Connect with us

Hi, what are you looking for?

သတင်း

KNU သထုံခရိုင်အတွင်းတိုက်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး

ကျန်ရစ်သည့် ရဲဘော်ရဲဘက်များ အနေဖြင့်တန် ဖိုးကြီးမား‌သောဆုံးရှုံးမှုကို အင်အားအဖြစ်အသုံးချကာ တော်လှန်ရေးပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု HRSက ကတိပြုသည်။

KNU သထုံခရိုင်အတွင်းတိုက်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး
KNU သထုံခရိုင်အတွင်းတိုက်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး

ကရင်အမျိုးသားသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်း၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတစ်ခုတွင် ဒေသတွင်းတော်လှန်ရေးတပ် Hawk Revolutionary Squad-HRS မှတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကြောင်း HRSက အသိပေးသည်။

အသက် ၂၁နှစ်အရွယ် ရဲဘော်ထွန်းထွန်း(ခ)အထွန်း နှင့် အသက် ၂၉နှစ်အရွယ် ရဲဘော်ဝေဖြိုးဦးတို့သည် စစ်အာဏာရှင်စနစ်ဆိုးအား အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် လက်နက်စွဲကိုင်တော်လှန်တိုက်ပွဲဝင်ရင်း နိုဝင်ဘာ ၂ရက်တွင် ကျဆုံးခဲ့ကြောင်း HRSက ထုတ်ပြန်သည်။

“တိုက်ပွဲအပြီး အပြန်ရန်သူ့ဘက်က လက်နက် ကြီး ပစ်ခတ်ရာမှာ ကျသွားတာပါ။ မွန်ပြည်နယ် သထုံခရိုင် အတွင်းမှာပါ”ဟု HRS တာဝန်ရှိသူ တစ်ဦးက ပြောသည်။

HRS အနေဖြင့် သထုံခရိုင်အတွင်း အထူးသဖြင့် သထုံ၊ ကျိုက္ကော်နှင့် ဘီးလင်း ဒေသများ၌ လှုပ်ရှားတိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

KNU သထုံခရိုင်အတွင်းတိုက်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး
KNU သထုံခရိုင်အတွင်းတိုက်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး

“ညီအစ်ကိုရဲဘော်ရဲဘက်ကောင်းနှစ်ဦးအားဆုံးရှုံးခဲ့ရသည့်အတွက် မိမိတို့ရဲ‌ဘော်များ အနေဖြင့်လွန်စွာမှ ကြေကွဲဝမ်းနည်းကြရပါသည်။ ကျန်ရစ်သောရဲ‌ဘော်ရဲဘက်များ အနေဖြင့်ဤတန်ဖိုးကြီးမား‌ သောဆုံးရှုံးမှုကို အင်အားအဖြစ်အသုံးချကာ တော်လှန်ရေးပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်”ဟု HRSက ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် မိမိပေါ်ပေါ် မီးခဲကျမှ ပူသသည့်အခြေအနေမျိုး ဖြစ်မနေကြစေရန် တက်နိုင်သည့်ဘက်က တော်လှန်ရေးတွင် ပါဝင်ပေးစေလိုကြောင်း HRS တာဝန်ရှိသူက ပြောသည်။

“အချိန်ရှိတုန်းမှာ အားလုံး အားသွန်ခွန်စိုက်ဝိုင်းတွန်းစေချင်တယ်။ မဟုတ်ရင် အသက်တွေ မလိုအပ်ဘဲ ဆုံးရှုံးရတာတွေ ထပ်ပြီး အမြင်မခံစားချင်တော့လို့ပါ”ဟု HRS တာဝန်ရှိသူက ပြောသည်။

ကျန်ရစ်သည့် ရဲဘော်ရဲဘက်များ အနေဖြင့်တန် ဖိုးကြီးမား‌သောဆုံးရှုံးမှုကို အင်အားအဖြစ်အသုံးချကာ တော်လှန်ရေးပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု HRSက ကတိပြုသည်။

“သထုံ နဲ့ဘီးလင်းကြား ရန်ကုန် -မော်လမြိုင်အဝေးပြေးလမ်းမကြီး ပေါ်မှာ mission ပြီးအပြန် နောက်နေ့မှာ ရန်သူ့လက်နက်ကြီးထိပြီး ကျဆုံးသွားရတာပါ”ဟု HRS တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

KNU တပ်မဟာ(၁)နယ်မြေတွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး ယခုလဆန်းပိုင်းတွင်ကျိုက်ထိုမြို့မှတစ်ဆင့် ဘီးလင်းမြို့သို့ အကြမ်းဖက်စစ်ကောင်စီက စစ်ကား ခြောက်စီးထက်မနည်း အင်အားဖြည့်တင်းနေကြောင်း ဒေသခံသတင်း ရင်းမြစ် KTO က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook