Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU သထုံခရိုင်အတွင်းတိုက်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး

ကျန်ရစ်သည့် ရဲဘော်ရဲဘက်များ အနေဖြင့်တန် ဖိုးကြီးမား‌သောဆုံးရှုံးမှုကို အင်အားအဖြစ်အသုံးချကာ တော်လှန်ရေးပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု HRSက ကတိပြုသည်။

KNU သထုံခရိုင်အတွင်းတိုက်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး
KNU သထုံခရိုင်အတွင်းတိုက်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး

ကရင်အမျိုးသားသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်း၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတစ်ခုတွင် ဒေသတွင်းတော်လှန်ရေးတပ် Hawk Revolutionary Squad-HRS မှတပ်ဖွဲ့ဝင် နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံးခဲ့ကြောင်း HRSက အသိပေးသည်။

အသက် ၂၁နှစ်အရွယ် ရဲဘော်ထွန်းထွန်း(ခ)အထွန်း နှင့် အသက် ၂၉နှစ်အရွယ် ရဲဘော်ဝေဖြိုးဦးတို့သည် စစ်အာဏာရှင်စနစ်ဆိုးအား အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် လက်နက်စွဲကိုင်တော်လှန်တိုက်ပွဲဝင်ရင်း နိုဝင်ဘာ ၂ရက်တွင် ကျဆုံးခဲ့ကြောင်း HRSက ထုတ်ပြန်သည်။

“တိုက်ပွဲအပြီး အပြန်ရန်သူ့ဘက်က လက်နက် ကြီး ပစ်ခတ်ရာမှာ ကျသွားတာပါ။ မွန်ပြည်နယ် သထုံခရိုင် အတွင်းမှာပါ”ဟု HRS တာဝန်ရှိသူ တစ်ဦးက ပြောသည်။

HRS အနေဖြင့် သထုံခရိုင်အတွင်း အထူးသဖြင့် သထုံ၊ ကျိုက္ကော်နှင့် ဘီးလင်း ဒေသများ၌ လှုပ်ရှားတိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

KNU သထုံခရိုင်အတွင်းတိုက်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး
KNU သထုံခရိုင်အတွင်းတိုက်ပွဲ၌ HRSမှ တော်လှန်ရေးရဲဘော်နှစ်ဦး လက်နက်ကြီးထိမှန်ကျဆုံး

“ညီအစ်ကိုရဲဘော်ရဲဘက်ကောင်းနှစ်ဦးအားဆုံးရှုံးခဲ့ရသည့်အတွက် မိမိတို့ရဲ‌ဘော်များ အနေဖြင့်လွန်စွာမှ ကြေကွဲဝမ်းနည်းကြရပါသည်။ ကျန်ရစ်သောရဲ‌ဘော်ရဲဘက်များ အနေဖြင့်ဤတန်ဖိုးကြီးမား‌ သောဆုံးရှုံးမှုကို အင်အားအဖြစ်အသုံးချကာ တော်လှန်ရေးပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်”ဟု HRSက ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် မိမိပေါ်ပေါ် မီးခဲကျမှ ပူသသည့်အခြေအနေမျိုး ဖြစ်မနေကြစေရန် တက်နိုင်သည့်ဘက်က တော်လှန်ရေးတွင် ပါဝင်ပေးစေလိုကြောင်း HRS တာဝန်ရှိသူက ပြောသည်။

“အချိန်ရှိတုန်းမှာ အားလုံး အားသွန်ခွန်စိုက်ဝိုင်းတွန်းစေချင်တယ်။ မဟုတ်ရင် အသက်တွေ မလိုအပ်ဘဲ ဆုံးရှုံးရတာတွေ ထပ်ပြီး အမြင်မခံစားချင်တော့လို့ပါ”ဟု HRS တာဝန်ရှိသူက ပြောသည်။

ကျန်ရစ်သည့် ရဲဘော်ရဲဘက်များ အနေဖြင့်တန် ဖိုးကြီးမား‌သောဆုံးရှုံးမှုကို အင်အားအဖြစ်အသုံးချကာ တော်လှန်ရေးပြီးမြောက်အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု HRSက ကတိပြုသည်။

“သထုံ နဲ့ဘီးလင်းကြား ရန်ကုန် -မော်လမြိုင်အဝေးပြေးလမ်းမကြီး ပေါ်မှာ mission ပြီးအပြန် နောက်နေ့မှာ ရန်သူ့လက်နက်ကြီးထိပြီး ကျဆုံးသွားရတာပါ”ဟု HRS တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

KNU တပ်မဟာ(၁)နယ်မြေတွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး ယခုလဆန်းပိုင်းတွင်ကျိုက်ထိုမြို့မှတစ်ဆင့် ဘီးလင်းမြို့သို့ အကြမ်းဖက်စစ်ကောင်စီက စစ်ကား ခြောက်စီးထက်မနည်း အင်အားဖြည့်တင်းနေကြောင်း ဒေသခံသတင်း ရင်းမြစ် KTO က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။