Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးရိုးမ၌ ပြန်အခြေချရန် ဦးဆောင်ခဲ့သူ KNLA တပ်မှူးဟောင်း ဗိုလ်ကြီးစောသန်းလှ၏ပေးဆပ်မှုများအပေါ် ဦးညွှတ်အလေးပြုကြောင်း KNU ထုတ်ပြန်

ဗိုလ်ကြီးစောသန်းလှန်သည် ၁၉၈၃တွင် ပဲခူးရိုးမသို့ ပြန်လည်အခြေချရန် အတွက် ဗိုလ်မှူးစောမင်းသိမ်းဦးဆောင်သော KNU တပ်ဖွဲဝင်များနှင့်အတူ ပါဝင်ခဲ့ပြီး ဒုခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်ဟုဆိုသည်။

ပဲခူးရိုးမ၌ ပြန်အခြေချရန် ဦးဆောင်ခဲ့သူ KNLA တပ်မှူးဟောင်း ဗိုလ်ကြီးစောသန်းလှ၏ပေးဆပ်မှုများအပေါ် ဦးညွှတ်အလေးပြုကြောင်း KNU ထုတ်ပြန်
ပဲခူးရိုးမ၌ ပြန်အခြေချရန် ဦးဆောင်ခဲ့သူ KNLA တပ်မှူးဟောင်း ဗိုလ်ကြီးစောသန်းလှ၏ပေးဆပ်မှုများအပေါ် ဦးညွှတ်အလေးပြုကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဗိုလ်ကြီးဟောင်း စောသန်းလှသည် နိုဝင်ဘာ ၃ရက်တွင် ကွယ်လွန်သွားခြင်းနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ ထုတ်ပြန်ခဲ့ရာ ကရင်အမျိုးသားလွတ်မြောက်ရေးကရင်တော်လှန်ရေးအပေါ်တွင်တော်လှန်သစ္စာ ရှိရှိ အသက်ကုန်ဆုံးသည်အထိ ပေးဆပ်ခဲ့သော ရိုးမပြန် အာဇာနည်ခေါင်းဆောင်အား လေးစားစွာဖြင့် ဦးညွတ်အလေးပြုကြောင်း ဖော်ပြခဲ့သည်။

ဗိုလ်ကြီးစောသန်းလှန်သည် ၁၉၈၃တွင် ပဲခူးရိုးမသို့ ပြန်လည်အခြေချရန် အတွက် ဗိုလ်မှူးစောမင်းသိမ်းဦးဆောင်သော KNU တပ်ဖွဲဝင်များနှင့်အတူ ပါဝင်ခဲ့ပြီး ဒုခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်ဟုဆိုသည်။

ရန်သူ မဆလ စစ်တပ်က လိုက်လံရှာဖွေတိုက်ခိုက်ခဲ့၍ အဖွဲ့ခေါင်းဆောင် တိုက်ပွဲကျဆုံးခဲ့ရပြီး ဗိုလ်ကြီးစောသိန်းလှနှင့် တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရကာ အင်းစိန်ထောင်တွင် ထောင်တွင်းနှိပ်စက် ညှင်းပမ်းမှုများစွာခံခဲ့ရပြီး ထောင်တွင်းတရားစီရင်မှုဖြင့် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရကြောင်း ဖော်ပြသည်။

၁၉၈၈တွင် သေဒဏ်မှ ပယ်ဖျက်ကာထောင်တသက်လွတ်ရက်မရှိ ပြစ်ဒဏ်သို့ ချမှတ်ခံခဲ့ရပြီး ၂၀၀၆တွင်အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ကလွတ်မြောက်လာခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထောင်က လွတ်မြောက်လာပြီးနောက် ဗိုလ်ကြီးစောသန်းလှသည် ကရင်တော်လှန်ရေး နယ်မြေသို့ မနှေးအမြန် ရောက်ရှိလာခဲ့ကြောင်း၊ ဗိုလ်ကြီးစောသန်းလှသည် စကားနည်းသူတစ်ယောက်ဖြစ် သော်လည်း နိုင်ငံရေးအသိရှိသူဖြစ်ပြီး ကရင်တော်လှန်ရေးအပေါ် ခံယူချက်ခိုင်ခိုင်မှာ ရှိသူဖြစ်ကြောင်း ဖော်ပြထားသည်။

ဗိုလ်ကြီးစောသန်းလှသည် ကရင်အမျိုးသားတော်လှန်ရေးအပေါ်တွင် သစ္စာရှိမှု၊ တော်လှန်တိုက်ပွဲဝင် သည့်စိတ်ဓါတ် တို့ကြောင့် KNUက တော်လှန်ရေးတွင် စတင်ဝင်ရောက်ချိန်မှစ၍ အချိန်ပြည့်ပေးဆပ် တိုက်ပွဲဝင်သူ တာဝန်ထမ်းဆောင်သူအဖြစ် နှစ်(၆၀) ပြည့် ကရင်တော်လှန်ရေးအခမ်းအနားတွင် တော်လှန်ရေးနှစ်(၄၀) ပြည့်ဂုဏ်ပြုထူးချွန်ဆု ချီးမြှင့်ခဲ့သည်ဟု ဆိုသည်။

ကရင်တော်လှန်ရေးထဲသို့ စတင်ဝင်ရောက်ချိန်မှစ၍ အသက်ကုန်ဆုံးသည်အထိ ကရင်အမျိုးသားလွတ် မြောက်ရေးအတွက် ရဲဘော်ငယ်ဘဝမှသည် ဗိုလ်ကြီးအဆင့်အထိ တော်လှန်ရေးအခက်အခဲ မျိုးစုံကြားက ခံယူချက်ရှိရှိ စိတ်ခိုင်မာစွာဖြင့် အသက်ကို ပဓာနမထား ပေးအပ်လာသော တာဝန်ကို ငြင်းဆန်ခြင်းအလျဉ်းမရှိ ကြိုးစားတာဝန်ယူ ဆောင်ရွက်ပေးခဲ့သည့် သူ၏ ပေးဆပ်မှုကိုသော် လည်း ကောင်း ပဲခူးရိုးမပြန်လည်တည်ဆောက်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သည့် တိုက်ပွဲတွင် ရန်သူ၏ ဖမ်းဆီး ခံရသည့်အချိန်တွင်လည်း ရန်သူ၏သေဒဏ်ပေးခြင်းခံရမှုကိုသော်လည်းကောင်း ထောင်သွင်းအကျဉ်းချ နှိပ်ဆက်ညှင်းပမ်းမှုများကိုသော်လည်းကောင်း ဒူးထောက်အညံ့ခံခြင်းမရှိဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခံယူရဲသည့် သူ၏ ကရင့်တော်လှန်ရေးအပေါ်သစ္စာရှိမှု၊ ဂတိသစ္စည်တည်ကြည်မှု၊ ခံယူချက်သဘောတရားခိုင်မာမှု တို့သည် အနာဂတ်တော်လှန်ရေးတွင် ပခုံးပြောင်းတာဝန်ယူကြသည့် လူငယ်များအတွက် စံနမူယူစရာ အတုယူစရာ ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။