Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် သာဂရရွာအနီးတိုက်ပွဲ ပြည်သူ့ရဲဘော် တစ်ဦးကျဆုံး

ယမန်နေ့ (နိုဝင်ဘာ ၄ ရက်) နံနက် ၇နာရီ ၂၀မိနစ် ခန့်က တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာအနီး၌ စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့များနှင့် ရွှေဘိုခရိုင်တပ်ရင်း (၂၅) TPC အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ကျဆုံးရဲဘော်၏ နာရေးအား တွေ့ရစဥ်၊ ဓာတ်ပုံ-TPC -Taze People's Comrades
ကျဆုံးရဲဘော်၏ နာရေးအား တွေ့ရစဥ်၊ ဓာတ်ပုံ-TPC -Taze People's Comrades

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲတွင် ပြည်သူ့ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၂၅) TPC -Taze People’s Comrades အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (နိုဝင်ဘာ ၄ ရက်) နံနက် ၇နာရီ ၂၀မိနစ် ခန့်က တန့်ဆည်မြို့နယ်၊ သာဂရကျေးရွာအနီး၌ စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့များနှင့် ရွှေဘိုခရိုင်တပ်ရင်း (၂၅) TPC အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့် ကြာမြင့်ခဲ့ပြီး TPCတပ်ရင်းမှ အသက် (၁၉)နှစ်အရွယ်ရဲဘော်ချစ်တိုးအောင်သည် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။

ကျဆုံးရဲဘော်၏ နာရေးအား တွေ့ရစဥ်၊ ဓာတ်ပုံ-TPC -Taze People's Comrades
ကျဆုံးရဲဘော်၏ နာရေးအား တွေ့ရစဥ်၊ ဓာတ်ပုံ-TPC -Taze People’s Comrades

ရဲဘော်သည်အသက်ကို ပထာနမထားဘဲရဲ့ဝံ့သတ္တိစွမ်းရည်အပြည့်ဖြင့် ပြောက်မြောက်စွာ တော်လှန်တိုက်ခိုက်ခဲ့သည့်အတွက်များစွာ ဂုဏ်ယူလေးစားပြီး အလေးပြုပါကြောင်း TPC -Taze People’s Comrades အဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကျန်ရှိနေကြသည့် ကျွန်ုပ်တို့ TPCတပ်ရင်း(၂၅) ရှိ ရဲဘော်များက စစ်အာဏာရှင် ပြုတ်မကျမချင်း ဆက်လက်ထမ်းဆောင်သွားပါမည်ဟု TPC -Taze People’s Comrades အဖွဲ့က သစွာအဓိဌာန်ပြုသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ TPC -Taze People’s Comrades အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ကျဆုံးရဲဘော်၏ နာရေးအား တွေ့ရစဥ်၊ ဓာတ်ပုံ-TPC -Taze People’s Comrades

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။