ်။

စစ်ကောင်စီပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံဖွင့်ပွဲမစည်ကား
စစ်ကောင်စီပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံဖွင့်ပွဲမစည်ကား

ဒါပေမယ့် လူထုက ပူးပေါင်းပါဝင်တာမရှိလို့ စစ်ကောင်စီရဲ့ပွဲတော်တွေဟာ စည်စည်ကားကားဖြစ်တာမတွေ့ရပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။