Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင် စစ်ဆင်ရေး’အဖြစ် ပုသိမ်မြို့ရှိ စသုံးလုံးရုံးကို ဖောက်ခွဲတိုက်ခိုက်

ယနေ့(နိုဝင်ဘာ ၅)နေ့လယ် ၁၂ နာရီ မိနစ် ၂၀ခန့်က ပုသိမ်မြို့ မြတ်တိုစုပေါင်းရုံးလမ်းရှိ စသုံးလုံးရုံးအား PSTF နှင့် ကန်ကြီးထောင့်(ပကဖ)တို့ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

'နန်းထိုက်အောင် စစ်ဆင်ရေး'အဖြစ် ပုသိမ်မြို့ရှိ စသုံးလုံးရုံးကို ဖောက်ခွဲတိုက်ခိုက်
'နန်းထိုက်အောင် စစ်ဆင်ရေး'အဖြစ် ပုသိမ်မြို့ရှိ စသုံးလုံးရုံးကို ဖောက်ခွဲတိုက်ခိုက်

‘နန်းထိုက်အောင် စစ်ဆင်ရေး’အဖြစ် ပုသိမ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ အထူးစုံစမ်းစစ် ဆေးရေးဌာန(စသုံးလုံး)ရုံးကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့(PSTF)က ပြောသည်။

ယနေ့(နိုဝင်ဘာ ၅)နေ့လယ် ၁၂ နာရီ မိနစ် ၂၀ခန့်က ပုသိမ်မြို့ မြတ်တိုစုပေါင်းရုံးလမ်းရှိ စသုံးလုံးရုံးအား PSTF နှင့် ကန်ကြီးထောင့်(ပကဖ)တို့ ပူးပေါင်းပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ထိခိုက်မှုကတော့ အခုချိန်ထိ အတည်ပြုလို့မရသေးဘူး။ လုံခြုံရေးကြောင့် တိုက်ခိုက်မှုအပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်”ဟု ပုသိမ်မြို့ပြပြောက်ကျားတပ်(PSTF)မှ တိုက်ခိုက်ရေးတာဂန်ခံရဲဘော်က ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် စစ်ကောင်စီ​၏ စသုံးလုံးရုံးသည် ပုသိမ်မြို့ မြတ်တိုရုံးပေါင်းစုံလမ်း ခရိုင် မြို့နယ်တရားရုံးဘေး ၊ရဲစခန်းအရှေ့တွင် တည်ရှိပြီး စစ်ကောင်စီ၏ အဓိကထောက်တိုင်တစ်ခုလည်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

PSTF နှင့် တော်လှန်ရေးမဟာမိတ်များအနေဖြင့်ပုသိမ်မြို့၏စစ်ကောင်စီ ထောက်တိုင်များကို နေ့ ညခွဲခြား ခြင်းမပြုတော့ဘဲ ပြောက်ကျားနည်းဖြင့် တိုက် ခိုက်မည် ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စာများကို အထူးသတိပြု လိုက်နာကြရန် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၏ ရည်မှန်းချက်သည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တစ်ခုတည်းမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရန် ဖြစ်ကြောင်း ပြောသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။